ကိုယ်ဝန်ဆောင်မိခင်လောင်းများ မူးဝေခြင်းသက်သာစေဖို့ ဘယ်လိုလုပ်သင့်တယ်?

0

သွေးအားနည်းသော ကိုယ်ဝန်ဆောင်သည်များဟာ ရံဖန်ရံခါဆိုသလို မူးဝေတတ်ကြကြောင်း သိရသည်။ ထိုကဲ့သို့ မူးဝေခြင်း ကင်းစေရန် အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း ၊ မြန်မြန်မတ်တပ်ထ ရပ်ခြင်း ၊ ကိုယ်တွင်းအပူ မြင့်မားစေခြင်း (အထူးသဖြင့် ရေနွေးပူဖြင့် ချိုးတတ်သူအတွက်) တို့ကို သတိထား  ရှောင်ရှားသင့်သည်။

ကိုယ်ဝန်ဆောင်သည်များသည် ရေပူပူဖြင့် ရေချိုးခြင်း ၊ နေပူပူထဲ အမိုးအကာမပါ သွားလာခြင်းတို့သည် မိမိလွယ်ထားသော သန္ဓေသား ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။ ထိုအရာများ မဆင်မခြင် ပြုမူပါက အနည်းဆုံး ကိုယ်ဝန်လွယ်ထားသည့် မိမိ မူးဝေခြင်းမျိုး ဖြစ်ပွားတတ်သည်။

You might also like
Leave a comment