ကိုယ်ဝန်ဆောင်သည်တွေ ဘာကြောင့် နားနားနေနေ နေထိုင်သင့်သလဲ?

0

ကိုယ်ဝန်ဆောင်သည်တစ်ဦးဟာ အင်အားကို လျှော့သုံးပြီး တတ်နိုင်သမျှ အနားယူရမှာပါ။ အထူးသဖြင့် မွေးဖွားခါနီး တစ်လခွဲ နှစ်လအရွယ်ကစလို့ ကောင်းကောင်း အနားယူပေးရမှာဖြစ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိခင်ဟာ အစာအာဟာရတော့ ပြည့်ပြည့်ဝဝစားပါရဲ့ အနားယူရမယ့်အချိန်တွေကို အနားမယူဘဲ အိမ်စီးပွားရေးထွက်ရှာနေတာမျိုး ၊ တခြားအိမ်မှုကိစ္စ ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာမျိုးဆိုရင် အားကုန်မယ်။ ကုန်သွားတဲ့ အားအင်တွေအတွက် ထပ်ပြီး အစာအာဟာရဓါတ်ဖြည့်တင်းလို့ မစားသုံးရင်လည်း ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရဓါတ်လျော့နည်းလာနိုင်ပါတယ်

ကိုယ်ဝန်ဆောင်မိခင်မှာ အာဟာရဓါတ်လျော့ရင် မိခင်ရဲ့အာဟာရကို မှီခိုနေရတဲ့ ဗိုက်ထဲက ကလေးဟာလည်း အာဟာရဓါတ်လျော့လာပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့မိခင်တွေဟာ အလုပ်မလုပ်တဲ့မိခင်တွေထက် ပိုစားပေးရမှာပါ။

You might also like
Leave a comment