Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အမျိုးသားများ မိန်းမပိုင်းလုံးကို သတိထားစေချင် – BurmeseHearts

အမျိုးသားများ မိန်းမပိုင်းလုံးကို သတိထားစေချင်

0

ဆွဲဆောင်မှုကိုပဲမြင်ရင် လှည့်စားမှုကို သတိမထားမိဘူး။
ဆွဲဆောင်မှုကိုပဲမြင်ရင် လှည့်စားမှုကို သတိမထားမိဘူး။

ဆီးစစ်တဲ့အဖြေဟာ Positive အဖြေထွက်လာလို့ မိန်းကလေးက သူ့မှာကိုယ်ဝန်ရှိနေပြီလို့ဆိုလာရင် ဘာဆက်လုပ်မလဲ။ ကျွန်မဟာ မိန်းကလေးတစ်ဦးဖြစ်ပေမယ့် ယောက်ျားလေးဘက်ကလည်း မျှမျှတတ တွေးပေးရမှာပါ။ လောကမှာ မတရားခံရသူတွေဟာ မိန်းမသားတွေချည်း မဟုတ်ဘူးလေ။

ကိုယ်နဲ့လွန်ကျူးထားတဲ့ မိန်းကလေးက သူ့မှာ ကိုယ်ဝန်ရှိလာပြီလို့ဆိုမယ်။ သူနဲ့ စပ်ယှက်စဉ်ကလည်း အကာအကွယ် မသုံးမိတာမျိုးဖြစ်မယ်ဆိုရင် ကိုယ်လုပ်ထားတဲ့ကိစ္စ ယောက်ျားပီပီသသ ဖြေရှင်းရမှာပါ။ (အခုခေါင်းရှောင်လိုက်နိုင်တဲ့ အမျိုးသားတွေဟာ သမီးမိန်းကလေးရတော့မှ ကိုယ့်သမီးကို ဒီလိုခေါင်းရှောင်တဲ့လူမျိုးနဲ့ ဖြစ်ပျက်သွားမှာ ရင်ပူရတော့မယ်။ ဝဋ်ဆိုတာလည်တယ်လေ။ အခုဘဝမလည်ရင် နောင်ဘဝမှာ ကိုယ်တိုင်မိန်းကလေးဖြစ်ပြီး လည်နေဦးမယ်နော်။)

ကျွန်မဆိုလိုချင်တာက မိန်းမသားတွေကို ပစ်ပစ်ခါခါမပြောမီ သားသမီးချင်း ၊ နှမချင်း ကိုယ်ချင်းစာဖို့ပါ။ ပြဿနာဆိုတာ တစ်ခုတည်းရှိပေမယ့် ဖြေရှင်းနည်းကတော့ ကိုယ်ပါးနပ်ရင် ဥာဏ်ရှိသလောက်ကို နည်းအမျိုးမျိုးရှိတာပါ။ ဒီတော့ ဘာစကားမှမလွန်မီ ကိုယ်နဲ့ကျူးလွန်ဖူးတဲ့မိန်းကလေးဟာ ဘယ်လိုစာရိတ္တရှိသလဲ အရင်သုံးသပ်ရမှာပါ။

ကိုယ့်တစ်ယောက်တည်းတွဲပြီး နှစ်ဘောသဘောတူပြုမူလို့ ဖြစ်လာခဲ့တဲ့ကိစ္စမှာ ဖျက်ချလို့ ပြောလိုက်တာဟာ တဖက်မိန်းကလေးကို အလေးအနက်မထားရာ ၊ မညှာတာရာ ရောက်တဲ့အပြင် နောင်လူတလုံးသူတလုံး ဖြစ်လာတော့မယ့် ကိုယ့်သားသမီးကို လူဖြစ်ခွင့်ကန့်သတ်ပြီး သေဒဏ်ပေးလိုက်တာပါ။

သူမက လင်ကောင်ဖမ်းတာလား

ပုံမှန်အားဖြင့် မိန်းမကောင်းအများစုဟာ ယောကျာ်းလေးများစွာကို ချစ်သူရည်းစားအဖြစ်တွဲလေ့မရှိသလို ၊ အဲဒီယောက်ျားလေးတွေနဲ့ အတူနေ အိပ်စက်တာမျိုးလည်း မလုပ်ပါဘူး။

ရည်းစားများပြီး အဲဒီရည်းစားတိုင်းနဲ့ အိပ်တဲ့မိန်းကလေးကတော့ ငွေပေးအိပ်ရတဲ့ မိန်းမပျက် မဟုတ်သည့်တိုင် မိန်းမကောင်းတော့လည်း မဆိုသာတော့ဘူး။ ဒီလိုမိန်းကလေးနဲ့ အတူနေတော့မယ်ဆို အရင်ဆုံး Condom အဆင်သင့်ဖြစ် ၊ မဖြစ် ကိုယ့်ဘာသာ ပြန်ဆန်းစစ်ရမှာပဲ။ သူဆေးထိုး ၊ ဆေးစားလို့ သန္ဓေတားထားတယ်လို့ ဆိုလာသည့်တိုင် Condom မပါရင် လက်ရှောင်လိုက်ပါ။

BurmeseHearts Blog

ဒီလိုမှမဟုတ်ရင် အဲဒီမိန်းကလေးဟာ ကိုယ့်ကို လင်ကောင်ဖမ်းနိုင်တဲ့အပြင် စိတ်နောက်ကိုယ်ပါ Condom မသုံးမိတဲ့အတွက် ကိုယ့်မှာလည်း ကူးစက်ရောဂါ ဖြစ်နိုင်တယ်လေ။ မိဘအရှိန်အဝါရှိသူ ၊ ကိုယ်တိုင်အရည်အချင်းရှိသူ၊ ရုပ်ရည်ချောမောသူနဲ့ အောင်မြင်နေသူတွေဟာ ဒီကိစ္စကို အထူးတလည် သတိထားရမှာဖြစ်ပါတယ်။

ဒီလိုမိန်းကလေးတွေဟာ ကိုယ်ဝန်ရမှ လင်ကောင်မဖော်နိုင်ရင် ခပ်ရိုးရိုးနဲ့ သနားညှာတာတတ်တဲ့ သာမာန်အမျိုးသားကိုလည်း လင်ကောင်ဖမ်းလိုက်နိုင်တယ်။ ကိုယ့်ကလေးမို့ အဲဒီမိန်းကလေးကို မဖြစ်မနေ တာဝန်ယူလိုက်ရတာတော်သေး။ တခြားယောက်ျားနဲ့ရတဲ့ကိုယ်ဝန်ကို ကလေးအဖေဘယ်သူမှန်းမသိလို့ ကိုယ့်ကိုယ်ဝန်ဆိုပြီး လိမ်ညာခံရတာ (တနည်းအားဖြင့် အချဉ်ဖမ်းတာ)ဟာ နားဖားကြိုးအထိုးခံရတာနဲ့ အတူတူပဲ။ တသက်လုံး ဒီဝန်ကိုထမ်းသွားရမှာကိုး။

ဒီလိုမိန်းကလေးမျိုးကို သွားပြီး ကိုယ်ဝန်ဖျက်ချခိုင်းဖို့ သိသိချင်း အလောတကြီး မပြောပါနဲ့။ သွေးဆူသွားရင် သူ့အသိုင်းအဝန်း ၊ ကိုယ့်အသိုင်းအဝန်းဆိုတာတွေပါ ပါလာပြီး ရှုပ်ကုန်လိမ့်မယ်။ အဲဒီမိန်းကလေးကလည်း ဖျက်ချဖို့ အလွယ်တကူ သဘောတူမှာမဟုတ်ပါဘူး။ သူသာဖျက်ချင်မှဖြင့် ကလေးရှိနေတာ ကိုယ်တောင် သိလိုက်ရမှာမဟုတ်ဘူး။ ဒီလိုကိစ္စမျိုးမှာ ပါးနပ်ဖို့လိုတယ်။ သူ့ရဲ့အားနည်းချက်ကိုသိပြီး ပါးပါးနပ်နပ်ကိုင်တွယ်တတ်ဖို့လိုတယ်။

ကိုယ်တွေဟာ အိမ်ထောင်တစ်ခုစတင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ အချက်ကိုရှာဖွေပြီး စကားချိုချိုနဲ့ သူမ နားလည်အောင် ပြောပြတတ်ဖို့လိုတယ်။ နောင်တသားကျရင် အတည်တကျလက်ထပ်ယူမယ်ဆိုတာ ဒီမိန်းကလေးကျေနပ်အောင် ကတိပေးဖို့လည်းလိုမယ်။ လက်ရှိ ဖြေရှင်းရမှာက သူမဗိုက်ထဲက ကိုယ့်ကလေးမဟုတ်တာကို ကိုယ့်ကလေးပါလို့ တာဝန်မယူလိုက်ရဖို့ မဟုတ်လား။

ဒီလိုပြောလိုက်လို့ ကျွန်မဟာ မိန်းမသားချင်း ကိုယ်ချင်းမစာတဲ့သူဖြစ်သွားမှာပဲ။ ဒါပေမယ့် နဖားကြိုးထိုးခံရမယ့် အမျိုးသားလေးဟာ ကျွန်မရဲ့ တူ ၊ မောင် ၊ အစ်ကို ၊ သားလို့ ကိုယ်ချင်းစာကြည့်လိုက်တဲ့အခါမှာ မတရားခံရသူဘက်က ရပ်တည်ရမှာပဲ။ လောကကြီးမှာ ပိုင်းလုံးဆိုတာ အမျိုးသားတွေချည်း ရှိနေတာမှ မဟုတ်ပဲလေ။ ပြဿနာတစ်ခုကို အစ ၊ အဆုံး မသိခင် အတင်းချည်း တဘက်သတ် ရပ်တည်လိုက်လို့ မဖြစ်ဘူး။ ကိုယ့်ဆွေမျိုးသွေးသားသာ ဒီလိုမိန်းမလည်နဲ့တွေ့ရင် သူမဘက်က ရပ်တည်မလား ၊ ခံရသူဘက်က ရပ်တည်မှာမဟုတ်လား။

ဒါကြောင့် မရှုပ်ခင်တည်းက ရှင်းထားရမှာဖြစ်တယ်။ မိန်းကလေးနဲ့ အတူနေဖို့ စိတ်ဆုံးဖြတ်လိုက်ကတည်းက အကာအကွယ်သုံးမှဖြစ်မယ်။ တဖက်မိန်းကလေးက တားဆေးသုံးထားပါတယ်လို့ ဘယ်လိုပြောပြော ကိုယ်တိုင် အိမ်ထောင့်တာဝန်ထမ်းဖို့ အဆင်သင့်မဖြစ်သေးရင် ကိုယ်တိုင်က အကာအကွယ်သုံးသင့်တယ်။

အိမ်ထောင့်တာဝန်ထမ်းဖို့ မိမိတို့နှစ်ဦး အဆင်သင့်ဖြစ် ၊ မဖြစ် ရှင်းပြထားတာကို ဒီမှာ ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ အဆင်သင့်မဖြစ်ဘဲ ထူထောင်ထားတဲ့ အိမ်ထောင်ရေးဟာ အခက်အခဲတွေကြားမှာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတတ်တယ်။

ရက်ရှောင်တယ်ဆိုတာကလည်း ဓမ္မတာစတဲ့ရက် ၊ ပြီးတဲ့ရက်ဆိုတာ မိန်းကလေးက အသိဆုံး ။ ကိုယ်နဲ့လက်ထပ်ချင်လို့ (ကိုယ့်ကလေးလိုချင်လို့) ရက်လွှဲပြောရင် မခက်ချေဘူးလား။ ကိုယ်က အဲဒီရက်တွေကို အမြဲစောင့်ကြည့် တွက်ချက်နေနိုင်တာမဟုတ်ဘူးလေ။ ဒီတော့ ခပ်ရိုးရိုးလေးပြောရရင် အကာအကွယ်သာ ဆောင်ထားလိုက်ပါလို့။

ရတု(burmesehearts.com)

BurmeseHearts Courses

You might also like