
ကိုယ်ဝန်လွယ်ထားတဲ့ဇနီးကို ဖခင်လောင်းတွေက ဘယ်လို နားလည်ပြုစုမှုမျိုး ပေးသင့်သလဲ?
မိခင်လောင်းတစ်ဦးတည်းတင်မက မိခင်လောင်းရဲ့ အနီးကပ်ဆုံးသူတစ်ဦးဖြစ်တဲ့ ဖခင်လောင်းဟာမှာလည်း ကိုယ်ဝန်ဆောင်ဇနီး စိုးရိမ်ပူပန်မှုတွေနည်းဖို့ ဖြောင်းဖြပြောဆိုပေးရမယ့် ၊ လုပ်ဆောင်ဖြည့်စွမ်းပေးရမယ့် တာဝန်ရှိနေပါတယ်။
ဗိုက်ထဲက ဟော်မုန်းပြောင်းလဲမှု ၊ နေမထိထိုင်မသာ မပေါ့မပါး ဖြစ်လာတော့မယ့် မိခင်လောင်းဟာ စိတ်ဖိစီးမှု လွယ်လင့်တကူရတတ်တဲ့အတွက် ဖခင်လောင်း (သို့မဟုတ်) ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အနီးဆုံးအဖော်လုပ်ပေးသူက သူမစိတ်သက်သာစေမယ့် ကိစ္စတွေကို ရှာကြံလုပ်ဆောင်ပေးပြီး သူမစိတ်ကြည်လင် ရွှင်ပျနေအောင် ပဲ့ထိန်းတတ်ဖို့ လိုပါတယ်။