Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
နို့တိုက်မိခင်များ သိကောင်းစရာ – BurmeseHearts

နို့တိုက်မိခင်များ သိကောင်းစရာ

0

နို့မတိုက်မီနှင့် နို့တိုက်ပြီးချိန်တွင် နို့သီးခေါင်းကို သန့်စင်ပါ။
နို့မတိုက်မီနှင့် နို့တိုက်ပြီးချိန်တွင် နို့သီးခေါင်းကို သန့်စင်ပါ။

နို့တိုက်မိခင်ဟာ နို့မတိုက်မီနဲ့ ကလေးနို့တိုက်ပြီးတိုင်း နို့သီးခေါင်းပတ်လည်ကအသားတွေ နို့ရည်နဲ့ခြောက်တင်းမာပြီး အက်ကွဲတာတွေ မဖြစ်စေဖို့ မိမိရဲ နို့သီးခေါင်းတဝိုက်ကို  လက်သန့်သန့် နဲ့ (Breast Wipes)အသုံးပြုပြီး သန့်စင်ပေးရမှာ ဖြစ်ပါတယ်။ Breast Wipes ဝယ်ဖို့မလွယ်ရင်၊ မတတ်နိုင်ရင် ဆူအောင်တည်ထားပြီးသား ဓါတ်ဗူးထဲက ရေနွေးကို ခွက်သန့်သန့်ထဲထည့်ပြီး ခပ်နွေးနွေးအနေအထားမှာ ဂွမ်းသန့်သန့်နဲ့ (သို့မဟုတ်) ပုဝါသန့်သန့်နဲ့ တို့ပြီး လက်သန့်သန့်နဲ့ နို့သီးခေါင်းကို သန့်စင်ပေးနိုင်ပါတယ်။ ပုဝါနဲ့ သန့်စင်တဲ့ ရေနွေးခွက်ထဲကို ပုရွဲဆိတ်တွေ ၊ ယင်တွေနဲ့ တခြားအကောင်တွေ ဝင်ရောက်နားတာကိုတော့ သတိထားပါ။ မသန့်ရှင်းတဲ့ ပုဝါနဲ့ရေကို အသုံးပြုမိတဲ့အတွက် ကလေးဝမ်းသွားနိုင်လို့ဖြစ်ပါတယ်။

Nursinh Pad သုံးတဲ့မိခင်တွေဟာ နို့ခံမှာ နို့တွေရွှဲလာရင် လဲပေးရမှာဖြစ်ပြီး တစ်နေ့ကို အတွင်းခံဘော်လီ (ဘလာဇီယာ)ကို အနည်းဆုံးတစ်ကြိမ် လဲပေးရမှာဖြစ်ပါတယ်။

နို့တိုက်ကျွေးပါက နို့သီးခေါင်းထိပ်ကလေးပဲ ကလေးပါးစပ်ထဲဝင်အောင် စို့စေခြင်းထက် အမဲကွင်းတစ်ခုလုံး ကလေးပါးစပ်ထဲဝင်အောင် ကလေးပါးစပ်ဟနေတုန်း ထည့်ပေးလိုက်နိုင်က နို့သီးခေါင်းနာခြင်း ပိုသက်သာစေသည်။

နို့ဝပြီးအိပ်ပျော်သွားတဲ့ ကလေး၏ ပါးစပ်အတွင်းမှ နို့သီးခေါင်း ပြန်ဆွဲထုတ်တဲ့အခါ လက်ချောင်းသန့်သန့်ကို ကလေးရဲ့ ပါးစပ်ထောင့်သို့ ခပ်ဖြည်းဖြည်း ထိုးသွင်းပြီးမှ မိမိနို့သီးခေါင်းကို ဖြည်းဖြည်းညင်သာစွာ ပြန်ဆွဲထုတ်ပါ။

နိုတစ်ခါတိုက်တိုင်း တဖက်တည်း တိုက်ခြင်းထက် နှစ်ဖက်လုံး မျှမျှတတ တိုက်နိုင်ပါက ပိုကောင်းသည်။ ထို့ကြောင့် ကလေးအား ဟိုဖက်ဒီဖက် ပြောင်းပေးပြီး ဟိုဖက်ဒီဖက် ပြောင်းတိုက်ဖို့ မမေ့ပါနှင့်။

နို့သီးခေါင်းကွဲခြင်း ၊ ယောင်ခြင်း ခံစားနေရသော မိခင်များသည် ကလေးကို အချိန်ကြာကြာ နို့တိုက်ကျွေးခြင်းကို လျှော့ချပြီး အကြိမ်များများ စိပ်စိပ် နို့တိုက်ကျွေးနိုင်ဖို့ ကြိုးစားပါ။

မယောင်သော ကျန်နို့တဖက်ဖြင့် ပထမဆုံး နို့စတိုက်သည့်အခါ ကျန်တဲ့တဖက်မှ နို့သက်ပြီး နို့ရည်များ စိမ့်ထွက်လာမည်ဖြစ်၍ ထိုယောင်နေ ၊ ကွဲနေသော နို့သီးခေါင်းသည် နူးညံ့လာပြီး နာကျင်ခြင်း သက်သာမည်ဖြစ်သည်။

 

BurmeseHearts Blog

နို့အုံတင်းခြင်း

နို့အုံတင်းနေခြင်းမှာ ကလေးကို နို့တိုက်ဖို့ လွတ်သွားလျှင် ဖြစ်တတ်ပါတယ်။ နို့အုံတင်းနေပါက တင်းနေသော နို့များအား ညှစ်ထုတ်ပေးပါ။

ကလေးနို့တိုက်ကျွေးချိန်တွင် တင်းနေသောနို့အား နို့တိုက်ကျွေးရင်း ဖြည်းဖြည်း ညင်သာစွာ နှိပ်နယ်ပေးပါ။ နို့တိုက်ကျွေးပြီးချိန်အထိ တင်းနေတဲ့နို့အုံဟာ မာနေဆဲ ၊ ယောင်နေဆဲဆိုပါက ဖြည်းဖြည်း ညင်သာစွာ နှိပ်နယ်ပေးရင်း ရေခဲအိတ်ကလေး ကပ်ပေးသောအခါ သက်သာလာပါတယ်။

 

နို့ပြွန်ပိတ်နေခြင်း

ကလေးဟာ နို့စို့အားဟာ ကောင်းမွန်တဲ့အတွက် နို့ပြွန်ပိတ်နေတဲ့နို့ကို အရင်တိုက်ပါ။ ထိုတဖက်အား နို့ခဏခဏ တိုက်ကျွေးပြီး နို့ရည်ကုန်သွားစေရန် တတ်နိုင်သမျှ ကြိုးစားပါ။ ရေနွေးနွေးဆွတ်ထားသော ပုဝါကလေးဖြင့် နို့သီးဖုကလေးအား နို့သီးခေါင်းထိပ်သို့ ဖြည်းဖြည်းညင်သာစွာ ဆွဲညှစ်တွန်းပေးပါ။

နို့ရည်ညှစ်ချဖို့ လိုအပ်ပါက ညင်ညင်သာသာ နို့ရည်များ ညှစ်ချပါ။ ရေခဲများမပါသော ရေခဲအုပ်ထားတဲ့ လက်ကိုင်ပုဝါကို ထိုနို့ပေါ်သို့ အုပ်ပေးပါ။ နို့တိုက်သည့်ပုံစံ ပြောင်းပြီးတိုက်ကြည့်ပါ။

 

နို့အုံ ယောင်ရမ်းနာ

ပုံမှန်အားဖြင့် နို့အုံ ယောင်ရမ်းနာဟာ ရင်သားတဖက်တည်းတွင် ဖြစ်ပွားတတ်ပါတယ်။ နို့အုံ ယောင်ရမ်းနာဖြစ်ပါက ထိုရင်သားတဖက်သည် နီနေခြင်း ၊ ပူနေခြင်း ၊ ယောင်နေခြင်း တို့အပြင် နို့သီးဖုကလေးဟာလည်း နာကျင်နေမှာပါ။ တခါတရံ အဖျားပါဝင်လာတတ်ပါတယ်။

ထိုသို့ဖြစ်ပွားပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး၍ ဆရာဝန်၏ အကူအညီကို ရယူပါ။

နို့အုံ ယောင်ရမ်းနာဟာ သင့်တစ်ယောက်တည်းကိုသာ ဒုက္ခပေး နာကျင်စေကာ ကလေးအား မည်သည့်ရောဂါပိုးမှ ကူးစက်မှာ မဟုတ်ပါ။ ဒါကြောင့်မို့ စိတ်အေးသက်သာစွာ ဆက်လက်၍ နို့ချို တိုက်ကျွေးနိုင်ပါတယ်။

 

မှက္ခရု

Candida albicans လို့ခေါ်တဲ့ yeast ကူးစက်မှုကြောင့် မှက္ခရုဟာ သင်နှင့် သင့်ကလေး၌ နို့တိုက်ကျွေးစဉ်ကာလအတွင်း ဖြစ်ပွားနိုင်ကြောင်းလည်း သိရသည်။

မှက္ခရု ဖြစ်ပွားပါက သင်နို့သီးများဟာ ယားယံခြင်း ၊ နီမြန်းနေခြင်း ၊ ယောင်ရမ်းနေခြင်းတို့ဖြစ်ကာ သင့်ကလေး၏ ပါးစပ်အတွင်း၌ အဖြူအကွက်ကလေးများ ဖြစ်ပေါ်လာတတ်ကြောင်း သိရသည်။

ထိုသို့ဖြစ်ပွားပါက သင်ရော သင့်ကလေးပါ ဆရာဝန်နှင့်ပြသပြီး ဆရာဝန်၏ အကူအညီကို ရယူပါ။

ရတု(burmesehearts.com)

BurmeseHearts Courses

You might also like