
ကိုယ်ဝန်ဆောင်မိခင်လောင်းများရဲ့ မိန်းမကိုယ်မှ အဖြူဆင်းခြင်းကို ဘယ်လိုလုပ်သင့်တယ်?
ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် ကိုယ်ဝန်လွယ်ထားစဉ်ကာလအတွင်း မိန်းမကိုယ်အတွင်းမှ အဖြူဆင်းခြင်း သို့မဟုတ် အကြည်ရောင်များဆင်းခြင်းတို့ ပိုများလာနိုင်ကြောင်း သိရသည်။ ထိုအရာသည် သဘာဝမို့ စိတ်ပူစရာမဟုတ်ပေမယ့် မိမိသံသယဖြစ်သည်အထိ ဆင်းသည့်ပမာဏ များပြားပါမူ မိမိကိုယ်ဝန်အပ်ထားသည့် ဆရာဝန်နှင့် တိုင်ပင်သင့်သည်။