
မိခင်နို့ဟာ ကလေးတွေအတွက် ဘာကြောင့် အကောင်းဆုံးဖြစ်သလဲ?
မိခင်နို့ဟာ ကလေးတွေအတွက် ဘာကြောင့် အကောင်းဆုံးဖြစ်သလဲဆိုရင် မိခင်နို့ရည်ထဲမှာ ကလေးရဲ့ ဦးနှောက်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးတဲ့ DHA ပါဝင်နေလို့ဖြစ်ပါတယ်။ ဒီလိုဆိုရင် DHA ပါဝင်တဲ့ ကလေးသီးသန့်သောက်တဲ့ နို့မှုန့်ဝယ်တိုက်လို့ မရဘူးလားလို့ မေးနိုင်ပါတယ်။ မိခင်နို့ လုံးဝ မတိုက်နိုင်ဘူးဆိုရင်တော့ ကလေးကို အငတ်ထားလို့ မဖြစ်တာမို့ တိုက်ပါလို့ ဆိုရမှာဖြစ်ပါတယ်။