Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်အတွင်း – BurmeseHearts

ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်အတွင်း

0

3rd month

ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်ကာလရောက်ပြီဆိုရင်ဖြင့် ဝမ်းဗိုက်ထဲက ကလေးဟာ လက်သီးကျစ်ကျစ်ဆုပ်ထားတဲ့ အရွယ်အစားကို ရောက်ရှိလာပါပြီ။ Morning Sick လို့ခေါ်တဲ့ ကိုယ်ဝန်ဆောင်စဉ် ပျို့အန်ခြင်းဟာ ဒီအချိန်မှာ ပိုဆိုးလာပြီပေါ့။ ပြီးတော့ ပျို့အန်ချင်တဲ့စိတ်တွေ ၊ ပျို့အန်တဲ့ အကြိမ်အရေအတွက်ဟာလည်း များလာပါလိမ့်မယ်။ ရက်သတ္တပတ် (၁၀)ပတ်ကနေ (၁၁)ပတ်အတွင်းမှာတော့ ပျို့အန်ချင်တဲ့စိတ်တွေဟာ ပိုပြင်းထန်လာတတ်ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ် ဒီလိုပျို့အန်ခြင်းတွေဟာ ကိုယ်ဝန်ဆောင်သည်မိခင်လောင်း အများစုအတွက်ကတော့ ရက်သတ္တပတ် (၁၅)ပတ်ရောက်ရင်ဖြင့် ပြီးပျောက်သွားတတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ပျို့အန်ခြင်းကို ခံစားရတဲ့အခါမှာ စားချင်စိတ်ပျောက်ပြီး မအီမသာဖြစ်လို့ ပျို့အန်နေတာမျိုးပါ။ ဒီကာလဟာ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေအတွက် ခက်ခဲတဲ့အချိန်တွေပေါ့။

ဒီလိုပျို့အန်ခြင်းဖြစ်နေရတာဟာ မိခင်လောင်းရဲ့ ကိုယ်ခန္ဓာအတွင်း ကိုယ်ဝန်ကြောင့် ဟော်မုန်းတွေ မညီမမျှဖြစ်နေတဲ့အတွက် ဖြစ်လာတာပါ။ ပျို့အန်ချင်တဲ့စိတ်ကြောင့် စားချင်စိတ်မရှိဘဲ အစာမစားပေမယ့်လည်း ဗိုက်ထဲကကလေးဟာ ယခုကာလအထိ အာဟာရဓါတ်မှီတင်းဖို့ မလိုအပ်သေးတဲ့အတွက် သန္ဓေသား ထိခိုက်နိုင်တယ်လို့ စိတ်ပူစရာမလိုပါဘူး။ မိခင်လောင်းက စားနိုင်နိုင် ၊ မစားနိုင်နိုင် ဘယ်လိုပဲဖြစ်ဖြစ် ကလေးကတော့ စိုးရိမ်စရာမရှိပါဘူး။

ဒီလိုပျို့အန်နေတတ်တဲ့ကာလမှာ ကိုယ်စားနိုင်သလောက်သာစားပြီး မစားနိုင်ရင် အနားယူနေရုံပါ။ ဒါပေမယ့် မိခင်လောင်းက အကြိမ်များများ ပျို့အန်လိုက်တဲ့အခါ ကိုယ်တွင်း ရေဓါတ်ခမ်းခြောက်နိုင်တာကို သတိထားပါ။ ဒီတော့ ဒီကာလတွေမှာ ရေများများသောက်ဖို့ လိုပါတယ်။ တခါတည်း များများမသောက်နိုင်ရင် နည်းနည်းနဲ့ အကြိမ်များများ သောက်ပေးဖို့ လိုအပ်ပါတယ်။

လုံးဝမခံစားနိုင်အောင် ပျို့အန်နေတယ်ဆိုရင်ဖြင့် မိမိကိုယ်ဝန်အပ်ထားတဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာသင့်ပါတယ်။

ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်ကာလအတွင်း သန္ဓေသားဟာ သားအိမ်အတွင်း ကြီးထွားလာပြီး ဆီးအိမ်ကို ဖိမိနေတဲ့အနေအထားကြောင့် ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်ကာလအတွင်း ကိုယ်ဝန်ဆောင်သည် မိခင်လောင်းဟာ ဆီးခဏ ခဏ သွားတာမျိုး ကြုံရပါမယ်။

ထိုကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်လောင်းရဲ့ ရင်သားများနဲ့ ဗိုက်အောက်ပိုင်းဟာ တောင့်တင်းလို့ နေပါမယ်။ မိန်းမကိုယ်က ထွက်တာတွေဟာလည်း ယခင်ကထက် များနေပါမယ်။

ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်ကာလအထိတိုင်အောင် ကိုယ်ဝန်လျောခြင်း ၊ ပျက်ကျခြင်းတွေ ဖြစ်နိုင်တဲ့အတွက် ဒီကာလအထိ မိမိရဲ့ကိုယ်ဝန်ကို အထူးဂရုပြုရပါမယ်။ ဒါကြောင့်မို့လို့ ခုန်ပေါက်ပြေးလွှားရတဲ့ အားကစားနည်းတွေ ၊ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ကိုင်ခြင်းတွေကိုလည်း ရှောင်ကြဉ်ရပါမယ်။

ကိုယ်ဝန် (၈)ပတ်မှ (၁၁)ပတ်မှာ ဗိုက်ထဲက သန္ဓေသားရဲ့ အရွယ်အစားဟာ (၈)စင်တီမီတာ အရှည်ရှိနေပြီဖြစ်ပြီး (၂၀)ဂရမ် အလေးချိန်သို့ ရောက်ရှိနေပါပြီ။ ထိုကာလအတွင်းမှာ ဦးခေါင်း ၊ ကိုယ်ထည် ၊ လက်မောင်းတွေ ၊ ခြေတွေဟာလည်း ပုံဖော်နေပါပြီ။ ဗိုက်ထဲကကလေး အသက်ဝင်လှုပ်ရှားမှုတွေကိုတော့ ကိုယ်ဝန်(၈)ကနေ (၁၁)ပတ်အတွင်းမှာ နှလုံးခုန်သံနားထောင်နိုင်တဲ့ (stethoscope)နဲ့ နားထောင်နိုင်ပါပြီ။

ရတု (Burmesehearts.com)

 

You might also like