ကိုယ်ဝန်ဆောင်မိခင်လောင်းများရဲ့ ရင်သားတွေ အထိမခံနိုင်အောင် နာကျင်နေရင်  ဘယ်လိုလုပ်သင့်တယ်?

0

ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် မိမိလွယ်ထားသော ရင်သွေးကို နို့ချို့တိုက်ကျွေးနိုင်ရန် မိမိကိုယ်တွင်း၌ ပြောင်းလဲပြင်ဆင်နေသောကြောင့် ရင်သားများ အထိမခံနိုင်အောင် နာကျင်သော ဝေဒနာများလည်း ခံစားရတတ်ကြောင်း သိရသည်။

ထိုသို့ ရင်သားများ အထိမခံနိုင်အောင် နာကျင်စွာ ခံစားရပါက အပေါ်ပိုင်း အတွင်းခံဝတ်ခြင်းမှ ရှောင်ရှား၍ မိမိ၏ရင်သားများအား ပွတ်တိုက်ခြင်း ၊ လှုပ်ခါခြင်းနည်းစေမည့် မိမိစိတ်တိုင်းကျဖြစ်နိုင်သော ချည်ထည်ဆွဲသားကိုယ်ကပ် တီရှပ်များကို အတွင်းခံအစား ဝတ်ဆင်ထားနိုင်သည်။ အရမ်းမခံနိုင်အောင် နာကျင်ခံစားရပါက မိမိကိုယ်ဝန်အပ်ထားသော ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ အဖြေရှာသင့်သည်။

You might also like
Leave a comment