Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများ အပိုင်း(၁) – BurmeseHearts

ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာများ အပိုင်း(၁)

0

ခါးနာခြင်း ၊ ဖောရောင်ခြင်းတို့ ခံစားရနိုင်သည်။
ခါးနာခြင်း ၊ ဖောရောင်ခြင်းတို့ ခံစားရနိုင်သည်။

ခါးနာခြင်း

ခါးနာခြင်းဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးများ ဖြစ်လေ့ဖြစ်ထရှိသော လက္ခဏာတစ်ရပ်ပင်ဖြစ်သည်။ ခါးနာခြင်းကို ဆိုးဆိုးရွားရွား မခံစားရစေရန် အလေးအပင်မခြင်း နှင့် ဖိနပ်အမြင့်စီးခြင်းတို့ကို ရှောင်ရှားကြရန် ၊  ထိုင်လျှင် သို့မဟုတ် အိပ်လျှင် ခါးအနောက်ဖက်တွင် ခေါင်းအုံး သို့မဟုတ် သက်တောင့်သက်သာဖြစ်စေသော ခါးအနာသက်သာစေမည့် စောင် ၊ ချည်ထည် တစ်ခုခုကို ခုပြီးနေပါက ခါးအနာ သက်သာစေကြောင်း သိရသည်။

ကျောက်တုံးငယ်ခင်းထားသောနေရာပေါ် မတ်တပ်ရပ် (သို့မဟုတ်) လေးဖက်ထောက်၍ တတ်နိုင်သလောက် နင်းပေးပါကလည်း ကိုယ်ဝန်ဆောင်သည်များ ခါးနာခြင်းဝေဒနာကို သက်သာလာစေကြောင်း သိရသည်။

 

ဖောရောင်ခြင်း

ကိုယ်ဝန်ဆောင်သည် အနည်း နှင့် အများဆိုသလို ခြေ ၊ လက် ၊ မျက်နှာတွေ ဖောရောင်တတ်သည်။ ဒါဟာ ကိုယ်ဝန်ဆောင်သည်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ လက္ခဏာတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်စဉ်ကာလ ခန္ဓာကိုယ်ထဲရှိ ရေဓါတ်များလာလို့ ဖောယောင်ခြင်းတွေ ဖြစ်တတ်တယ်ဆိုပေမယ့် ကိုယ်တွင်းမှာရှိတဲ့ ရေပမာဏကန့်သတ်ခြင်းဟာ ဖောယောင်ခြင်းမဖြစ်ဖို့ အကောင်းဆုံးနည်းတော့ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်သည်တစ်ဦးဟာ တစ်နေ့လျှင် အရည်ပမာဏ နှစ်လီတာသောက်သုံးသင့်သည်ဆိုပေမယ့် လ္ဘက်ရည်သောက်ခြင်း ၊ ကော်ဖီသောက်ခြင်း ၊ ကိုလာသောက်ခြင်း နဲ့ ကဖေးဓါတ်ပါဝင်သော အရည်များသောက်ခြင်းပမာဏကိုတော့ ချင့်ချိန်သောက်သုံးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများက အစားအသောက်အတွင်းရှိနေသော ဗီတာမင်များနှင့် ဗီတာမင်စီဓါတ်ကို သက်ရောက်စေသောကြောင့် ဖြစ်သည်။

တချို့ကိုယ်ဝန်ဆောင်အမျိုးသမီးများသည် အငန်လျှော့စားခြင်းဟာ ဖောရောင်ခြင်းကို သက်သာစေကြောင်း သိရသည်။

 

ဝမ်းချုပ်ခြင်း

ကိုယ်ဝန်ဆောင်သည်များသည် ဝမ်းမကြာခဏဆိုသလို ချုပ်တ်တဲ့အတွက် ရေမှန်မှန်နှင့် များများ သောက်သုံးသင့်ပြီး ဝမ်းနှုတ်ဆေးသောက်လိုပါက မိမိကိုယ်ဝန်ပြသနေသော ဆရာဝန်နှင့် တိုင်ပင်ပြီးမှ ၎င်းသောက်သုံးစေသည့် ဝမ်းနှုတ်ဆေးသာ သောက်သုံးသင့်သည်။ သို့မဟုတ်ပါက မိမိသောက်သုံးသည့် ဝမ်းနှုတ်ဆေးက မိမိလွယ်ထားသော သန္ဓေသားကို ထိခိုက်စေနိုင်သောကြောင့် ဖြစ်သည်။

 

မူးဝေခြင်း

သွေးအားနည်းသော ကိုယ်ဝန်ဆောင်သည်များဟာ ရံဖန်ရံခါဆိုသလို မူးဝေတတ်ကြကြောင်း သိရသည်။ ထိုကဲ့သို့ မူးဝေခြင်း ကင်းစေရန် အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း ၊ မြန်မြန်မတ်တပ်ထ ရပ်ခြင်း ၊ ကိုယ်တွင်းအပူ မြင့်မားစေခြင်း (အထူးသဖြင့် ရေနွေးပူဖြင့် ချိုးတတ်သူအတွက်) တို့ကို သတိထား  ရှောင်ရှားသင့်သည်။

ရတု (Burmesehearts.com)

You might also like