
ကိုယ်ဝန် ရက်သတ္တပတ်(၄)ပတ်နဲ့ (၇)ပတ်အတွင်းက ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ်လိုလဲ?
ကိုယ်ဝန်ဆောင်ကာလ (၄)ပတ်မှ (၇)ပတ်အတွင်းမှာ ဗိုက်ထဲက ကလေးဟာ ၂စင်တီမီတာ အရွယ်အစားဖြစ်လာပါပြီ။ ပြီးတော့ သူ့ရဲ့ နှလုံးသားပုံစံလေး စတင်ပေါ်လာပြီး နှလုံးစခုန်လာပြီပေါ့။ ဒါကို ဆရာဝန်တွေက စမ်းသပ်ပြီး အသိပေးပါလိမ့်မယ်။
ဒါဆိုရင်ဖြင့် “ဗိုက်ထဲကကလေးဟာ နှစ်လ ၊ သုံးလနဲ့ လူမဖြစ်သေးဘူး သွေးခဲအဆင့်ဘဲ ရှိသေးတယ်” လို့ အများပြော မမှန်တဲ့ အယူအဆတွေကို စွန့်လွှတ်သင့်ပြီလို့ ထင်ပါတယ်။