Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဂရုစိုက်လိုတဲ့ ဆန္ဒသာလျှင် အရေးအကြီးဆုံးဖြစ်သည် – BurmeseHearts

ဂရုစိုက်လိုတဲ့ ဆန္ဒသာလျှင် အရေးအကြီးဆုံးဖြစ်သည်

0

ချစ်ခြင်းမေတ္တာကသာ မိသားစု၏ နွေးထွေးမှုသံယောဇဉ်ကို တန်ဆာဆင်နိုင်သည်။
ချစ်ခြင်းမေတ္တာကသာ မိသားစု၏ နွေးထွေးမှုသံယောဇဉ်ကို တန်ဆာဆင်နိုင်သည်။

နှစ်နှစ်အောက်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုဟာ မေတ္တာတုန့်ပြန်ပေးစွမ်းမှု နဲ့ ဘယ်လိုပြုစုစောင့်ရှောက်မှု ခံရတယ်ဆိုတာအပေါ် မူတည်ပြီး တန်ပြန် တိုးတက်ဖွံ့ဖြိုးလာတာပါလို့ ဗြိတိန်နိုင်ငံက ကလေးသူငယ်ဆိုင်ရာ စိတ်ပညာရှင် Steve Biddulph က ဆိုထားပါတယ်။

တူညီသောအားဖြင့် အဲဒီလို ချစ်မေတ္တာနဲ့ ပြုစုစောင့်ရှောက်မှုမျိုး မခံယူခဲ့ရဘဲ ကြီးပြင်းလာခဲ့ရတဲ့ ကလေးများဟာတော့ တကယ့်လူတစ်ယောက်ကဲ့သို့ စိတ်ရောလူပါ တိုးတက်ဖွံ့ဖြိုးမှုနဲ့ မဖွံ့ဖြိုးနိုင်တော့ဘူးလို့ ၎င်းက ဆိုထားပါတယ်။

မွေးကင်းစကလေးငယ်များကို ချစ်ခြင်းမေတ္တာထားပြီး ပြုစုစောင့်ရှောက်ခြင်းဟာ ဇိမ်ခံလို့ရတဲ့ အရာတစ်ခုသုံးလိုက်သလို မလွယ်တဲ့အတွက် ရေရှည်မှာ စိတ်ညစ်စရာကြီး ဖြစ်နေမှာပါ။ ဒါပေမယ့် ဒါဟာ မိဘအုပ်ထိန်းသူတွေ လုပ်ကိုလုပ်သင့်တဲ့ အရာပါပဲ။
BurmeseHearts Blog
မွေးကင်းစက ကလေးအရွယ်ကနေ ၊ လေးဘက်တွား စသဖြင့်သော ကလေးတိုးတက် ဖွံ့ဖြိုးမှု အဆင့်ဆင့်ကို မသိနားမလည်လို့ ကလေးကို မကြည့်ရှုတတ်ဘူးလို့ ဆိုလာတဲ့ မိဘများအတွက် သင့်ရင်ထဲ ၊ နှလုံးသားက လာတဲ့အတိုင်း လိုက်ပြုမူလိုက်ပါလို့ Steve Biddulph က အကြံပြုထားပါတယ်။ ဘာဖြစ်လို့လဲဆို မိမိကလေးကို အကောင်းဆုံး ကိုယ်တိုင်ကိုယ်ကျ  လုပ်ကိုင်ပေးလိုတဲ့ မိဘဟာ ယင်းအတွက် လိုအပ်တဲ့ ဗဟုသုတကို ကိုယ်တိုင်ရှာဖွေ စုဆောင်းသွားမှာ ဖြစ်ပါတယ်လို့ သူက ဆိုထားပါတယ်။

 တကယ်လို့များသာ မိမိငယ်စဉ် ကလေးဘဝက မိဘမေတ္တာဆိုတာကို စွဲစွဲမြဲမြဲ မခံစားခဲ့ရတဲ့သူဆိုပါက မိမိတို့ကိုယ်တိုင် ဘာဆုံးရှုံးလို့ ဆုံးရှုံးမှန်းမသိဘဲ အဲဒီအရာမရခဲ့တဲ့ မိမိဟာ အဲဒီအရာပြန်ပေးဖို့ မေ့လျော့နေတတ်ကြပါတယ်။

ကိုယ်ငယ်ငယ်က ငယ်စဉ်ဘဝကို ဘယ်လိုဖြတ်သန်း ကြီးပြင်းလာရသလဲ ၊ အဲဒီအပေါ် ဘယ်လိုခံစားမှုမျိုး စွဲစွဲမြဲမြဲ ဖြစ်ပေါ်ခဲ့သလဲဆိုတာနဲ့ ကလေးဘဝဆိုတာကို ဘယ်လိုခံယူချက်ရှိသလဲ ဆိုတာတွေအပေါ်မူတည်ြ့ပီး ကိုယ်တိုင် သားသမီးရလာတဲ့အခါ မိမိသားသမီးကို ဘယ်လိုပြုစုစောင့်ရှောက်ပြီး ဘယ်လိုဆက်ဆံသွားမလဲ ၊ ဘယ်လိုကြီးပြင်းစေမလဲဆိုတာတွေလဲ မူတည်နေပါတယ်။

ငယ်ရွယ်တဲ့မိဘတွေအများစုကတော့ သူတို့ရဲ့ တကယ့်ခံစားမှုဆိုတာကို သူတို့ကလေးနဲ့ ခွဲခွါရမယ့် အချိန်အထိ သတိထားမိခြင်း ၊ သိရှိခြင်း မရှိကြဘူးလို့ သိရပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ လက်ရှိဖြစ်နေတဲ့ လူနေမှုပတ်ဝန်းကျင်ပုံစံကိုက စုစုဝေးဝေး ပျော်ရွှင်ဖို့ ၊ တစ်ဦးကိုတစ်ဦး ဂရုတစိုက်ကြည့်ရှု စောင့်ရှောက်ဖို့ ၊ မိသားစုရဲ့လိုအပ်ချက်တွေကို ဝိုင်ဝန်းဖြည့်ဆည်းပေးဖို့ ဆိုတာတွေကို မှားယွင်းစွာ ပစ်ပယ်ထားတာကပဲ အထာကျနေပြီမဟုတ်လား။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like