Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
Down Syndrome ရောဂါရှိသူတွေဟာ အပယ်ခံများမဖြစ်သင့် – BurmeseHearts

Down Syndrome ရောဂါရှိသူတွေဟာ အပယ်ခံများမဖြစ်သင့်

0

Down Syndrome
Down Syndrome ရောဂါရှိသူတွေပြိုင်သော အားကစားပြိုင်ပွဲတစ်ခုမှ အနိုင်ရသူများပုံ

Down Syndrome အကြောင်းရေးသားစဉ်မှာ ရောဂါရှိမှန်း ကြိုသိခဲ့ရင် ကြိုစဉ်းစား ပြင်ဆင်ထားဖို့ကို အသားပေး ရေးသားခဲ့ပါတယ်။ အဆိုးဆုံးဆိုတာတွေ တွေ့ကြုံခံစားရနိုင်တယ်လို့ ကြိုပြင်ဆင်ထားပြီးသေချာမှ ရောဂါရှိတဲ့သားသမီးကို လက်ခံမွေးဖွားတာ အကောင်းဆုံးပါ။

ကိုယ့်ဆုံးဖြတ်ချက်ကြောင့် လူဖြစ်လာရမယ့်ကလေးအပေါ်မှာ သာမာန်ကလေးနဲ့မတူလို့ ပစ်ပယ်မိတာမျိုး ၊ ပတ်ဝန်းကျင် အသိုင်းအဝန်းအလယ်မှာ ကလေးဟာ မျက်နှာငယ်ငယ်နဲ့ အနှိမ်ခံ ရပ်တည်နေရတာမျိုးတော့ မဖြစ်သင့်ပါဘူး။

သာမာန်ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ၊ မိဘဝတ္တရားကျေဖို့ဆိုတာတွေကို မွေးဖွားပေးလိုက်ရုံနှင့် မပြီးသည့် မိဘတာဝန်  ၊ ဖြည့်စွက်သင့်သည့် မိဘဝတ် ၊ တာဝန်ကျေနိုင်ပါ့မလား ဆိုတဲ့ အရင်ပို့စ်တွေမှာ ကျွန်မရေးထားပါတယ်။

Down Syndrome ရှိထားတဲ့ ကလေးအတွက် အစိုးရက ဘာတွေပံ့ပိုးထားသလဲ ၊ ဘယ်လောက် ပံ့ပိုးပေးနိုင်လို့လဲ။ တကယ်တော့ သားသမီးရဲ့ စားဝတ်နေရေးဟာ သားသမီး သူ့ဘဝကိုသူရည်တည်နိုင်တဲ့ အရွယ်မရောက်ခင်အထိ မိဘမှာ ဖြည့်ဆည်းပေးရမယ့် တာဝန်ရှိပါတယ်။ ကိုယ်က မွေးထားခဲ့တာကိုး။

Down Syndrome ရောဂါကို လုံးဝပျောက်ကင်းအောင် ကုသလို့ရတဲ့ဆေးမရှိသေးသလို ၊ ကုထုံးလည်း မပေါ်သေးပါဘူး။ အဲဒီအတွက်ကြောင့်မို့လို့ Down Syndrome နဲ့ မွေးလာတဲ့ကလေးဟာ တချိန် သူ့ရောဂါပျောက်ကင်းသွားမှာပါ။ အဆင်ပြေသွားမှာပါလို့ ကြိုတွက်ထားလို့ မရပါဘူး။

Down Syndrome ရှိတဲ့ကိုယ်ဝန်ကို သိရက်နဲ့ လွယ်မွေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကိုယ်ဝန်ရှိကတည်းက ဆရာဝန် သတ်မှတ် ညွှန်ကြားတဲ့ဆေးတွေကို မှန်မှန်သောက်သုံးသင့်ပါတယ်။ ဒါမှလည်း ရောဂါရှိတဲ့ သန္ဓေသားဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ်ပါတယ်။ မွေးပြီးမှ ရောဂါရှိမှန်းသိရရင်တော့ ကလေးကို တသက်တာ ပြုစုစောင့်ရှောက် ဖြည့်ဆည်းပေးရုံကလွဲပြီး အခြားမရှိပါ။

Down Syndrome ရှိတဲ့ကလေးတိုင်းဟာ အနည်းနဲ့အများ မျက်နှာသွင်ပြင် ၊ ကိုယ်ခန္ဓာအနေအထားတွေကို ကြည့်ရင်းခွဲခြားနိုင်ကြပါတယ်။ တချို့တွေက သွားရည်တွေ တချိန်လုံးယိုထွက်နေတာမျိုးရှိသလို ၊ ထိုင်ထ မတ်တပ်ရပ်တာမျိုးတွေ မလုပ်နိုင်တဲ့သူတွေလည်းရှိတယ်။ တချို့ကျတော့ စကားမပြောတတ်တာတွေ ၊ သာမာန်လူ နားမလည်နိုင်အောင် ဗလုံးဗထွေး ထွက်နိုင်တာတွေလည်းရှိတယ်။ ဥာဏ်ရည်ကတော့ သာမာန်ကလေးလိုဖြစ်မယ်လို့ မျှော်လင့်လို့မရပါဘူး။ သူ့ရောဂါအနေအထားအပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားတတ်ပါတယ်။

ဒီရောဂါနဲ့ မွေးလာတဲ့ကလေးတွေဟာ ဆေးမှန်မှန်တိုက်ပေးရတာမျိုး ၊ ခွဲစိတ်ပြုပြင်ပေးရတာမျိုး ၊ နှစ်ရှည် လေ့ကျင့် သင်ကြားပေးရတာမျိုးတွေ လုပ်ပေးရတဲ့သူတွေရှိသလို အမြဲတမ်းဆေးတိုက်စရာမလိုတဲ့ ၊ ခွဲစိတ်စရာမလိုတဲ့ ကလေးလည်းရှိနေပါတယ်။ ဒါပေမယ့် မိဘကတော့ ကိုယ်ဖြစ်စေချင်တဲ့ သဘောပေါက်နားလည်မှုမျိုး ၊ နှစ်ဦးနားလည်နိုင်တဲ့ ဆက်ဆံမှုမျိုးရတဲ့အထိတော့ စိတ်ရှည်ရှည်နဲ့ အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင်ကြားပေးသွားဖို့ လိုနေပြန်ပါတယ်။

ဘယ်လောက်အထိ စိတ်ရှည်ရမလဲဆို တသက်တာစိတ်ရှည်ရမှာပါ။ မွေးကတည်းက သွားရည်တမြားမြားနဲ့ မထနိုင် ၊ မထိုင်နိုင် ၊ မပြောနိုင်တဲ့ Down Syndrome ရောဂါသည်လေးမွေးထားမိပြီဆိုရင် သူ့တသက်တာလုံး သူ့အနားမှာ သူ့တာဝန်ယူ လုပ်ပေးသွားနိုင်မယ့်သူ လိုအပ်နေပါတယ်။

ဒီလိုမှမဟုတ်ရင် အပေါ့ ၊ အလေး စွန့်တာ ၊ သန့်စင်တာ ၊ စားသောက်တာတွေ ဘယ်သူလုပ်ပေးမလဲ။ လေကောင်းလေသန့်ရဖို့ အပြင်သွားလာစေတာတွေဟာလည်း မရှိမဖြစ် လိုအပ်နေတယ်။ သာမာန်လူလို မလှုပ်ရှားနိုင် ၊ မတွေးခေါ်နိုင် ၊ မပြုမူနိုင်ပေမယ့် သူဟာလည်း လူပေပဲမို့ ခံစားချက်ရှိတယ်။ ဆန္ဒရှိတယ် ။ တနေ့တခြား ကြီးထွားလာမယ့် အို ၊ နာ ၊ သေ ဘေး ကြုံရမယ့် ပုထုဇဉ်လည်းဖြစ်တယ်။ သူ့ကို မိဘထက် နားလည်မှုပေးနိုင်တဲ့သူ ဘယ်သူရှိမလဲ ။

တိုးတက်ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာတော့ ဒီလို Down Syndrome ရောဂါရှိတဲ့သူတွေကို သီးသန့်ပေးတဲ့ ဂရုစိုက်ပြုစုနည်းတွေ ၊ သင်တန်းကျောင်းတွေ ၊  ကောလိပ်တွေကို ပံ့ပိုးပေးပါတယ်။ အစိုးရကလည်း Down Syndrome ရောဂါနဲ့ မွေးလာတဲ့ကလေးရှိတဲ့ မိသားစုတွေကို ထောက်ပံ့မှုပေးတယ်။ အဲဒီတော့ မိဘအနေနဲ့ ဒီရောဂါနဲ့မွေးဖွားတဲ့သားသမီးကို ပြုစုပျိုးထောင်နည်းတွေ ပိုနားလည်လာတယ်။စီးပွားကုန်းရုန်းရှာဖို့ထက် ထောက်ပံ့မှုတွေကြောင့် ကလေးအနားမှာ အထိုက်အလျောက် အချိန်ပေးဂရုစိုက်နိုင်တယ်။ ဂရုစိုက်မယ့်သူကိုလည်း ငှါးရမ်းထားနိုင်တယ်။ မြန်မာနိုင်ငံမှာ ဒီလိုအထောက်အပံ့မျိုးတွေ ရနေပြီလား ။ ပေးနေပြီလား ။ သူတို့မပေးတော့ မကျေမနပ်ပြောနေ ၊ ဆဲနေရုံနဲ့ တာဝန်မကျေဘူးလေ။ ကိုယ့်သားသမီးတာဝန်ကို ကိုယ်ထမ်းရဦးမယ်။ 

သာမာန်ကလေးတစ်ယောက်ဟာ သုံးနှစ်အရွယ်ကစပြီး မူကြိုထားနိုင်တယ်။ တချို့မိဘတွေဆိုရင် မွေးပြီးလပိုင်းလေးတင် အလုပ်ပြန်ဝင်လို့ အဆင်ပြေတဲ့သူနဲ့ ကလေးထားခဲ့လို့လည်းရတယ်။ Down Syndrome ရောဂါနဲ့ မွေးလာတဲ့ကလေးကျတော့ ဒီလိုမရဘူး။ မွေးစကနေ ငါးနှစ်အထိ မိဘသာလျှင် အကောင်းဆုံး ဂရုစိုက်နိုင်တဲ့သူဖြစ်တယ်။ တကယ့်ကို တတ်ကျွမ်းနားလည်တဲ့ ဆရာ ၊ ဆရာမဆီ အပ်နှံထားမယ်ဆိုရင်တောင် မိဘထက်ကောင်းအောင် ပြုစု ၊ နားလည်ပေးလိမ့်မယ်လို့ အာမ မခံတဲ့အတွက် မိဘ (အထူးသဖြင့် မိခင်) သာလျှင် ဂရုစိုက်ဖို့ကို တတ်ကျွမ်းနားလည်သူတွေက အကြံပြုထားပါတယ်။ မိဘလောက် သားသမီးအပေါ် ပိုသည်းခံ ၊ နားလည်ပြီး ဂရုစိုက်နိုင်လိမ့်မယ်လို့ မယုံကြည်လို့ပါတဲ့။

Down Syndrome ရောဂါနဲ့ မွေးလာတဲ့ကလေးကို မွေးစကနေ ငါးနှစ်အတွင်းမှာ သူတို့ဟာ ဆေးဝါးအကူအညီ ၊ လူမှုဆက်ဆံရေးအကူအညီ ၊ အသိပညာပေးဖို့ ၊ ပြုမူလုပ်ကိုင်ပုံတွေဟာ လူ့အသိုင်းအဝန်းနဲ့ လိုက်လျောညီထွေ ရှိသွားဖို့ စတာတွေကို အသေးစိတ် ကလေးကိုနားလည်မှုပေးပြီး စိတ်ရှည်သည်းခံလို့ သင်ကြားပေးရမှာပါ။ စီးပွားရေးအဆင်မပြေတဲ့ ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ ၊ တနေ့ရှာမှ တနေ့နပ်မှန်တဲ့သူတွေဟာ ဒီလိုတွေလုပ်ပေးဖို့ အချိန်ပေးနိုင်ပါ့မလား ။ ရောဂါအခံနဲ့မွေးလာတဲ့ကလေးမို့ ပိုဂရုစိုက်ရမယ့်အစား အကြောင်းကြောင်းကြောင့် အပစ်ပယ်ခံရင် ဘယ်သူ့တာဝန်လဲနော်။ အဲဒီကျမှ အစိုးရကို ၊ စနစ်ကို ပုံမချကြေးလေ။

ကျွန်မအသိထဲ Down Syndrome ရောဂါနဲ့ မွေးလာတဲ့ကလေး ပါလာတယ်။ ပထမကိုယ်ဝန်တုန်းက ရိုးရိုးသာမာန်ကလေးပေမယ့် ဒုတိယကိုယ်ဝန်မှာတော့ မွေဖွားပြီး ရက်သတ္တပတ်အတွင်းမှာ Down Syndrome ရောဂါနဲ့ မွေးလာတဲ့ကလေးမှန်း သိလိုက်ရတာပါ။ ကံကောင်းချင်တော့ သူတို့ဟာ ပြည့်စုံတဲ့သူတွေဖြစ်နေတယ်။ ကလေးအမေက အလုပ်ထွက်မလုပ်ရတော့ ကလေးအနားမှာ အချိန်ပြည့် ပြုစုဂရုစိုက်မှုမျိုး ပေးနိုင်တယ်။ ဒါကြောင့် ကလေးဟာ အမြဲသုံးစွဲရမယ့် ဆေးဝါးမလိုဘဲ ပုံမှန်ဂရုစိုက်မှုမျိုးပေးရတယ်။

သာမာန်ကျောင်းထားဖို့ ဥာဏ်ရည်မမီဘူး။ စာမလိုက်နိုင်ဘူး။ အတန်းသား ၊ အတန်းသူတွေရဲ့ နောက်ပြောင်ဖိနှိပ်တာတွေခံရတယ်။ ဒါတောင် တတ်နိုင်တဲ့သူတွေမို့ ဆရာ ၊ ဆရာမတွေရဲ့ မျက်လုံးတွေကို ကိုယ့်ကလေးဂရုစိုက်ဖို့ ငွေထိုး ၊ ရေထိုးနိုင်ကြပါတယ်။ နောက်တော့ Down Syndrome ရောဂါရှိသူတွေနေတဲ့ ကျောင်းမှာ ပြောင်းထားတယ်။ အဲဒီမှာ ကလေးဟာ တခြားကလေးတွေထက် ဥာဏ်ရည်သာနေတော့ စွဲစွဲမြဲမြဲထားဖို့မလိုဘူး ဖြစ်လာပြန်ရော။

အခုတော့ ကလေးဟာ အပျိုရွယ်ရောက်လို့ အပျိုဖြစ်လာပါပြီ။ ဥာဏ်ရည်က အမြင့်ဆုံးရှိလှ (၇)နှစ်ကလေးရဲ့ဥာဏ်ရည်ပဲရှိတော့ မပြောသင့်တာပြော ၊ မပြုသင့်တာပြု တုန်းပါ။ ဒီမှာ သူ့မိဘရဲ့အပူကို ကိုယ်ချင်းစာနိုင်ဖို့ ကျွန်မ ဝေမျှလိုက်ပါတယ်။

ကလေးအမေဟာ ကလေးကို မွေးစကနေ ခုချိန်အထိ သူပဲ ဂရုစိုက်လာတာဆိုတော့ သူမျက်ကွယ်ပြုသွားခဲ့ရင်ဆိုတာကို ကြိုတွေးလို့ ကလေးအပျိုမဖြစ်ခင်ကတည်းက ရင်ပူနေရပါပြီ။ မောင်နှမနှစ်ယောက်ရှိပေမယ့် ရောဂါအခံနဲ့ အားနည်းချက်ရှိနေတဲ့ သမီးအတွက် အမွေပိုပေးဖို့လည်း ကြိုလွှဲပြောင်းပြီးပါပြီ။ ဒါပေမယ့် သူတို့ဆုံးပါးသွားရင် ကလေးရဲ့ သွေးသားအရင်းဆုံးဖြစ်တဲ့ ကလေးရဲ့အစ်ကိုဟာ တချိန်မှာ အိမ်ထောင်ပြုဦးမှာလေ။ ထားပါတော့။ အစ်ကိုက ရောဂါနဲ့ညီမကို သူမတသက်တာအတွက် ကြည့်ရှုစောင့်ရှောက်ပေးတယ် ဆိုပါစို့။

အစ်ကိုဘယ်လောက်ကောင်းကောင်း မိဘထက်တော့ ပိုမကောင်းနိုင်ဘူးမဟုတ်လား။ ကလေးမလေးရဲ့ အမွေတွေဟာ ကလေးမလေးတသက်စာ ဖူလုံပိုလျှံနေပေမယ့် သူစိမ်းဖက်လို့ ယောင်းမပါလာရင် ကလေးမလေးရဲ့ အနာဂါတ်ဟာ ဘယ်လိုရှိနေမှာပါလိမ့်လို့ မိဘတွေက ပူနေပါပြီ။

ကလေးမလေးဟာ မသိတတ်တဲ့အတွက် မလိုလားအပ်တာတွေမဖြစ်ဖို့ သူ့သားအိမ်ကို မိဘတွေက အပျိုဖြစ်ကတည်းက ထုတ်လိုက်ပါပြီ။ နောင်ဘဝ ဝဋ်လိုက်ကာမှလိုက်ရော ဒီဘဝတော့ သမီးကမွေးလာမယ့် မြေးအပူတော့ ငြိမ်းသွားတာပေါ့။ ဒီလိုမှမဟုတ်ရင် သိုက်တူးမယ့်လူတွေကိုလည်း ကလေးမလေး ကြုံရနိုင်တယ်။ အဖေမပေါ်တဲ့ကလေးလည်း မွေးကောင်း မွေးလာနိုင်တယ်။ အဆိုးဆုံးကတော့ ဥာဏ်ရည်မမီတဲ့သူမက မွေးလာမယ့် ကလေးတွေကို ပြုစုထိန်းကျောင်းသွားရမယ့်တာဝန်ပေါ့။ ဒီတာဝန်ကို မထမ်းရတော့ တစ်ပူငြိမ်းသွားတာမဟုတ်လား။

ဒီပို့စ်ကိုဖတ်ပြီးတဲ့အခါ အတိုင်းအတာတစ်ခုအထိတော့ Down Syndrome ရောဂါနဲ့ မွေးလာတဲ့ကလေး ၊့ သူတို့ရဲ့ မိဘတွေကို စာနာမှု ၊ ဖေးမမှု ပေးနိုင်မှာဖြစ်ပြီး ကိုယ်တိုင်ကြုံရမယ်ဆို ဘာတွေ ပြင်ဆင်ထားသင့်သလဲ သိနိုင်လောက်ပါပြီနော်။

ရတု (Burmesehearts.com)

 

You might also like