Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိခင်နို့ သောက်စို့ခွင့်ရတာကိုက ကံကောင်းတဲ့ကလေးပါ – BurmeseHearts

မိခင်နို့ သောက်စို့ခွင့်ရတာကိုက ကံကောင်းတဲ့ကလေးပါ

0

Raising Babies စာအုပ်များထဲမှာမှ “Why Your Love Is Best” ဆိုတဲ့စာအုပ်ကို ရေးသားထားခဲ့တဲ့ Steve Biddulph ရဲ့  စကားလုံးအချို့ကို စာဖတ်သူတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

“Why Your Love Is Best” ဆိုတဲ့ စာအုပ်ဟာ ကလေးရဲ့ ပျော်ရွှင်တိုးတက်မှုကို လိုလားတဲ့ မိဘတွေအတွက် အကောင်းဆုံးစာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။

အနှစ်ချုပ်အားဖြင့်ဆိုရင် ယနေ့တိုးတက်နေတဲ့ ခေတ်ကာလမှာ မိဘတွေက သားသမီးတွေကို နို့တိုက်ကျွေးသင့်တဲ့ အချိန်ကာလအထိ နို့တိုက်ကျွေးမှု မရှိတော့တာ ၊ အနီးကပ် ကိုယ်တိုင် ထိန်းကျောင်းတာမျိုးမရှိတော့တာ ၊ အိမ်အကူကိုဖြစ်စေ ကလေးထိန်းကျောင်းကိုဖြစ်စေ အရွယ်မတိုင်ခင် ထိန်းကျောင်းစေတာတွေကို စာရေးသူက မီးမောင်းထိုးပြထားပါတယ်။

အဲဒီစာအုပ်ဟာ အုပ်ရေ သန်းပေါင်းများစွာ ကူးယူရောင်းချထားပြီးသော အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ တကယ်လဲ မိဘတွေ သိထားသင့်တဲ့ အချက်အလက်များ ပါဝင်နေပါတယ်။

စာရေးဆရာရဲ့ မိတ်ဆက်အရေးအသားမှာ မမေးဖြစ်ခဲ့တဲ့ တကယ့်အရေးအကြီးဆုံး မေးခွန်းတွေအားလုံးကို ကိုယ်တိုင်ဖြေဆိုခဲ့ရတာဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

ဟုတ်ပါတယ်။ အရမ်းနက်နဲတဲ့ အဓိပ္ပါယ်ရှိသော အကြောင်းအရာများ ၊ စဉ်းစားတွေးခေါ်မှုတိုင်းကို မေးမြန်းသင်ပြပေးလို့ အဖြေထွက်လာတာမျိုးမဟုတ်ဘဲ ကိုယ့်ဘာသာ ရှာဖွေလေ့လာရင်းနဲ့မှ ထိုအဖြေကို တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

ပြီးတော့ စာရေးသူက ဖြစ်လာတာတွေဟာ စိတ်ကူးထားတာနဲ့ ဘယ်တော့မှ ထပ်တူကျမနေဘူးလို့ ဆိုထားပါသေးတယ်။ ဒါလဲ မှန်နေတာပါပဲ။ စိတ်ကူးထားသမျှ လက်တွေ့နဲ့ တပ်အပ်ကျတဲ့လူ အခုထိ ရှာမရသေးဘူးနော်။

ပြောင်းလဲသွားတဲ့ ကမ္ဘာကြီးလို့ သူရေးထားတဲ့ ခေါင်းစဉ်အောက်မှာတော့ ဒီစာသားလေးကို ရင်ထဲစွဲမြဲတဲ့အထိ မှတ်မိနေခဲ့ပါတယ်။ “The most important attribute that makes us human – the ability to love and care for each other-was not being passed on as it should.”

လူသားရယ်လို့ သတ်မှတ်ထားတဲ့ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အပြန်အလှန် ချစ်ခင်ဂရုစိုက်ခြင်းတွေကို ပေးသင့်သလောက် မပေးကြတော့ဘူးလို့ သူက ဆိုထားတာပါ။

တိုးတက်ပြောင်းလဲသွားတဲ့ ခေတ်နဲ့အညီ တိုးတက်နေတဲ့ နေရာ ၊ ဒေသ ၊ နိုင်ငံတွေမှာ ပြောင်းလဲနေတဲ့ ခေတ်နဲ့နည်းပညာတွေကို အမီလိုက်ရင်း ကျွန်ုပ်တို့ မိသားစုဝင်အချင်းချင်း ၊ မောင်နှမအချင်းချင်း ၊ ဆွေးမျိုးသားချင်းတွေ ၊ သူငယ်ချင်းရောင်းရင်းတွေ ၊ မိတ်ဆွေသင်္ဂဟတွေ ၊ ပတ်ဝန်းကျင် စသဖြင့်တို့ကို ဂရုတစိုက်ရှိဖို့ ၊ အပြန်အလှန် ချစ်ခင်ကြဖို့ ၊ ဖေးကူကြဖို့ ၊ လူပီသစွာ ရိုင်းပင်းတတ်ကြဖို့ဆိုတဲ့ ခေါင်းစဉ်ကို မေ့လျော့နေတတ်ကြတယ်မဟုတ်လား။

ဒီအထဲ နုနုငယ်ငယ်နဲ့ မသိနားမလည်ဘဲ ပါဝင်သွားခဲ့ကြရသော ခေတ်ရဲ့သားကောင်များက ကျွန်မတို့ရဲ့ မျိုးဆက်တွေပါ။ မွေးဖွားလာပြီးကတည်းက ဟိုးအရင်ကလို မိခင်ရင်ခွင်ထဲ မိခင်နို့ရည်ကို မိခင်မျက်နှာတစိမ့်စိမ့်ကြည့် သောက်စို့ခွင့် ၊ အဲဒီအချိန်တွေကို ရေရှည်ရဖို့ ဆွဲဆန့်ထားခွင့် ဆိုတာ အလွန်ရှားသွားပြီမဟုတ်လား ။

နို့စို့ချင်တဲ့ အချိန်(နှစ်နှစ် ၊ သုံးနှစ်အချိန်)အထိ မိခင်နို့ သောက်စို့ခွင့်ဆိုတာ ပိုရှားသွားပြီလေ။ ဒါပေမယ့် ကံကောင်းတဲ့ ကလေးငယ်တွေကတော့ ယနေ့ တိုးတက်နေတဲ့ ကမ္ဘာကြီးထဲ မိခင်မေတ္တာကို ၎င်းတို့ရသင့်တဲ့အတိုင်း ခံစားရရှိနေပါတယ်။ ကျွန်မတို့ကလေးတွေကို ကံကောင်းတဲ့ ကလေးတွေ မဖြစ်စေချင်ဘူးလား။

ရတု (Burmesehearts.com)

 

 

You might also like