Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေး၏ ဦးရေပြားကို ဂရုစိုက်ပါ – BurmeseHearts

ကလေး၏ ဦးရေပြားကို ဂရုစိုက်ပါ

0

ဂရုစိုက်ရမည့် ဦးရေမဆက်သေးသော ကလေး၏ခေါင်း
ဂရုစိုက်ရမည့် ဦးရေမဆက်သေးသော ကလေး၏ခေါင်း

ကလေး၏ ဦးရေပြားကို ဂရုစိုက်ပါ

မွေးကင်းစကလေး၏ ဦးရေပြားသည် ဦးထိပ်တွင် ပျော့စိစိဖြစ်နေတာကို ဖွဖွထိကိုင်ရုံနှင့် သိနိုင်သည်။ လှုပ်တုတ်တုတ် ဖြစ်နေတာကိုလည်း ဆံပင်ပါးတဲ့ ကလေးတွေမှာ တွေ့မြင်နိုင်သည်။ ထိုနေရာအား ကိုင်လိုက်လျှင် ခပ်နွေးနွေးခံစားရသည်။

မွေးကင်းစကလေးတိုင်းဟာ ဦးရေမဆက်သေးတဲ့အတွက် ထိုသို့ မွေးဖွားလာခြင်းဖြစ်သည်။ ဦးရေဆက်ဖို့ (၉)လမှ (၁၈)လအထိ ကြာနိုင်သည်။ ကလေးတစ်ဦးနှင့်တစ်ဦး ဦးရေဆက်သည့်ကာလ မတူနိုင်ပေ။ ထို့ကြောင့် ကလေးဦးထိပ်ကို ဂရုတစိုက် သတိထားသင့်သည်။

အထူးသဖြင့် ကလေးခေါင်းလျှော်ပြီးချိန်မျိုး ၊ ရာသီဥတုအေးချိန်မျိုး ၊ ရာသီဥတုပူလို့ ကလေးချွေးထွက်များချိန်မှာ ဦးရေမှ ရေစို ၊ ချွေးစိုနေသော ဆံပင်များကို ခြောက်သွေ့အောင် အမြဲသတိထားရမည်။ သို့မဟုတ်ပါက ကလေးအအေးမိနိုင်သည်။

ရှေးလူကြီးတွေက မွေးဆံပင် မထားကောင်းဘူးဆိုပဲ ကလေးရဲ့ မွေးဆံပင်ကို ရိတ်လိုတာပဲဖြစ်ဖြစ် ၊ ကလေးဆံပင်မသန်လို့ သန်အောင် ရိတ်လို့တာပဲဖြစ်ဖြစ် အစောဆုံး ကလေးငါးလအရွယ်ရောက်ပါမှ မွေးဆံပင်ကို ရိတ်သင့်ပါတယ်။ အထူးသဖြင့် ဦးထိပ်ကဆံပင်မွှေးလေးတွေဟာ မဆက်သေးတဲ့နေရာက ဦးရေပြားတွေကို နွေးနွေးလေးဖြစ်နေအောင် ၊ တိုက်ရိုက်ထိခိုက်မိတာမျိုးမဖြစ်အောင် အကာအကွယ်ပေးထားတာပါ။

စာရေးသူ၏ ငါးလကျော်အရွယ် သမီးကလေး ခေါင်းရိတ်စဉ်ကပုံ

ကျွန်မသမီးတုန်းက မွေးကင်းစတည်းတက ဆံပင်အရမ်းသန်ပါတယ်။ ဆံပင်ကထူပြီးသန်လွန်းလို့ ရာသီဥတုအပူချိန်နဲ့ ခေါင်းမှာ အနီဖုလေးတွေ ပေါက်လာခဲ့တော့ ဆံပင်ရိတ်ဖို့ ဖြစ်လာပါတယ်။ ကလေးငါးလကျော်တော့ ဦးရေပြားထိပ်ပတ်ဝန်းကျင်က ဆံပင်တကွက်ပဲချန်ထားခဲ့ပြီး အနောက်နဲ့ဘေးကို အကုန်ရိတ်လိုက်ပါတယ်။

နောက်တပတ်လောက်စောင့်ပြီးမှ ဦးထိပ်က ဆံပင်ကိုပါ ရိတ်လိုက်ပါတယ်။ ဦးခေါင်းရိတ်ချိန် အပူတွေအကုန်ကန်ထွက်တော့ ဒီဒဏ်ကိုဆောင့်ပြီးမခံရအောင် ဦးထိပ်ကဆံပင်ကို နောက်မှရိတ်တာပါ။ ဒါကြောင့်မို့လို့လည်း ခေါင်းရိတ်လို့ အအေးမိဖျားနာတာမျိုး ၊ နှာစေးချောင်းဆိုး နေထိုင်မကောင်းဖြစ်တာမျိုး မကြုံခဲ့တာပါ။

ဆံပင်ရိတ်တဲ့ကလေးပဲဖြစ်ဖြစ် ၊ မရိတ်တဲ့ကလေးပဲဖြစ်ဖြစ် အေးသော မိုးတွင်း ၊ ဆောင်းတွင်း နှင့် လေထန်သော အခြေအနေများတွင်လည်း ရာသီဥတုအခြေအနေအပေါ် မူတည်၍ ကလေး၏ဦးခေါင်းအား နွေးနွေးထွေးထွေးဖြစ်အောင် အထူးသတိထားသင့်သည်။

BurmeseHearts Blog

တချို့ မြန်မာအယူအဆမှာ ကလေးငယ်ငယ်လေးများအား အုန်းဆီပေးလိမ်းတတ်သည် ။ ဘယ်လိုအကြောင်းကြောင့်ဖြစ်စေ ကလေးဟာ နုနယ်သေးသဖြင့် မလိမ်းလဲရသည့် အခြေအနေမျိုးမှာ လိမ်းပေးချင်သပဆို လူကြီးလက် အုန်းဆီတစ်စက်ချ လက်နဲ့ပွတ်ပြီး ကလေးဦးခေါင်း သပ်လိုက်လျှင် လုံလောက်နေပါပြီ ။ ခေါင်းတခုလုံး ရွှဲရွှဲစိုအောင်ထိတော့ လိမ်းပေးဖို့ မလိုပေ။

ရှေ့စာများတွင် ဖော်ပြထားသကဲ့သို့ ကလေးအသက်ရှူလမ်းကြောင်းထဲ ထိုအမှုန့်များ မဝင်အောင် သုံးလအောက် ကလေးများအား ပေါင်ဒါ နှင့် သနပ်ခါးတို့ကို ကိုယ်အထက်ပိုင်း လုံးဝ မလိမ်းပေးသင့်။

သေးစို ၊ ရေစို၍ ကလေးဖင်ခြောက်သွေ့အောင် လိမ်းချင်သပဆိုလျှင် ပေါင်ဒါကို ခြောက်လအောက် ကလေးကိုယ်ပေါ်၌ တဖတ်ဖတ် ရိုက်ပြီးလိမ်းပေးခြင်းအား ရှောင်သင့်သည်။ သေးမှုန်သော ထိုပေါင်ဒါမှုန့်များသည် လေထုထဲမှတဆင့် ကလေးအသက်ရှူလမ်းကြောင်းသို့ ရောက်သွားနိုင်သောကြောင့် ဖြစ်သည်။

ပေါင်ဒါတို့ပတ်တွင် ပေါင်ဒါပါရုံလောက်တို့ပြီး မိမိလက်ဖမိုးဖြင့် ပေါင်ဒါသိပ်သွားအောင် ဖြေးညှင်းစွာ ပွတ်ပြီးမှ မိမိလိမ်းပေးလိုသော ကလေး၏ ကိုယ်အောက်ပိုင်းကို ပွတ်လိမ်းပေးနိုင်သည်။

ကလေး ခါးတောင်းကျိုက် (Diaper) ပေးသုံးသည့် မိဘများအတွက်မူ မိမိ၏ကလေးအား Diaper သုံး၍ဖြစ်တတ်သည့် အပူလောင်နာများ ကလေးတွင် မဖြစ်ပေါ်စေရန် Desitin ၊ Baritex ၊ Bepanthen ကဲ့သို့သော ကလေး Diaper Rash ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်သည့် ခရင်မ်များအား မိမိကလေးဆရာဝန်၏ အကြံဥာဏ်ယူ၍ အသုံးပြုသင့်သည်။

ကလေးတိုင်းမှာ ပင်ကိုယ်ဗီဇစရိုက် မွေးကတည်းက ပါရှိလာကြသည့်အတွက် ၎င်းတို့၏ ပင်ကိုယ်ဗီဇစရိုက်ကို မိဘတွေကိုယ်တိုင်က တလေးတစား လက်ခံသင့်သည်။ မဆိုးရွားသော ဗီဇအတွက် ယင်းသို့ လက်ခံနိုင်ဖို့ကိုလည်း မွေးကင်းစကလေးကို စတင်ပိုက်မိချိန်ကစ၍ လေ့ကျင့်ထားရမည်ဖြစ်သည်။ ကျွန်မ၏ သမီးနှင့် ဥပမာ ပေးပါမည်။ ကျွန်မသမီးဟာ မွေးပြီး နှစ်ရက် သုံးရက်အတွင်းမှာပင် ခေါင်းအုန်းကို မကြိုက်တာ သတိထားမိသည်။ ထိုအချိန်မှစ၍ ကျွန်မဟာ သူ့ကို ခေါင်းအုန်းမပေးတော့ပါ။ နောက်ပိုင်း စမ်းပေးတိုင်းလည်း ခေါင်းအုန်းကိုဖယ်ခွါပြီးမှ အိပ်ကျင့်ရှိသည်။

ပြုံးတတ် ၊ ရယ်တတ်စရှိသည့်အရွယ်တွင် ဦးထုပ်ဆောင်းတာနှင့် မျက်နှာတည်ပြီး အလိုမကျမှုကိုပြသည်။ လအနည်းငယ်ရှိသော် ဦးထုပ်ဆောင်းတာနှင့် ငိုသည်။ ဦးထုပ်မကြိုက်တဲ့ကလေးကို နေပူလို့ ၊ ဘာလို့ဆိုပြီး ဦးထုပ်အတင်းပေးဆောင်းလျှင် သူ၏ဆန္ဒကို မလေးစားရာရောက်သည်။ သူ၏ဆန္ဒကို ကောင်းကောင်း သိမြင်လာသောအခါ ကျွန်မတို့ဇနီးမောင်နှံက သူမကြိုက်သည့် ခေါင်းဆောင်းမှန်သမျှ ပေးမဆောင်းစေတော့ပါ။ နေပူလျှင် ထီးဆောင်းပေးသည်။ တခုခုဖြင့်သာ ကာပေးတော့သည်။

ကောင်းစေချင်လို့ဟူသည့် မိဘ၏လုပ်ပိုင်ခွင့်နှင့် မိမိဆန္ဒကို ရှေ့တန်းတင်လိုက်လျှင် ကလေး၏ဆန္ဒဟာ နောက်ရောက်သွားပြီဖြစ်သည်။ တချိန်နားလည်လာသော ကလေးဟာ ထိုအကျင့်အား မိဘဆီက  သင်ယူခဲ့ပြီးဖြစ်၍ သူများဆန္ဒကို လေးစားဖို့ သင်ကြားရာတွင် အခက်တွေ့လာသည်။

ကလေးသူများအား တလေးတစား ဆက်ဆံခြင်းဟာ ၎င်းတို့၏ယုံကြည်မှုအား မြှင့်တင်ပေးရာရောက်သည်။ ထိုအပိုင်းအား နောင်မှ ဆက်လက်ရေးသားပါမည်။ မိမိကလေးအား ယုံကြည်မှုရှိရှိဖြင့် ကြီးပြင်းစေလိုပါလျှင် ၎င်းတို့၏ သဘောထားဆန္ဒအား အလေးထားကြောင်း ပြသရမှာဖြစ်သလို သူမကြိုက်တာကို အတင်းလုပ်စေခြင်း စနောက်၍ လုပ်ခြင်း ၊ ယင်းသို့လုပ်ပြီး လှောင်ပြောင်ရယ်မောခြင်းဟာ ကလေးအား မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့လာစေရုံမျှမက သိမ်ငယ် ရှက်ကြောက်စိတ် ဝင်လာစေသည်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

You might also like