Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်သည်တို့ ရှောင်သင့်သည့်အချက်များ – BurmeseHearts

ကိုယ်ဝန်ဆောင်သည်တို့ ရှောင်သင့်သည့်အချက်များ

0

ရှောင်သင့်သည်များကို ရှောင်ပါမှ ကျန်းမာမည်။
ရှောင်သင့်သည်များကို ရှောင်ပါမှ ကျန်းမာမည်။

ကြောင်၏ ကျင်ကြီး ၊ ကျင်ငယ်များ ကိုင်တွယ်ရှင်းလင်းခြင်း ရှောင်ရှားပါ

ကြောင်၏ ကျင်ကြီး ၊ ကျင်ငယ်များတွင် သန္ဓေသားအား အန္တရာယ်ကြီးမားစွာပေးသာ toxoplasmosis ပိုးမွှားများ ပါဝင်နေသဖြင့် ကိုယ်ဝန်ဆောင်ကာလတလျောက် ကြောင်၏ ကျင်ကြီး ၊ ကျင်ငယ်များ ကိုင်တွယ်ရှင်းလင်းခြင်း ရှောင်ရှားပါ။

ကြောင်၏ ကျင်ကြီး ကျင်ငယ်သာမက အိမ်မွေးတရိစ္ဆာန်များ၏ ကျင်ကြီးကျင်ငယ်များ ကိုယ်တွယ်ခြင်း ၊ ၎င်းတို့ ကျင်ကြီးကျင်ငယ် စွန့်ထားသော မြေဆီလွှာနှင့် အသိုက်အမြုံ ၊ ဟင်းသီးဟင်းရွက် ၊ သစ်သီးဝလံများ ကိုင်တွယ်ခြင်းတို့အားလည်း အထူးရှောင်ရှားသင့်သည်။

ထို့ကြောင့် ကိုယ်ဝန်ဆောင်သည်များ ရံဖန်ရံခါဆိုသလို လက်ကို စင်ကြယ်စွာ ဆေးကြောသင့်သည်။ မစင်ကြယ်သောလက်မှသည် ရောဂါပိုးမွှားများ ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ မိမိလွယ်ထားသော နုနယ်သည့် ဖွံဖြိုးဆဲ သန္ဓေသားကို အသက်သေစေသည်အထိ ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

 

 နွေပူ ၊ ရေပူ သတိထားပါ

ကိုယ်ဝန်ဆောင်သည်များသည် ရေပူပူဖြင့် ရေချိုးခြင်း ၊ နေပူပူထဲ အမိုးအကာမပါ သွားလာခြင်းတို့သည် မိမိလွယ်ထားသော သန္ဓေသား ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း သိရသည်။

ထိုထိုအရာများ မဆင်မခြင် ပြုမူပါက အနည်းဆုံး ကိုယ်ဝန်လွယ်ထားသည့် မိမိ မူးဝေခြင်းမျိုး ဖြစ်ပွားတတ်သည်။

 

အလေးအပင်မခြင်း နှင့် x-ray ရိုက်ခြင်းတို့ ရှောင်ပါ

အလေးအပင်မခြင်းဖြင့် မွေးလမ်းကြောင်းအတွင်း လေခိုဝင်နိုင်ကာ မလိုလားအပ်သော ရောဂါကူးစက်မှုနှင့် မိန်းမကိုယ်အား ပုံမှန်မဟုတ်သော မအီမသာ ခံစားချက်ကိုပေးပြီး ကျိန်းစပ်ခြင်းတို့ ဖြစ်ပေါ်စေနိုင်ကြောင်း သိရသည်။

မိမိ ကျန်းမာရေးအရ x-ray ရိုက်ရန် လိုအပ်ပါက မည်သည့် x-ray  မဆို မရိုက်မီ မိမိတွင် ကိုယ်ဝန်လွယ်ထားကြောင့် ပွင့်လင်းစွာ ပြောပါ။ x-ray ၏ ဓါတ်ရောင်ခြည်သည် မိမိလွယ်ထားသော သန္ဓေသားကို ထိခိုက်စေသောကြောင့် ဖြစ်သည်။

 

ဆေးလိပ် ၊ အရက်သောက်သုံးခြင်း လုံးဝရှောင်ကြဉ်ပါ

ယခင့်ယခင် ရေးသားမှုများ၌ ဖော်ပြပြီးဖြစ်ပေမယ့် သန္ဓေသားအတွက် အထူးအရေးကြီးသောအချက်ဖြစ်သည့်အတွက်  ဆေးလိပ် ၊ အရက်သောက်သုံးခြင်း လုံးဝရှောင်ကြဉ်ဖို့ ထပ်မံ သတိပေးလိုက်ခြင်းဖြစ်သည်။

ဆေးလိပ်သောက်သုံးခြင်းသည် သင့်ရင်သွေး ကျန်းမာရေးအား အဆုံးစွန်အထိ သေရာပါ ထိခိုက်မှုမျိုးပေးစေသည့်အပြင် ကိုယ်ဝန်ဆောင်ကာလအတွင်း သန္ဓေသား၏အသက်ပါ ဆုံးရှုံးနိုင်သည့် ဖြစ်ရပ်များ ရှိသည့်အတွက် ကိုယ်ဝန်ဆောင်သည်များ ဆေးလိပ်သောက်သုံးခြင်း လုံးဝမပြုသင့်ပေ။

အရက်သေစာနှင့် အရက်သေစာပါသော အစားအသောက်ကိုမူ သတ်မှတ်အတိုင်းအတာအထိ ကိုယ်ဝန်ဆောင်ကာလအတွင်း ရံဖန်ရံခါ သောက်သုံးနိုင်ပေမယ့် နေ့စဉ်ပုံမှန် သောက်သုံးခြင်းနှင့် ပမာဏများများ သောက်သုံးခြင်းသည် မိမိလွယ်ထားသည့် သန္ဓေသားအား ထိခိုက်နိုင်သဖြင့် ရှောင်ရှားသင့်သည်။

မူးယစ်ဆေးစွဲနေသော ကိုယ်ဝန်ဆောင်မိခင်များအဖို့ မိမိကိုယ်ဝန် အပ်နှံထားသော ဆရာဝန်အား ပွင့်လင်းစွာ အကြံဥာဏ်တောင်းခံသင့်သည်။ ဆက်လက်သုံးစွဲခြင်းသည် မိမိနှင့် မိမိသန္ဓေသား၏ ကျန်းမာရေးအား ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သိရသည်။

ရတု(burmesehearts.com)

You might also like