Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နို့ရည်ထားသိုနည်း ၊ တာရှည်ခံချိန် ၊ နွေးပုံနှင့် သယ်ယူပုံ – BurmeseHearts

နို့ရည်ထားသိုနည်း ၊ တာရှည်ခံချိန် ၊ နွေးပုံနှင့် သယ်ယူပုံ

0

ရေ့နွေးပူထည့်ထားသည့် ဇလုံအတွင်း နို့နွေးပုံ

ညှစ်ထားတဲ့နို့ကို ဘယ်လိုထားသိုပြီး ဘယ်လောက်အထိခံတယ်

မပူအိုက်တဲ့ရာသီ (၂၅ဒီဂရီစင်တီဂရိတ်) ရှိတဲ့ အခန်းအပူချိန်မှာ နို့ဟာ (၄)နာရီခံပါတယ်။

ရေခဲသေတ္တာထဲမှာ (၄ဒီဂရီစင်တီဂရိတ်) နဲ့ ထားမယ်ဆိုရင် (၄၈)နာရီခံပါတယ်။

ရေခဲသေတ္တာအပေါ်ပိုင်း (ရေခဲတဲ့အပိုင်းသီးသန့်)မှာ (အနှုတ် ၅ မှ အနှုတ်၁၅ဒီဂရီစင်တီဂရိတ်)အတွင်း ထားမယ်ဆိုရင် ၃လကနေ ၆လအထိ ခံပါတယ်။

(အနှုတ် ၁၈ မှ အနှုတ်၂၀ဒီဂရီစင်တီဂရိတ်)အတွင်းရှိတဲ့ Deep freezer လိုမျိုးနဲ့ ထားမယ်ဆိုရင်တော့ (၆)လကနေ (၁၂)လအထိ ခံပါတယ်။

ခဲနေတဲ့နို့ရည်ကို နွေးလာအောင် လုပ်မယ်ဆိုရင်ဖြင့် ရေပူထဲမှာ နို့ခဲထည့်ထားတဲ့ ဖန်ခွက်ကို အဖုံးနဲ့ (၁၀)မိနစ်ထားရုံနဲ့ ရပါပြီ။ နွေးထားတဲ့ အဲဒီနို့ခဲ အရည်ပျော်ရည်ကို ရေခဲသေတ္တာ (အခဲခန်းမဟုတ်)ထဲမှာ (၂၄)နာရီ ထားသိုနိုင်ပါတယ်။ အဲဒီ နို့ခဲပြန်နွေးလို့ရလာတဲ့နို့ကို ပြန်ခဲပြီး ပြန်နွေးတာမျိုးမလုပ်ရပါဘူး။

ကလေးကုန်နိုင်သလောက်အတိုင်းအတာကိုသာ နွေးပြီး တိုက်ရမှာဖြစ်ပြီး မကုန်ရင်တော့ သွန်ပစ်ဆေးကြောရမှာပါ။ ဒါကြောင့် စသိမ်းမယ်ဆိုကတည်းက ကလေးတခါသောက်စာ ဗူးကလေးတွေနဲ့ ခဲပြီးသိမ်းနိုင်ရင် ပိုကောင်းပါတယ်။ နို့ခဲကို ကျိုနွေးတာ ၊ Microwave နဲ့ နွေးတာမျိုး လုံးဝမလုပ်ရပါဘူး ။ သီးသန့်ထုတ်ထားတဲ့ ကလေးနို့နွေးတဲ့စက်ကလေးနဲ့လည်း နွေးလို့ရပါတယ်။

ကလေးကို နို့တိုက်တော့မယ်ဆိုရင် နို့တွေ အနည်မထိုင်ရအောင် ဇွန်းနဲ့တိုက်ရင်ခေါက်ပြီးတိုက်ပါ။၊ ဗူးနဲ့တိုက်ရင် နို့ဗူးကို လှုပ်ပြီး တိုက်ပါ။

ခဲထားတဲ့နို့မဟုတ်ဘဲ ရေခဲသေတ္တာ အောက်ဘက်အအေးခန်းထဲ ထည့်ထားတဲ့နို့ကို တနေရာကတနေရာ သယ်ယူသွားမယ်ဆိုရင် ရေခဲပုံးအသေးလေး လိုပါမယ်။ ပြီးရင် ကိုယ်သယ်သူသွားမယ့် နို့ဗူးတွေကို ရေခဲပုံးထဲမှာ ရေခဲထည့်ထားတဲ့အိတ်နဲ့ တွဲပြီး သယ်ယူသွားရမှာ ဖြစ်ပါတယ်။

ရတု (Burmese hearts.com)

You might also like