Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း

0

4 month

ကိုယ်ဝန်ဆောင်မိခင်လောင်းများဟာ ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ် ကာလအတွင်းတွင် စားချင်သောက်ချင်စိတ်တွေ ပြန်ဝင်လာပြီး Morning Sick လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင် ပျို့အန်ခြင်းတွေဟာလည်း ပါးလာတာ တွေ့ရပါတယ်။

ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်ကာလကနေစပြီးတော့ ပူစပြုလာတဲ့ဗိုက်ကလေးကို စတင် မြင်တွေ့ရပြီပေါ့။ ထိုကာလအတွင်းမှာ ဗိုက်ပူတာကို မြင်ရရုံတင်မဟုတ်ပါဘူး။ ဗိုက်ထဲက ကလေးဖွံ့ဖြိုးမှုကြောင့် သားအိမ်အရွယ်အစားကလည်း ကြီးလာတဲ့အတွက် ခြေထောက်အပေါ်ပိုင်း အဆစ်အမြစ်တွေ နာကျင်တတ်တာမျိုး (သို့မဟုတ်) ကြွက်တက်တာမျိုးတွေကို ခံစားရနိုင်ပါတယ်။

ကိုယ်ဝန်(၁၄)ပတ်နောက်ပိုင်းမှာ အချင်းဖြစ်ပေါ်လာပြီဖြစ်တဲ့အတွက် ကိုယ်ဝန်ပျက်ကျနိုင်ချေဟာလည်း ပိုနည်းသထက် နည်းလာပြီပေါ့။

ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း၌ သန္ဓေသားဟာ (၁၅)စင်တီမီတာ အရွယ်အစားရှိလာပြီး အလေးချိန်ကတော့ (၁၀၀)ဂရမ်ဖြစ်လာပြီပေါ့။ သန္ဓေသားရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေဟာ ထိုကာလအတွင်းမှာ စတင်ဖွံ့ဖြိုးလာပါပြီ။ လက်မောင်းတွေ ၊ လက်တွေကတော့ လုံးဝပုံပေါ်လာခဲ့ပါပြီ။

ကိုယ်ဝန်(၁၂)ပတ်မှ (၁၅)ပတ်အတွင်း သန္ဓေသားရဲ့ အရိုးတွေနဲ့ ကြွက်သားတွေဟာ စတင်ဖွံ့ဖြိုးလာပြီဖြစ်ပြီး သန္ဓေသားဟာ စတင်လှုပ်ရှားလို့လာပါပြီ။

သန္ဓေသားရဲ့ ဦးနှောက်ကတော့ ဖွံ့ဖြိုးဆဲ  ဖွံ့ဖြိုးလျက်ပါပဲ။ ခံစားမှုနှင့် အတွေးအခေါ်ကို ထိန်းချုပ်သော ဦးနှောက်ရဲ့ အရှေ့ပိုင်းဟာ စတင်ပုံပေါ်လာပါပြီ။ လူတစ်ယောက်ရဲ့ ရပ်တည်ချက် ၊ သဘောထား ၊ စိတ်တည်ငြိမ်မှု ၊ ညှိနှိုင်းဆောင်ရွက်မှု ၊ ပြောဆိုပုံ ၊ ဟန်ချက်ညီညီပြုလုပ်နိုင်အောင် ထိန်းချုပ်ပေးပြီး အာရုံခံမှုစနစ်ကို ရယူပေးတဲ့ ဦးနှောက်အနောက်ပိုင်းကလည်း စတင်ပုံပေါ်လာပါပြီ။

ရှေးဘဝက သူ့ကံအတိုင်း ဗိုက်ထဲက ကလေးသူ့ကံသူဖန်တီးမယ်လို့ ယုံကြည်တာလဲတပိုင်းပေါ့။ မိခင်လောင်းဟာ ယခုလို အချိန်ကနေစတင်ပြီး ကိုယ်တိုင် ဘယ်လိုစိတ်ထားနဲ့ ဘာတွေလုပ်ဆောင်တယ် ၊ လှူဒါန်းမှု ၊ သားသတ်မှု ၊ ကုသိုလ်လုပ်ခြင်း ၊ အကုသိုလ်လုပ်ခြင်း ၊ ဝမ်းနည်းမှု ၊ ဝမ်းသာမှု ၊ ကြောက်ရွံ့မှု ၊ တည်ငြိမ်မှု စသဖြင့်သော ခံစားမှုအထွေထွေတွေဟာ ဗိုက်ထဲက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အနည်းနဲ့အများ သက်ရောက်စေပါတယ်။

နောက်ဆုံးပေါ် စစ်တမ်းကောက်ယူချက်တွေ ၊ စမ်းသပ်ချက်တွေဟာလည်း ဒီလို သက်ရောက်စေတယ်လို့ ပြနိုင်ခဲ့ပါတယ်။ ယုံတာ ၊ မယုံတာ နောက်မှာထား မိမိဟာ ဗိုက်ထဲက ကလေးကို ဘယ်လို message မျိုးပေးပြီး ဖွံ့ဖြိုးစေမလဲလို့ အချိန်ပေးတွေးပါ။ ဒေါသ ၊ လောဘ ၊ မောဟ ၊ စိုးရိမ်ပူပန်မှုတွေကို ကိုယ်ဝန်ဆောင်စဉ်အတွင်း လျှော့ချနိုင်သမျှ လျှော့ချလေ မိမိနဲ့ ကလေးအတွက် အကျိုးရှိတယ်ဆိုတာကို ယုံကြည်သင့်တယ်။

မိခင်လောင်းတစ်ဦးတည်းတင်မက မိခင်လောင်းရဲ့ အနီးကပ်ဆုံးသူတစ်ဦးဖြစ်တဲ့ ဖခင်လောင်းဟာမှာလည်း ကိုယ်ဝန်ဆောင်ဇနီး စိုးရိမ်ပူပန်မှုတွေနည်းဖို့ ဖြောင်းဖြပြောဆိုပေးရမယ့် ၊ လုပ်ဆောင်ဖြည့်စွမ်းပေးရမယ့် တာဝန်ရှိနေပါတယ်။ (ဒါကြောင့်မို့လို့လည်း အဆင်သင့်မဖြစ်ခင် ကလေးမယူကြဖို့ သန္ဓေတားနည်းအဖုံဖုံကို ရှေ့မှာ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။)

ဗိုက်ထဲက ဟော်မုန်းပြောင်းလဲမှု ၊ နေမထိထိုင်မသာ မပေါ့မပါး ဖြစ်လာတော့မယ့် မိခင်လောင်းဟာ စိတ်ဖိစီးမှု လွယ်လင့်တကူရတတ်တဲ့အတွက် ဖခင်လောင်း (သို့မဟုတ်) ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အနီးဆုံးအဖော်လုပ်ပေးသူက သူမစိတ်သက်သာစေမယ့် ကိစ္စတွေကို ရှာကြံလုပ်ဆောင်ပေးပြီး သူမစိတ်ကြည်လင် ရွှင်ပျနေအောင် ပဲ့ထိန်းတတ်ဖို့ လိုပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းနဲ့အတူ လမ်းအတူလျှောက်ပေးရင်း စကားစမြည်ပြောမယ် ၊ ကလေးအတွက် အကောင်းဆုံးအကြံတွေ ၊ အဖြေတွေ ရှာကြံဖတ်မှတ်ပေးမယ် ၊ သူမရဲ့အပူတွေကို မျှဝေနားထောင် ဖြောင်းဖြလို့ သက်သာရာ သက်သာစေကြောင်း အဖော်လုပ်ပေးမယ်ဆိုရင်ဖြင့် မိခင်လောင်းရဲ့စိတ်ဖိစီးမှုဟာ အပြည့်အဝမဟုတ်တောင် အများကြီးလျော့ပါး သက်သာလာမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like