
ကိုယ်ဝန်ဆောင်သည်တွေ ဘယ်လောက်အထိ ကိုယ်အလေးချိန် တိုးလာတတ်သလဲ?
ကိုယ်ဝန်ဆောင်ပထမသုံးလတွင် အလေးချိန် ၁ပေါင်မှ လေးပေါင် တိုးလာတတ်ပြီး ကိုယ်ဝန်မွေးဖွားသည်အထိတွင်မူ ၂၅ပေါင်မှ ၃၅ပေါင်အထိ ကိုယ်အလေးချိန် တိုးလာတတ်သည်။
ထိုသို့ ကိုယ်အလေးချိန်တိုးလာခြင်းမှာ ဗိုက်အလေးချိန် ၊ ရင်သားအလေးချိန် ၊ ပေါင်အလေးချိန် စသည်တို့ တိုးလာခြင်းကြောင့်ဖြစ်သည်။
အထူးသဖြင့် သန္ဓေသားအလေးချိန် ၊ ရေမြွှာအတွင်းရှိ ရေအလေးချိန် ၊ သွေးအလေးချိန် ၊ သားအိမ်အလေးချိန် ၊ အချင်းအလေးချိန် ၊ အဆီအလေးချိန်နှင့် ကြွက်သားအလေးချိန်များ တိုးလာခြင်းကြောင့် ထိုသို့ ကိုယ်အလေးချိန် တိုးလာခြင်းဖြစ်သည်။