
ကလေးငိုနေရင် အမြန်ဆုံး အငိုတိတ်အောင် ဘာလုပ်ပေးသင့်သလဲ?
ကလေးငိုသံကြားတာနဲ့ မိခင်က အနားမှာရှိနေကြောင်း ချိုချိုသာသာ ချော့မော့အသံပြုပေးပါ။ ပွေ့ချီလိုက်ပါ။ နမ်းလိုက်ပါ။ လမ်းလျှောက်ချီထားရင်း လှုပ်ပေး ၊ မြှူပေး ၊ ချော့ပေးပါ။ အငိုတိတ်သွားရင် ဘာကြောင့်ငိုရသလဲ အဖြေရှာကြည့်ပါ။ ဘာအကြောင်းမှ မရှိဘဲငိုနေရင်ခဲ့ရင် နို့တိုက်ကြည့်ပါ။ နို့ဆာလို့ငိုရင် နို့စို့မှာပါ။ နို့လဲမစို့ဘူး ။ ဘာကြောင့်ငိုမှန်းလည်း မသိဘူးဆိုရင် ကလေးဟာ နေရထိုင်ရ မသက်မသာ ခံစားနေရလို့ပါ။