Down Syndrome ရောဂါ ပါလာတဲ့ကလေးတွေဟာ သာမာန်ကလေးတွေနဲ့ ဘယ်လိုကွဲပြားမှုရှိသလဲ?

0

Down Syndrome ရှိတဲ့ကလေးတိုင်းဟာ အနည်းနဲ့အများ မျက်နှာသွင်ပြင် ၊ ကိုယ်ခန္ဓာအနေအထားတွေကို ကြည့်ရင်းခွဲခြားနိုင်ကြပါတယ်။ တချို့တွေက သွားရည်တွေ တချိန်လုံးယိုထွက်နေတာမျိုးရှိသလို ၊ ထိုင်ထ မတ်တပ်ရပ်တာမျိုးတွေ မလုပ်နိုင်တဲ့သူတွေလည်းရှိတယ်။ တချို့ကျတော့ စကားမပြောတတ်တာတွေ ၊ သာမာန်လူ နားမလည်နိုင်အောင် ဗလုံးဗထွေး ထွက်နိုင်တာတွေလည်းရှိတယ်။ ဥာဏ်ရည်ကတော့ သာမာန်ကလေးလိုဖြစ်မယ်လို့ မျှော်လင့်လို့မရပါဘူး။ သူ့ရောဂါအနေအထားအပေါ်မူတည်ပြီး အမျိုးမျိုး ကွဲပြားတတ်ပါတယ်။

ဒီရောဂါနဲ့ မွေးလာတဲ့ကလေးတွေဟာ ဆေးမှန်မှန်တိုက်ပေးရတာမျိုး ၊ ခွဲစိတ်ပြုပြင်ပေးရတာမျိုး ၊ နှစ်ရှည် လေ့ကျင့် သင်ကြားပေးရတာမျိုးတွေ လုပ်ပေးရတဲ့သူတွေရှိသလို အမြဲတမ်းဆေးတိုက်စရာမလိုတဲ့ ၊ ခွဲစိတ်စရာမလိုတဲ့ ကလေးလည်းရှိနေပါတယ်။

ဒါပေမယ့် မိဘကတော့ ကိုယ်ဖြစ်စေချင်တဲ့ သဘောပေါက်နားလည်မှုမျိုး ၊ နှစ်ဦးနားလည်နိုင်တဲ့ ဆက်ဆံမှုမျိုးရတဲ့အထိတော့ စိတ်ရှည်ရှည်နဲ့ အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင်ကြားပေးသွားဖို့ လိုနေပြန်ပါတယ်။

ဘယ်လောက်အထိ စိတ်ရှည်ရမလဲဆို သူ့တသက်တာ စိတ်ရှည်ရမှာပါ။
Down syndrome လက္ခဏာရှိတဲ့ ကလေးငယ်များဟာ ပုံမှန်မဟုတ်တဲ့အတွက် သူ့သက်တမ်းတလျောက် အထူးပြုစု  ဂရုစိုက်ကြရပါတယ်။

ဘာဆက်လုပ်ရမလဲ?

ဆွေးနွေးမယ်ဆိုရင်တော့ အဆင့်(၁)နဲ့အဆင့်(၂)ကို လုပ်ဖို့လိုပါတယ်။

အဆင့်(၁)

  • BurmeseApp on Google Play ကနေ BurmeseApp ကို ဒေါင်းလုတ် လုပ်ရင်လုပ် ၊ ဒါမှမဟုတ်    ဒီမှာ    ဒေါင်းလုတ်လုပ်ရပါမယ်။ 
  • ပြီးရင် ကိုယ်ဝန်ဆောင်ကာလအဆင့်ဆင့် နဲ့ပတ်သက်လို့ အဖွဲ့လိုက်ဆွေးနွေးဖို့ ဒီပေ့ခ်ျကို ပြန်လာရပါမယ်။ 

အဆင့်(၂)

ဝက်ဘ်ဆိုဒ်ကနေ တိုက်ရိုက် ဆွေးနွေးချင်တယ်ဆိုရင်တော့   ဒီမှာ    ကလစ်နှိပ်ပြီး အဆင့်လိုက် လုပ်ဆောင်ရပါမယ်။

( PREGNANTTOBIRTH)

You might also like