Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘစီမံတဲ့အိမ်ထောင်ရေး(၃) – BurmeseHearts

မိဘစီမံတဲ့အိမ်ထောင်ရေး(၃)

0

လက်ထပ်ထိမ်းမြားခြင်း

ဖူးဖူး(အမည်ရင်းမဟုတ်)ရဲ့အဖေဟာ ချမ်းသာတဲ့ နယ်စပ်မြို့ကလေးတစ်မြို့ရဲ့ မြို့မျက်နှာဖုံးတစ်ဦးဖြစ်တယ်။ ဖူးဖူးငယ်ငယ်ကတည်းက အမေဆုံးပါးသွားခဲ့ပြီး အစ်ကိုနှစ်ဦး ၊ အဖေတို့နဲ့ပဲ ကြီးခဲ့ရသူတစ်ဦးဖြစ်တော့ အဖေနဲ့ အစ်ကိုတွေက ဖူးဖူးကို သိပ်ချစ်ကြ ၊ သိပ်အလိုလိုက်ကြတယ်။

ဖူးဖူးဆယ်တန်းနှစ်မှာ ရန်ကုန်မှာမှ စာမေးပွဲဖြေချင်တယ်ဆိုလို့ ရန်ကုန်က အသိအိမ်မှာထားပြီး ဆယ်တန်းတစ်နှစ်လုံး ရန်ကုန်မှာ ဖူးဖူးစိတ်တိုင်းကျ Day Speical တွေ ၊ ဂိုက်တွေနဲ့ လိုလေသေးမရှိထားတယ်။ တခြားမြို့ရွာမှာ မျက်နှာမငယ်ရအောင် ငွေဆိုတာ ပေါချင်းသောချင်းကို အိမ်က ပံ့ပိုးတာ။

ဆယ်တန်းစာမေးပွဲဖြေခါနီး လအနည်းငယ်အလိုမှာ ဖူးဖူးနဲ့ သာမာန် ဆေးကျောင်းသားလေးတစ်ဦးငြိပြီး ချစ်ကြိုက်ကြတယ်။ ဖူးဖူးတို့အိမ်က မသိသလို ဘယ်သူမှ မရိပ်မိခဲ့ကြဘူး။ ဖူးဖူးအဲဒီနှစ်မှာ စာမေးပွဲကျတယ်။ နောက်နှစ်မှာလည်း ဖူးဖူးက ရန်ကုန်မှာပဲ ကျောင်းတက်မယ်ဆိုတာကြောင့် စာမေးပွဲကျတဲ့ဖူးဖူး စိတ်ဓါတ်မကျအောင် အိမ်က မနှစ်ကလိုပဲ ရန်ကုန်မှာ ဖူးဖူးစိတ်ကြိုက်ထားပေးတယ်။

လေး ၊ ငါး ၊ ခြောက်လလောက်ကြာတော့ ဖူးဖူးရဲ့ဇတ်လမ်းကို ရန်ကုန်အသိအိမ်ကတဆင့် သူ့အိမ်က သိသွားခဲ့တယ်။ ဒါပေမယ့် မသိချင်ယောင်ဆောင်ပြီး နေခဲ့ကြတယ်။ စာမေးပွဲဖြေပြီးတဲ့ နောက်ဆုံးနေ့မှာပဲ ဖူးဖူးအစ်ကိုက ဖူးဖူးကို ရန်ကုန်လာခေါ်တယ်။ သူတို့မိဘအပြောကတော့ ဖူးဖူးဟာ အဲဒီဆေးကျောင်းသားလေးကို ငွေထောက်ပံ့ပေးနေခဲ့တာဖြစ်ပြီး အဲဒီဆေးကျောင်းသားလေးဟာ ဖူးဖူးကို ငွေရလို့ ကပ်နေတာလို့ဆိုတယ်။ ဖူးဖူးကတော့ သူတို့နှစ်ယောက် တကယ်ချစ်ကြတာပါပေါ့။

မိဘအိမ်ပြန်ရောက်တာနဲ့ ဖူးဖူးအဖေက ဖူးဖူးကို ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်စေဘဲ အိမ်ထဲမှာပဲနေစေခဲ့တယ်။ တဖက်ကလည်း စိတ်အချရဆုံးလို့ သူယုံကြည်တဲ့ လူယုံနဲ့ ပေးစားဖို့စီစဉ်တယ်။ ဒါကို ဖူးဖူးသိတော့ အိမ်က ထွက်ပြေးဖို့အကြိမ်ကြိမ် ကြိုးစားတယ်။ အဖေက မြို့မျက်နှာဖုံး ၊ အဆက်အသွယ်ကလည်း တအားများတော့ အဲဒီနယ်စပ်မြို့ထဲမှာ ဖူးဖူးကို မသိတဲ့သူ မရှိဘူး။ ဒီတော့ ဖူးဖူးအဖေရဲ့ အရှိန်အဝါကို ကြောက်ကြတဲ့ သတင်းပေးတွေကြောင့် ဖူးဖူးဟာ မြို့ကလွတ်အောင် ထွက်မပြေးနိုင်ဘဲ အဖေပေးစားတဲ့ အဖေ့လူယုံ ၊ သူမထက်(၁၀)နှစ်လောက် ကြီးတဲ့လူနဲ့ ထိမ်းမြားပေးတာ ခံလိုက်ရတယ်။

အိမ်ထောင်ချပြီးလည်း ထွက်ပြေးဖို့ ကြိုးစားနေဆဲ ဖူးဖူးကြောင့် ဖူးဖူးရဲ့အဖေက ဖူးဖူးကိုစောင့်ကြည့်ဖို့တာဝန်ကိုပဲ သူ့လူယုံ (ဖူးဖူးယောကျာ်း)ကို ပေးတော့တယ်။ ရလဒ်ကတော့ ဖူးဖူးမှာ ကိုယ်ဝန်ရသွားခဲ့တယ်။ ကိုယ်ဝန်ရလာတဲ့ဖူးဖူးဟာ အိမ်လှေကားကနေ လှိမ့်ချပြီး မလိုချင်တဲ့ကိုယ်ဝန်ဖျက်ချဖို့အထိ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ (သူမရင်ထဲ ဘယ်လောက်ခါးသည်းနေလိုက်မလဲနော်။)

အကြိမ်ကြိမ် ဖျက်ကျဖို့ကြိုးစားခဲ့တဲ့ကိုယ်ဝန်ဟာ မပျက်ကျခဲ့ဘဲ ဖူးဖူးဟာ သူမခင်ပွန်းနဲ့ ချွတ်စွပ်တူတဲ့ သားကလေးတစ်ယောက် မွေးလာတယ်။ ဖူးဖူးရဲ့အဖေဟာ မြို့မျက်နှာဖုံး အပေါ်ပေါက် ၊ အောက်ပေါက်ဆိုတော့ မြို့လာတဲ့ အစိုးရအရာရှိတွေကို ခရီးဦးကြိုပြုရလေ့ရှိတယ်။ ဒါကိုမကျေနပ်တဲ့ သူပုန်တွေက အခွင့်ရတဲ့အချိန်မှာ တပည့်အများကြီးရှိတဲ့ ဖူးဖူးရဲ့အဖေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။

အဖေဆုံးသွားပြီဆိုတော့ အဖေ့အရှိန်ကြောင့် လွတ်မြောက်ခွင့်မရခဲ့တဲ့ ဖူးဖူးရဲ့ လွတ်မြောက်ဖို့လမ်းစ ထွက်လာပါပြီ။ မချစ်ဘဲအတင်းပေးစားလို့ ယူခဲ့ရတဲ့ ဖူးဖူးဟာ တချိန်က အဖေ့တပည့်ဖြစ်ခဲ့တဲ သူမခင်ပွန်းကို အလွန်မုန်းတီးနေသူဖြစ်တယ်။ သူမခင်ပွန်းကလည်း ဖူးဖူးအဖေကို မလွန်ဆန်နိုင်လို့သာ ပေါင်းသင်းခဲ့ရတာ။ သူ့ကိုလုံးဝ ကြည့်မရဘဲ နှိမ်ချပြောဆိုတတ်တဲ့ ဖူးဖူးနဲ့ ရေရှည်ပေါင်းသင်းသွားချင်စိတ် မရှိတော့ဘူး။

ကြားထဲက ဓါးစာခံဖြစ်ရသူက ကလေးပါ။ နောက်ဆုံးမှာ ဖူးဖူးဟာ အဲဒီအမျိုးသားနဲ့ကွဲပြီး သားကိုခေါ်ကာ ဘဝကို ရင်နာနာနဲ့ အရွဲ့တိုက်လိုက်သလားတော့ မသိပါဘူး။ သူမဟာ အိမ်ထောင်ဆက် များတဲ့သူတစ်ယောက် ဖြစ်လာတယ်။ ဘိန်းမှုနဲ့ ထောင်အကြိမ်ကြိမ် ကျဖူးတဲ့သူဖြစ်လာတယ်။ ဘဝမှာ ခါးခါးသည်းသည်း စိတ်ဒဏ်ရာရသွားသူ ဖြစ်လာတယ်။ ဒါတွေဟာ ဘယ်သူ့ကြောင့်လဲနော်။

တကယ်လို့များ ချစ်သူနဲ့ခွဲပစ်တာခံရတဲ့သူမဟာ အိမ်ထဲပိတ်လှောင်မခံခဲ့ရရင် ၊ မချစ်နှစ်သက်သူနဲ့ အတင်းပေးစားခြင်း မခံခဲ့ရရင် ၊ မလိုချင်တဲ့ကိုယ်ဝန်ကို လွယ်မမွေးခဲ့ရရင် သူမရဲ့ဘဝဟာ ယခုလို အခြေအနေမျိုး ဖြစ်ချင်မှ ဖြစ်လာမှာပါ။ အချုပ်အနှောင်ခံဘဝက လွတ်မြောက်တဲ့အချိန်မှာ မလိုချင်ဘဲရလာတဲ့ အဖေတူသားကလေးကိုမြင်တိုင်း သူမဟာ နာကျင်ခဲ့ရတဲ့နေ့တွေကို ပြန်သတိရလာရင်း ဘဝကို ရင်နာနာနဲ့ အရွဲ့တိုက် ထွက်ပေါက်ရှာလိုက်ချိန်မှာ ရလဒ်ကောင်းတွေ ထွက်မလာတော့ဘူးပေါ့။

မချစ်ဘဲယူရပေမယ့် နောင်သံယောဇဉ်ရှိလာရင် သူ့အလိုလိုချစ်သွားမှာဆိုတဲ့ ထင်မြင်ချက် လက်ကိုင်ထားပြီး မမြင်နိုင်တဲ့အနာဂါတ်ကို ဆုံးဖြတ်လိုက်မယ်ဆို မရေရာတဲ့ အနာဂါတ်ကို ရရှိမှာပါပဲ။ နာကျင်မှုတွေဆက်တိုက်ခံစားရတဲ့သူဟာ နာကျင်တဲ့ခံစားမှုတွေကြောင့် မှားယွင်းစွာထွက်ပေါက်ရှာမိတဲ့အခါမှာ ဓါးစာခံဖြစ်သွားတာကတော့ သူ့ဘဝနဲ့ သူ့ရင်သွေးလေးတွေပါပဲ။

ရတု (Burmesehearts.com)

You might also like