
ကိုယ်ဝန်ဆောင်သည်များ ကောင်းမွန်စွာအိပ်စက်ဖို့ ဘာကြောင့်လိုအပ်တယ်?
ကိုယ်ဝန်ဆောင်သည်များသည် ညအခါတွင် အိပ်စက်ချိန် (၇)နာရီမှ (၉)နာရီကြာ ကောင်းမွန်စွာ အိပ်စက်သင့်သည်။
ယင်းသို့ အိပ်စက်ရာတွင် သင်နှင့် သင့်ကလေးအတွက် သွေးလှည့်ပတ်မှု ကောင်းစေသော အနေအထားဖြစ်သည့် မိမိကိုယ်ကို ဘယ်ဘက်သို့ စောင်းအိပ်ပေးခြင်းသည် ကိုယ်ဝန်ဆောင်သည်တို့ ဖြစ်တတ်သော ကိုယ်ဖောရောင်ခြင်းအား လျော့ကျစေကြောင်း သိရသည်။
ဖြစ်နိုင်လျှင် မိမိအိပ်စက် အနားယူသည့်အခါတိုင်း ခေါင်းအုန်းတို့ကို ဗိုက်အောက်နှင့် ခြေနှစ်ချောင်းအကြား ထား၍အိပ်ပါက ပိုမို၍ နေရထိုင်ရ သက်သာအဆင်ပြေစေကြောင်း သိရသည်။