Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန် (၁၆)ပတ် မှ (၁၉)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန် (၁၆)ပတ် မှ (၁၉)ပတ်အတွင်း

0

5th month

ကိုယ်ဝန် (၁၆)ပတ် မှ (၁၉)ပတ်ကာလအတွင်း ရောက်ပြီဆိုရင်ဖြင့် ကိုယ်ဝန်ခိုင်လာပြီပေါ့။ ဒီကာလကနေစပြီးတော့ သန္ဓေသားဟာ အချင်းကနေတဆင့် အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေကို မိမိရဲ့ချက်တိုင်ကနေပြီး  စတင်ဖြည့်တင်းလို့နေပါပြီ။

ကိုယ်ဝန် (၁၆)ပတ် မှ (၁၉)ပတ်ကာလအတွင်းမှာ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဝမ်းဗိုက်ဟာ ပိုပေါ်လွင်လာပြီး အချင်းနဲ့ သားအိမ်အကြားက အကွာအဝေးဟာ ပိုလို့ ကျယ်ပြန့်လာပါတယ်။

ကိုယ်ဝန်ဆောင်သည်မိခင်လောင်းရဲ့ ရင်သားတွေဟာ ပိုမိုကြီးမားလာပြီး တချို့မိခင်လောင်းတွေဟာ ကိုယ်ဝန်(၁၈)ပတ်ကနေစတင်ပြီး ကလေးလှုပ်ရှားမှုကို စတင်ခံစားရတတ်ပါတယ်။

ကိုယ်ဝန် (၁၆)ပတ် မှ (၁၉)ပတ်ကာလအတွင်းမှာ ကလေးဟာ (၂၅)စင်တီမီတာသို့ ရောက်ရှိလာပြီး ကလေးရဲ့အဆုပ်ဟာ အလုပ်ကောင်းကောင်း လုပ်နေပါပြီ။ (stethoscope) နဲ့ နားထောင်မယ်ဆိုရင် ကလေးရဲ့ နှလုံးခုန်သံကို ပီပီပြင်ပြင် ကြားရပါပြီ။

ကိုယ်ဝန် (၁၆)ပတ် မှ (၁၉)ပတ်ကာလအတွင်း၌ နား ၊ နှာခေါင်း ၊ ပါးစပ်တွေကို ပုံဖော်နေပြီးတော့ လက်ချောင်း ၊ လက်သည်းနဲ့ ဆံပင်တွေဟာလည်း စတင်ဖွံ့ဖြိုးလာပြီဖြစ်ပါတယ်။

ဒီကာလကစတင်ပြီး အကြောပြတ်တဲ့အရာတွေ ဗိုက်မှာ ထင်ကောင်းထင်လာနိုင်ပါတယ်။ ဒါဟာ ကိုယ်ဝန်ကြောင့် ဗိုက်ဟာကြီးထွားလာတဲ့အတွက် အရေပြားဟာ ဆွဲဆန့်ထားသလိုအနေအထား ဖြစ်လာလို့ပါ။ တကယ်လို့များ ဗိုက်ကအရေပြား ဆွဲဆန့်တာကို ဗိုက်တဝိုက်က တစ်ရှူးတွေက မထိန်းနိုင်တော့တဲ့အတွက် အကြောပြတ်ရာတွေ ထင်လာတာပါ။

ဗိုက်ကြောပြတ်လာပြီဆိုရင် အနီရောင်လိုင်းတွေ ပေါ်လာမှာပါ။ ဗိုက်ကြောပြတ်တာ သက်သာစေချင်ရင် ကိုယ်ဝန်ဆောင်သည်တွေအတွက် ဗိုက်ကြောမပြတ်အောင် ဖော်စပ်ထားတဲ့ ကရင်မ်တွေ ၊ ဆီတွေကို လိမ်းပေးသင့်ပါတယ်။

ကျွန်မကိုယ်ဝန်ဆောင်စဉ်တုန်က (Bio Oil)ဆိုတဲ့ဆီကို မနက်တစ်ခါ ၊ ညတစ်ခါ ရေချိုးပြီးတိုင်း ခပ်ပါးပါး သုတ်ပေးခဲ့ပါတယ်။ ကိုယ်ဝန်လေးလ (၁၄)ပတ်လောက်ကတည်းကစပြီး ကိုယ်ဝန်ဆောင်စဉ်တလျောက် မှန်မှန်လိမ်းပေးခဲ့တာကြောင့် ဗိုက်ကြောပြတ်ရာတွေ လုံးဝမပေါ်ခဲ့ပါဘူး။

ဗိုက်ကြောပြတရာတွေဟာ ကလေးမွေးပြီးနောက်ပိုင်းမှာ မှိန်ဖျော့သွားတတ်ပြီး အဖြူရောင်မကျတကျ လိုင်းတွေသာ ကျန်ခဲ့နိုင်သလို လုံးဝပျောက်သွားတာလည်း ရှိပါတယ်။ တချို့ကျတော့ မျိုးရိုးအပေါ်လည်း မူတည်လို့နေပါတယ်။

ရတု (Burmesehearts.com)

 

You might also like