
လိပ်ဥ ၊ လိပ်သားစားရင် အနာကြီးရောဂါဖြစ်တတ်သလား?
လိပ်ဥ ၊ လိပ်သားစားရင် အနာကြီးရောဂါဖြစ်တတ်တယ်ဆိုတဲ့ အယူအဆဟာ မမှန်ပါ။ လိပ်ဥက ညှီပြီး လိပ်မှာ အကွက်တွေရှိနေတဲ့အတွက် လိပ်ဥ ၊ လိပ်သားစာရင် အနာကြီးရောဂါဖြစ်မယ်လို့ ရှေးမြန်မာတွေ ယူဆခဲ့ကြတာဖြစ်ပါတယ်။ ဒီအယူအဆဟာ မမှန်ဘဲ လိပ်ဥ ၊ လိပ်သားစားတိုင်း အနာကြီးရောဂါမဖြစ်ပါ။ အနာကြီးရောဂါဟာ အနာကြီးရောဂါရစေတဲ့ပိုးကြောင့် ဖြစ်လာတာပါ။ လိပ်ဥ ၊ လိပ်သားစားလို့ ဖြစ်လာတာမဟုတ်ပါ။