Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နို့ရည်ညှစ်ထုတ်နည်းများ – BurmeseHearts

နို့ရည်ညှစ်ထုတ်နည်းများ

0

ကလေးနို့စို့ပြီး ကျန်ခဲတဲ့  နို့ကျန်တွေ ညှစ်ထုတ်ပေးတဲ့အခါ နို့ထွက်များတယ်လို့ ဆိုထားပေမယ့် သားဦးမိခင်တွေဟာ နို့တိုက်တဲ့ အတွေ့အကြုံမရှိတာက တကြောင်း ၊ နို့ညှစ်ချတဲ့ အတွေ့အကြုံ မရှိတဲ့အခါ နည်းမသိဘဲ ထင်သလိုညှစ်မိရင် ကလေးနို့မတိုက်နိုင်အောင်အထိ နို့နာဖြစ်လာတတ်ပါတယ်။ ဒါကြောင့် နို့ကျန်တွေ ဘယ်လိုညှစ်ထုတ်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

လက်ဖြင့်ညှစ်ထုတ်ခြင်း

handExpress

နို့သီးခေါင်းတဝိုက်က အမဲကွင်း အပေါ်မှာ လက်မထားပြီး အောက်မှာ ကျန်လက်ချောင်းတွေကို ပုံမှာပြထားတဲ့အတိုင်းထားပြီး ညင်ညင်သာသာသာ ညှစ်ထုတ်ပေးနိုင်ပါတယ်။

ဒုတိယအကွက်မှာ ပြထားသလို အမဲကွင်းတဝိုက်ကို ဆုပ်ထားပြီး နို့ကို အနောဘက် ညှစ်ထုတ်တဲ့ ပုံစံနဲ့လဲ ညင်ညင်သာသာ မိမိခံနိုင်ရည်ရှိသလောက် ညှစ်ထုတ်ပေးနိုင်ပါတယ်။

တတိယကွက်မှာ ပြထားသလို အမဲကွင်းတဝိုက်ကို ဆုပ်ထားပြီး ကွင်းပုံစံ လိုတိုးပိုလျှော့ ဆုပ်ညှစ်ထုတ်နိုင်ပါတယ်။

hand pump

ပုံမှာတွေ့ရတာကတော့ လက်ကိုအသုံးပြုရတဲ့ နို့ညှစ်ကိရိယာဖြစ်ပါတယ်။ ဒီဇိုင်းပုံစံ အမျိုးမျိုးနဲ့ တံဆိပ်အမျိုးမျိုးရှိနိုင်ပြီး ကိုယ်အဆင်ပြေမယ်ထင်ရာကို ရွေးသုံးနိုင်ပါတယ်။

battery_

ပုံမှာတွေ့ရတာကတော့ ဘက်ထရီကိုအသုံးပြုရတဲ့ နို့ညှစ်ကိရိယာဖြစ်ပါတယ်။ ဒီဇိုင်းပုံစံ အမျိုးမျိုးနဲ့ တံဆိပ်အမျိုးမျိုးရှိနိုင်ပြီး ကိုယ်အဆင်ပြေမယ်ထင်ရာကို ရွေးသုံးနိုင်ပါတယ်။ နို့ညှစ်တဲ့အခါတိုင်း ကိရိယာစသုံးတဲ့အခါမှာ လေဖိအားအနည်းဆုံး (Minimum) ကို အရင်အသုံးပြုပြီးမှ တဖြည်းဖြည်း ကိုယ်နဲ့ အဆင်ပြေနိုင်တဲ့ ညှစ်အားကို သုံးသွားရမှာ ဖြစ်ပါတယ်။

ဘယ်လိုနည်းနဲ့မဆို နို့ကျန်တစ်ခါညှစ်တိုင်း (၅)မိနစ်လောက် တဖက်စီပြောင်းပြီး ညှစ်ရမှာဖြစ်ပြီး တဖက်ကို (၁၀) မိနစ်ကနေ(၁၅)မိနစ်အထိ နို့ကျန်ညှစ်ချနိုင်ပါတယ်။

မိခင်မပင်ပန်းရအောင် နို့ကျန်တစ်ခါညှစ်ချိန်ဟာ မိနစ်သုံးဆယ်ထက် မပိုရပါဘူး။

လက်နဲ့အသုံးပြုပြီး နို့ကျန်ညှစ်သူတွေက ညှစ်ပြီးချိန်မှာ လက်နဲ့ နို့သီးခေါင်းတဝိုက် ၊ နို့တဝိုက်ကို သန့်ရှင်းမှုပြုရပါမယ်။ နို့သီးခေါင်း ခြောက်သွေ့အက်ကွဲခြင်း မဖြစ်ရအောင် နို့သီးခေါင်းသန့်ရှင်းရာမှာ ဆပ်ပြာ မထိရပါဘူး။

ကျန်တဲ့ လက်သုံးနို့ညှစ်ကိရိယာဖြစ်ဖြစ် ၊ ဘက်ထရီသုံး နို့ညှစ်ကိရိယာဖြစ်ဖြစ် နို့ရည်ထိတဲ့အပိုင်းအကုန်လုံးကို ဆပ်ပြာရည်နဲ့ ချက်ချင်း သေချာဆေးကြောရပါမယ်။ ပြီးရင် ပေါင်းခံခြင်း (သို့မဟုတ်) ပြုတ်ခြင်း (သို့မဟုတ်) ဓါတုဗေဒနည်းနဲ့ သန့်စင်ခြင်းတွေကို ပြုရပါမယ်။ အများအားဖြင့် ပေါင်းခြင်း (သို့မဟုတ်) ပြုတ်ခြင်းကို ပြုလုပ်ကြတာပါ။ မိခင်ကိုယ်တိုင်လည်း နို့သီးခေါင်းတဝိုက်နဲ့ နို့ကို ဆေးကြောပေးရမှာ ဖြစ်ပါတယ်။

ပေါင်းတဲ့သူတွေက ပေါင်းစက်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း အသုံးပြုရပါမယ်။ ပြုတ်တဲ့သူတွေက အိုးတစ်ခုထဲ ရေသန့်သန့်ထည့်ပြီး ရေဆူအောင် အိုးကိုအရင်တည်ရပါမယ်။ ရေဆူလာတဲ့အခါ နို့ညှစ်ကိရိယာထည့်ပြီး နောက်ထပ်(၁၀)မိနစ် ထပ်ပြုတ်ရပါမယ်။ ရေပူကို နည်းနည်းအအေးခံပြီးတဲ့အခါ ရေတွေ သွန်ချပစ်လိုက်ပါ။ ပြီးရင် ပုရွက်ဆိတ်လို အကောင်ပလောင်တွေ မဝင်နိုင်တဲ့ အဖုံးလုံလုံနဲ့ နို့ညှစ်ကိရိယာကို နောက်တကြိမ် နို့ညှစ်ချိန်အထိ ဖုံးထားရပါမယ်။

နို့ကျန်မညှစ်ခင် မိမိလက်ကို ဆပ်ပြာနဲ့ အရင်ဆေးကြောပြီးပါမှ နို့ညှစ်ဖို့ ပစ္စည်းကိရိယာတွေ ကောက်ကိုင်ရမှာ ဖြစ်ပါတယ်။

ရတု (Burmsehearts.com)

 

You might also like