Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တဖက်လိင်ကို နားလည်မှုပေးမယ် – BurmeseHearts

တဖက်လိင်ကို နားလည်မှုပေးမယ်

0

မတူညီမှုတွေ ညှိယူပြီး နားလည်မှုပေးမယ်။
မတူညီမှုတွေ ညှိယူပြီး နားလည်မှုပေးမယ်။

အမျိုးသမီး နဲ့ အမျိုးသားဟာ လိင်ကွဲရုံတင်မဟုတ်ပါဘူး။ လူချင်းတူပေမယ့် ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ထားပုံ ၊ တွေးတောခံစားပုံတွေဟာလည်း ကွဲပြားလို့နေပါတယ်။ ဒါကို နားလည်အောင် သတိမထားမိတဲ့အခါ ၊ မတူညီမှုတွေကြောင့် ထိပ်တိုက်တွေ့ကြတဲ့အခါ စကားများတာ ၊ အငြင်းပွားတာ ၊ ရန်ဖြစ်တာတွေ ဖြစ်လာတော့တာပါပဲ။ ချစ်တဲ့သူအချင်းချင်း ရန်ဖြစ်ရင်း ဘာလို့ အမုန်းပွားကြမလဲ။ ဒီတော့ အချင်းချင်း နားလည်သထက် နားလည်အောင် လေ့ကျင့်ယူသွားကြရင် မကောင်းဘူးလားနော်။

အမျိုးသမီးရဲ့  ဦးနှောက်ထဲက ဆက်ဆံပြောဆိုရေး ဦးနှောက်အခန်းဟာ အမျိုးသားတွေထက် ကျယ်ပြန့်ကြောင်းကို သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသမီးတွေဟာ ဝေါဟာရကြွယ်ပြီး အမျိုးသားတွေထက် စကားပြောဆိုဆက်ဆံမှုများတဲ့ သဘာဝရှိပါတယ်။ အမျိုးသားတွေက ချက်နဲ့လက်နဲ့ ပြန်ပြောတဲ့အခါမှာ အမျိုးသမီးတွေက “အမလေး ပြောတတ်လိုက်တာ … မိန်းမကြီးကျနေတာပဲ”လို့ ခနဲ့တဲ့တဲ့ ဆိုတတ်တာဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ သူ့သဘာဝကိုက ပင်ကိုစကားများတတ်တာလို့ လက်ခံထားလိုက်တဲ့အခါမှာ သမီးရည်းစားတုန်းက ရှက်လို့ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် စကားသိပ်မဆိုတဲ့ မိမိရဲ့မိန်းကလေး အိမ်ထောင်ရှင်မဖြစ်လာရင် စကားများလာနိုင်တာကို လက်ခံရတော့မှာပဲ။ သူ့သဘာဝပဲကိုး။

ဒါ့အပြင် အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ ထမင်းချက်နေတုန်း အသားငါးလှီး ၊ ဟင်းသီးဟင်းရွက်သင် ၊ ကလေးရေချိုးပြီးတာနဲ့ အဝတ်လဲပေး ၊ထမင်းခွံ့ ၊ ပြီးရင်သိပ် စတဲ့ တရစပ်အလုပ်အလုပ်တွေကို တချိန်တည်းမှာ နှစ်ခု ၊ သုံးခု အလျှင်မီအောင် လုပ်ကိုင်နေရသူတွေဖြစ်တဲ့အတွက် အလုပ်များတော့ စိတ်များပြီး အလိုမကျတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့ ဘာမဟုတ်တာလေးနဲ့လည်း ပြောမပြီးဖြစ်တတ်ပါတယ်။ ဒါကို နားလည်ထားတဲ့အခါ သူမရဲ့ စိတ်အလိုမကျမှုနဲ့ မြည်တွန်တောက်တီးမှု ၊ ဗျစ်တောက် ဗျစ်တောက် နိုင်မှုတွေကို နားလည်ပေးနိုင်လာမှာပါ။

BurmeseHearts Blog

ဒီအချိန်မှာ ခွန်းတုန့်ပြန်ပြောပြီး ရန်ဖြစ်ဖို့စတာတို့ ၊ မထုံတက်တေးလုပ်နေတာလို့မလုပ်ဘဲ “အေးပါကွာ မိန်းမရာ ။ ငါ နောက်ဆင်ခြင်ပါ့မယ်”လို့ပြောပြီး သူလုပ်ရမယ့်အလုပ် တစ်ခုတလေကို ဝိုင်းလုပ်ပေးလိုက်ရုံနဲ့ အိမ်ရှင်မရဲ့ စိတ်ဆိုးရန်လိုမှုတွေ ကွာကျပြီး စိတ်ထဲကနေ ကျေနပ်သွားမှာဖြစ်ပါတယ်။ သူဆတ်ဆတ်ထိမခံဖြစ်တဲ့ အချက်တွေကို နောင်မှာ ဆင်ခြင်ရပါမယ်။ ချစ်လို့ယူထားတဲ့သူအချင်းချင်း နားလည်မှုပေးလိုက်ရုံနဲ့ အဖုအထစ်တွေ ပြေလျော့သွားမှာပါ။

အမျိုးသမီးတွေကလည်း ကိုယ်ပြောဆိုပြီး နှစ်ယောက် စိတ်အေးသွားတဲ့အခါ ကိုယ်ပြောတဲ့စကားလုံးတွေအတွက် ခင်ပွန်းကို စိတ်ဆိုးပြေအောင် တောင်းပန်ရဲရပါမယ်။ မတောင်းပန်ဘူး ၊ နောင်လဲအပြောမဆင်ခြင်ဘူးဆိုရင် အိမ်ထောင်ရေးမှာ အငြှိုးအတေးတွေနဲ့ ထစ်ငေါ့မှုတွေကို စကြုံရပါတော့မယ်။

ကျွန်မကိုယ်တိုင်လည်း စိတ်ဆန္ဒအလျောက် ပြောမိဆိုမိဖြစ်သွားခဲ့ရင် စိတ်အေးသွားတဲ့အခါမှာ ကိုယ်ပြောခဲ့တဲ့စကားတွေကို သေချာ ပြန်စဉ်းစား သုံးသပ်ပါတယ်။ ကိုယ်မှန်တယ် ၊ မှားတယ် ဆိုတဲ့အတွေးကို ခဏနောက်ထားပြီး ငါသာ ဒီလိုအပြောခံရရင် ဘယ်လိုခံစားရမလဲလို့ အရင်တွေးပါတယ်။ ကိုယ်မခံနိုင်တဲ့စကား ခင်ပွန်းကို ပြောဆိုမိတဲ့အခါမှာ သူလဲမခံနိုင်လောက်ဘူးလို့ ပြန်ခံစားလာနိုင်ပါတယ်။ ဒီတော့ နှစ်ယောက် စိတ်အေးလက်အေးရှိတဲ့အချိန်မှာ ချိုချိုသာသာနဲ့ အရင်တောင်းပန်လိုက်ပါတယ်။

ကျွန်မတို့တတွေဟာ တစ်ယောက်ကို တစ်ယောက် နစ်နာစေဖို့ရည်ရွယ်ချက်နဲ့ လက်ထပ်ပေါင်းသင်းခဲ့တာ မဟုတ်ဘူးဆိုတာကနေ စပြောပြီး တောင်းပန်လိုက်တဲ့အခါမှာ သူ့ဘက်ကလည်း သူ့အမှားအတွက် ပြင်ဆင်လာပါတယ်။ သူမမှားတဲ့ကိစ္စ (ကိုယ်အထင်မှားတဲ့ကိစ္စ)ကိုလည်း နားလည်အောင် ပြန်ရှင်းပြလာပါတယ်။ တခါတလေ ကိုယ်မှန်တယ်ထင်တဲ့ကိစ္စတွေမှာ မှားယွင်းထင်မြင်နေတာ ဖြစ်နိုင်ပါတယ်။ ဒီကိစ္စကြောင့် နှစ်ယောက်အမြဲ စကားများ ၊ ငြင်းခုံနေရပြီဆိုရင်ဖြင့် နှစ်ယောက်သား စိတ်အေးလက်သာရှိတဲ့အချိန်မှာ အကောင်းဆုံးအဖြေကို ရှာဖွေရမှာပါ။ နှစ်ဦးသားက ဒီအိမ်ထောင်ကို ဆက်လက်ပြီး တည်မြဲချင်တယ် ဆိုရင်ပေါ့။ ပျော်ပျော်ရွှင်ရွှင်နဲ့ တည်မြဲသွားရင် မကောင်းဘူးလားနော်။

တကယ်ဆိုရင် ချစ်လို့ယူထားတဲ့ မိန်းမက တခါချော့ပြော ၊ တောင်းပန်လိုက်တဲ့အခါ ယောကျာ်းအများစုဟာ ပျော့ပျောင်းလာတာ များပါတယ်။ ပြောတတ်တာလဲ ဒီလျှာဖျား ၊ အပြောမတတ်တာလဲ ဒီလျှာဖျားမဟုတ်လား။ နှလုံးသားထဲက ထွက်လာတဲ့ ချိုသာတဲ့စကားတွေကို ချစ်တဲ့သူတိုင်းက ကြားချင်ကြပါတယ်။

အပြောမတတ်တဲ့အိမ်ရှင်မနဲ့ နားလည်မှုမပေးနိုင်တဲ့ အိမ်ထောင်ဦးစီး ဆုံတဲ့အခါမှာ ခွန်းတုန့်ပြန် စကားများရာကနေ အိမ်ထောင်ရေးပဋိပက္ခအသွင် ပြောင်းသွားပါတော့တယ်။ ချေလိုက်ရင် ကျေလည်သွားမယ့်ကိစ္စဟာ မချေလိုက်မိတဲ့ (မတောင်းပန်မိ ၊ နားမလည်နိုင်တဲ့) အဖြစ်ကြောင့် အဖုအထစ်ဖြစ်သွားပြီး စိတ်ဒဏ်ရာဖြစ်သွားတဲ့အခါ ဒီအိမ်ထောင်ရေးဟာ သာယာနိုင်ပါတော့မလားနော်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

You might also like