Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးမီးဖွားပြီးနောက် အလုပ်ပြန်ဝင်ရသော မိခင်များအတွက် – BurmeseHearts

ကလေးမီးဖွားပြီးနောက် အလုပ်ပြန်ဝင်ရသော မိခင်များအတွက်

0

မိခင်ရင်ငွေ့ထက် လုံခြုံသောနေရာ ကလေးများတွင်မရှိပါ။
မိခင်ရင်ငွေ့ထက် လုံခြုံသောနေရာ ကလေးများတွင်မရှိပါ။

အလုပ်လုပ်တဲ့မိခင်တွေဟာ မိမိရင်သွေးကို မနက်ရုံးမသွားမီတကြိမ် နို့အဝတိုက်ပြီး အလုပ်သွားနိုင်ပါတယ်။ အလုပ်ထဲမှာ ရေခဲသေတ္တာရှိပြီး ၎င်းတို့ကလည်း ခွင့်ပြုတယ်ဆိုရင်ဖြင့် နို့သက်ပြီး ထွက်လာမယ် နို့ရည်တွေကို လေလုံတဲ့ ဗူးသန့်သန့်ထဲ ညှစ်ထည့်ထားပြီး အေးခဲထားနိုင်ပါတယ်။ (အေးခဲထားတဲ့အတွက် မိမိရုံးဆင်းလာတဲ့အခါ အခဲအရည်ပျော်သွားနိုင်ပေမယ့် အအေးဓါတ်ရှိနေသေးတဲ့အတွက် ခရီးအလွန်မဝေးရင် နို့မပျက်နိုင်ပါ။)

အိမ်မှာလည်း ရေခဲသေတ္တာရှိတယ်ဆိုရင်ဖြင့် ထိုနို့ရည်ဗူးအား ပြန်ခဲထားပါ။ နောက်တနေ့ မိမိရုံးသွားချိန်တွင် ကလေးအား အေးခဲထားသည့်နို့ကိုနွေးပြီး တိုက်ကျွေးနိုင်ပါတယ်။ နွေးတယ်ဆိုပေမယ့် မီးနဲ့တိုက်ရိုက်ထိပြီး နွေးရတာမျိုးမဟုတ်ဘဲ ခဲနေသည့်မိခင်နို့ကို ဖန်ခွက်သန့်သန့်ထဲ ပြောင်းထည့်ပြီး ရေနွေးပူထည့်ထားတဲ့ ဇလုံထဲ ထည့်ထားလိုက်ရုံပါ။ တခဏအတွင်း နို့ဟာ အခဲပျော်ပြီး နွေးလာမှာဖြစ်ပေမယ့် ထိုခဏတာကို စောင့်မကြည့်နိုင်ဘူးဆိုရင် ဖန်ခွက်ကို ယင် ၊ ပုရွတ်ဆိတ် ၊ ပိုးဟတ်စတဲ့အကောင်တွေ မတက်နိုင်အောင် ၊ မနားနိုင်အောင် အဖုံးသန့်သန့် ဖုံးပေးထားရမှာဖြစ်ပါတယ်။ အကောင်းဆုံးက ချက်ချင်းနွေး ၊ စောင့်ကြည့် ၊ ကြက်သီးထရုံနွေးလာတဲ့ မိခင်နို့ကို ချက်ချင်းကလေးကို တိုက်ကျွေးပါ။

ရုံးနှင့်အိမ်မှာ ရေခဲသေတ္တာမရှိသူတွေအတွက်ကတော့ အိမ်နီးနားချင်းမှာ အခြားနို့တိုက်မိခင်မရှိရင်ဖြင့် နို့မှုန့်ကိုပဲ အားကိုးရမှာပါ။ ကလေးအတွက် တနေကုန် မိခင်နို့လာက်လောက်ငင မရှိရင်ဖြင့် နှို့မှုန့်ကို မိခင်နို့အစား ဖျော်တိုက်နိုင်ပါတယ်။ (တိုက်နည်းကို အောက်တွင်ကြည့်ပါ။)

မိခင်ရုံးက ပြန်ရောက်ရင်ဖြင့် ပထမဆုံးစွာ ကလေးနို့တိုက်ပြီး တညနေလုံးနှင့် ညဘက်တွင် ကလေးနို့ဆာချိန်မှာ မိခင်နို့တိုက်ရမှာပါ။ ဒီနည်းဟာ ကလေးအထူးကု သမားတော်ကြီး ဦးတင်ဦး M.B.B.S. , F.R.C.P(E) , D.C.H (ကလေးဆေးရုံကြီး)က ရေးသားညွှန်ကြားထားခဲ့သော ကလေးနှင့်အာဟာရ စာအုပ်မှ ကောက်နှုတ်ချက်ဖြစ်ပါတယ်။

BurmeseHearts Blog

မိခင်၏ နို့သီးခေါင်း နှင့် နို့ဗူးမှနို့သီးခေါင်း တူနိုင်ပါ့မလား

မိခင်ရဲ့ သဘာဝနို့သီးခေါင်းနဲ့ နို့ဗူးမှ နို့သီးခေါင်းတို့ဟာ မည်သို့ပင် တူအောင် တုလုပ်ထားသည်ဖြစ်စေ မတူနိုင်ပါ။ အမြင်မတူနိုင်သလို ထိုနို့သီးခေါင်းများအား အားထုတ်စို့ရသော ကလေး၏ အားထုတ်ရမှုလည်း မတူပါ။

ဒါကြောင့် မိခင်နို့တလှည့် ၊ နို့ဗူးတလှည့် စို့ရသောကလေးများဟာ နို့စို့ရာတွင် ဇဝေဇဝါများဖြစ်လာကာ နောက်ပိုင်း၌ နို့ဗူးကူတိုက်သော မိခင်ရဲ့ နို့သီးခေါင်းများအား ကလေးက တအားစုပ်စို့သဖြင့် နို့သီးခေါင်းကွဲခြင်း ၊ ယောင်ခြင်းတို့လည်း ဖြစ်တတ်ပြီး မိခင်ကနို့တိုက်ကျွေးဖို့ စိတ်ပျက်သွားတဲ့အထိ နို့တိုက်ကျွေးတိုင်း နာကျင်မှုကို ခံစားရတတ်ပါတယ်။

မိခင်နို့တလှည့် နို့ဗူးတလှည့် (သို့မဟုတ်) ညှစ်ထားသော မိခင်နို့တလှည့် တိုက်ကျွေးသူများအား  နို့ဗူး၏ နို့သီးခေါင်းကို မသုံးဘဲ ကလေးဇွန်းသန့်သန့်နဲ့ ကလေးအား နည်းနည်းစီ (မသီးအောင်) ခပ်တိုက်ပြီး ကလေးလျက်စို့နိုင်ဖို့ လေ့ကျင့်ပေးပါရန် ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

ဒီတော့မှ ကလေးဟာ တခြားနို့သီးခေါင်းနဲ့ မိခင်နို့သီးခေါင်းတို့ မှားယွင်းပြီး တအားစုပ်စို့လို့ ဖြစ်လာမယ့် နာကျင်မှုများ ၊ စိတ်မသက်သာမှုများ ကင်းဝေးကာ မိခင်က ကလေးနို့တိုက်ကျွေးချင်စိတ်ကို ရေရှည် ထိန်းထားနိုင်မှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like