Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
Online Course တွေ စတင်ပို့ချနေပါပြီ။ – BurmeseHearts

Online Course တွေ စတင်ပို့ချနေပါပြီ။

0

ရည်ရွယ်ထားတဲ့ အိမ်မက်လေးကို စတင်အကောင်အထည်ဖော်လိုက်ပါပြီ။ အခုမှအစရှိသေးတာမို့ ဒီအိမ်မက်လေး အလှပဆုံးဖြစ်လာနိုင်ဖို့ အများကြီး လုပ်ဆောင်ရဦးမှာပါ။ Online Course တွေ စတင်ပို့ချဖို့ ဘယ်လိုစိတ်ကူးရခဲ့သလဲ ဝေမျှမယ်နော်။

ငယ်ငယ်က သင်ယူချင်စိတ်အရမ်းရှိတယ်။ ကျူရှင်ကောင်းကောင်းမှာ ငွေပေးပြီး မသင်နိုင်ခဲ့တော့ ကြိုးစားမှုချင်းတူရင်တောင် စာကြိုသင်ထားနိုင်တဲ့ ၊ ကျူရှင်မှာ နားမလည်တာတွေ ပြန်နွေးနိုင်တဲ့ သူတွေဟာ တပန်းသာနေတာ တွေ့ခဲ့ရတယ်။ ဒါကြောင့် စာကြိုသင်ချင်တဲ့ ၊ စာပြန်နွေးချင်တဲ့ ကလေးငယ်တွေကို အင်တာနက်ပေးသုံးဖို့ တတ်စွမ်းနိုင်တဲ့ လူကြီး၊ မိဘ၊ အဖွဲ့အစည်းတွေကနေတဆင့် မိမိကြိုးစားရင် ကြိုးစားသလောက် ခရီးရောက်အောင် ၊ သင်ယူချင်စိတ်ရှိသူတိုင်း သင်ယူနိုင်ခွင့်ရအောင် လုပ်ပေးနိုင်တဲ့အခါ လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးရှိခဲ့တယ်။ ဒီစိတ်ကူးကို အခု အကောင်အထည်ဖော်လိုက်တာပါ။

(ပညာရေးကဏ္ဍ အဆင့်မြှင့်မယ်ဆိုတဲ့ အစိုးရရဲ့ မူအရ အင်တာနက်လိုင်းလေး ကောင်းအောင် အရင်ကြိုးစားပါလို့ အကြံပြုချင်ပါတယ်။ ဒါမှလည်း Burmese Hearts လို အွန်လိုင်းက အခမဲ့ ဝေမျှပေးနေတဲ့ သင်ခန်းစာတွေကို သင်ယူချင်စိတ်ရှိသူတိုင်း သင်ယူနိုင်ပြီး တိုးတက်ချင်စိတ်ရှိသူတိုင်း ကြိုးစားခွင့်ရှိမယ်လေ။ အင်တာနက်ဆိုင်မှာ ဂိမ်းကစားရင်း အချိန်ကုန်သွားရတာထက်စာရင်တော့ လူငယ်လူရွယ်တွေ အများကြီး သာမယ်ထင်ပါတယ်။)

ပညာရေးကဏ္ဍကို ဘယ်ကစ အဆင့်မြှင့် ပြင်ဆင်မလဲ။

ဒီမေးခွန်းဟာ သပွတ်အူလိုပဲ ဖြေဆိုလုပ်ဆောင်နိုင်ဖို့ ရှုပ်ထွေးလှတယ်။ ခပ်ရှင်းရှင်းပြောမယ်ဆို အမြစ်က မြေလှန်ရှင်းရမှာပါ။ ကလေးသူငယ်တွေ စာရိတ္တကောင်းဖို့ ၊ ကိုယ်ပိုင်ယုံကြည်ချက်ရှိဖို့ ၊ တီထွင်စမ်းသပ်ဥာဏ်တွေ ကွန့်မြူးဖို့ဆိုတာ သူတို့ သင်ယူလေ့လာစူးစမ်းချင်စိတ်ရှိချိန် (၂နှစ်မှ ၂နှစ်ခွဲ အရွယ်ကနေ) လူကြီးမိဘ ၊ ဆရာသမားတွေက မှန်မှန်ကန်ကန် ဖြေဆိုသင်ပြပေးသွားဖို့ လိုပါတယ်။

အဲဒီကစပြီး မူလတန်းကြို ၊ မူကြို ၊ ပထမတန်းကနေ ဘွဲ့ရတဲ့အထိ အဆင့်ဆင့် ဘဝတသက်တာ သင်ယူမှတ်သားစရာတွေ အပြည့်အနှက်မို့ အခြေခံက အရေးအကြီးဆုံးအပိုင်းပါ။ ဒါပေမယ့် အခြေခံအရေးအကြီးဆုံးဆိုတာကို အလေးထားမိသူတွေ မြန်မာနိုင်ငံမှာ ရှားနေသေးတယ်။ ကိုယ်တိုင်တွေ့ကြုံခဲ့ရတာမို့သိတာပါ။

အဲဒီအခြေခံမှာ ကလေးဟာ ပညာသင်ယူဖို့ လန့်မသွားရအောင် ၊ ငြီးငွေ့မသွားရအောင် ဘယ်လိုရှောင်ရှားသင်ကြားရမယ်ဆိုတာနဲ့ ကလေးဟာ ကိုယ်တိုင်ကစားရင်း ၊ လိုလိုချင်ချင် စိတ်ပါလက်ပါ လိုက်လုပ်ရင်း သင်ယူနေလို့ သင်ယူမှန်းမသိအောင် ပျော်ပျော်ရွှင်ရွှင် သင်ပြသွားဖို့ဆိုတာကိုလည်း လူကြီးမိဘတွေနဲ့ အခြေခံ ဆရာ၊ ဆရာမတိုင်း သိနားလည်ဖို့ အထူးအရေးကြီးနေတယ်။

ဒါတွေကို လိုက်ပြောင်းလဲပစ်ဖို့က ဟိုလူကြီးတွေတောင် ဘယ်ကစရမှန်းမသိဘူးလေ။ ဒီတော့ ကိုယ်နိုင်ရာ ၊ ပိုင်ရာ ဒီလို အွန်လိုင်းသင်ခန်းစာတွေကနေ စတင်လိုက်ဖို့ ကြိုးစားလိုက်တာပါ။ ကလေးငယ်တွေအတွက် အကောင်းဆုံး ကြိုးစားထားပါတယ်။ ဆထက်တပိုး ကြိုးစားပြီးတော့လည်း နည်းလမ်းစုံက အကြောင်းအရာစုံကို သင်ယူလေ့လာနိုင်အောင် ကြိုးစားပို့ချပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

ဒီသင်ခန်းစာတွေကနေ သူတို့ဘဝတသက်တာ အသုံးချသွားနိုင်မယ့် စိတ်နေစိတ်ထား ၊ အမူအကျင့်တွေ ကောင်းမွန်တဲ့စရိုက်တွေကို ကိုယ်တိုင် လိုလိုချင်ချင် ကျင့်သုံးလိုက်နာ သွားကြဖို့ကိုလည်း ရည်ရွယ်ထားပါတယ်။ တချိန် လူငယ် ၊လူကြီးနေရာရောက်လာမယ့် ကလေးတွေကောင်းပါမှ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အနာဂါတ် ကောင်းမွန်မယ်မဟုတ်ပါလား။ အချိန်တော့ ယူရမှာပေါ့နော်။ အခုမှ မစရင် ဘယ်တော့ဖြစ်လာနိုင်ပါ့မလဲ။

ကလေးတွေကိုချည်း အာရုံပြုနေရင်း ယနေ့ခေတ်လူငယ်လေးတွေအတွက် မေ့လျော့နေလို့လည်း မဖြစ်ပေ။ ထိုလူငယ်လေးများသည် နှစ်ကြာလာသည်နှင့်အမျှ လူကြီးတွေအဖြစ် အနိမ့်ဆုံး ၎င်းတို့ဘဝ ၊ ၎င်းတို့မိသားစုမှသည် နိုင်ငံကို ဦးဆောင်နိုင်သည့် နေရာအထိ ယူကြပေဦးမည်။ ထို့အတွက် ထိုလူငယ်များ လမ်းမှားမရောက်ရအောင် ၊ ကြိုးစားချင်စိတ်ရှိသူတွေ အခမဲ့ ၊ အခကြေးငွေအနည်းငယ်နဲ့ သင်ယူချင်စိတ်ရှိချိန်မှာ သင်ယူနိုင်အောင်လည်း ၎င်းတို့အတွက် သင်ခန်းစာတွေ ပို့ချပေးသွားဖို့ ရည်ရွယ်ထားပါတယ်။

မူလတန်းကြို ကလေးငယ်တွေရဲ့ သင်ခန်းစာတွေကို မူလတန်းကြို မြန်မာအက္ခရာအား စတင်လေ့လာစေ၍ အင်္ဂလိပ်အက္ခရာ ၊ ဂဏာန်းသင်္ချာ စသဖြင့် လေ့လာစေပါ။ အဝေးရောက် မြန်မာကလေးငယ်များနဲ့ မြန်မာအက္ခရာ စတင်လိုသူတွေအတွက် အလွယ်ဆုံးကနေ အဆင့်ဆင့် ဆက်စပ်လေ့လာသွားနိုင်အောင် ပို့ချထားခြင်းဖြစ်၍ မြန်မာအက္ခရာအစအား အခြေခံ၍ အင်္ဂလိပ်အက္ခရာ ၊ ဂဏာန်းသင်္ချာများကိုလည်း ဆက်စပ် လေ့လာသွားနိုင်အောင် ပို့ချထားတာကြောင့်ပါ။

လူဆိုတာ ကိုယ်သိပြီးသားနဲ့ ဆက်စပ်လေ့လာသွားရင် မြန်မြန်တတ်လွယ်တယ်လေ။ ကလေး သင်ခန်းစာတွေမှာ Quiz တွေ လုပ်ပေးထားတာက လူကြီး ၊ မိဘတွေရဲ့ အကူအညီနဲ့အတူ မေးခွန်းတွေဖြေရင်း စာအမေး ၊ အဖြေဆိုတာကို အကျင့်လုပ်ပေးလိုက်တာပါ။ ဒီလို မလေ့ကျင့်ခဲ့ဘဲ စာသင်ခန်းနဲ့ ဆရာမရှေ့မှာမှ မေးခွန်းတွေဖြေရရင် ၊ စာမေးပွဲမှာမှ ကိုယ်တိုင်ကိုယ်ကျ မေးခွန်းတွေဖြေရရင် ကလေးတွေဟာ စာမေးပွဲဆိုတာကို ကြောက်သွားတတ်လို့ပါ။

လတ်တလော သင်ခန်းစာသစ်များ တင်နိုင်အောင် အာရုံစိုက်နေသဖြင့် လူကြီးများအတွက် သင်ခန်းစာများတွင် အမေး ၊ အဖြေများ ထည့်သွင်းပေးနိုင်ခြင်း မရှိသေးတာပါ။ နောက်ပိုင်း ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ ဒီလိုထည့်သွင်းပေးထားခြင်းအားခြင့် မိမိသင်ယူခဲ့ရတာကို အမေး ၊ အဖြေ နှင့် လေ့ကျင့်ရင်း ပြန်လေ့လာနိုင်ပါတယ်။ မှားတယ် ၊ မှန်တယ်ဆိုတာ ကိုယ့်စက်နဲ့ ကိုယ်ပဲသိတာမို့ အမှန်မသိမချင်း Quiz ကို ပြန်ဖြေနိုင်ပါတယ်။ မမှန်သေးလဲ ဘာဖြစ်လဲ ။ ဘယ်သူ့မှ ရှက်စရာမလိုဘူးလေ။ ကိုယ်တကယ် နားလည် တတ်ကျွမ်းသွားဖို့ အဓိက မဟုတ်လား။

ယခုမှ အွန်လိုင်း သင်ခန်းစာတွေကို စတင်မိတ်ဆက်လိုက်တဲ့ Burmse Hearts ရဲ့ သင်ခန်းစာတွေမှာ တွေ့ရှိရသော လွဲမှားမှုအချို့ ၊ လိုအပ်ချက်အချို့အား စေတနာ ၊ မေတ္တာ ရှေ့ထားပြီး ထောက်ပြအကြံပေးမှုပြုပေးကြပါ။ နားလည်မှုပေးကြပါ။ တတ်နိုင်လျှင် တတ်နိုင်သလောက် ကဏ္ဍမျိုးစုံက ဝင်ရောက်သင်ကြားရင်း ၊ ဝေမျှပေးရင်း ၊ ဆရာဖြစ်အပိုဝင်ငွေရှာလိုက်ရအောင်လား။

Burmese Hearts မှ ကဏ္ဍစုံတွင် သင်ကြားပို့ချပေးနိုင်သော ဆရာ ၊ ဆရာမများအား ဖိတ်ခေါ်နေပါတယ်။

Burmesehearts.com

You might also like