Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၂) – BurmeseHearts

ပဋိသန္ဓေတည်ခြင်း လက္ခဏာများ အပိုင်း(၂)

0

မကြာခဏဆီးသွားခြင်း

မကြာခဏဆီးသွားခြင်းသည် ကိုယ်ဝန်ဆောင်စဉ် နှစ်လ ၊ သုံးလတွင် ဖြစ်ပွားတတ်ကြောင်း သိရသည်။ ထိုသို့ဆီးသွားစဉ် ဆီးသွားသည့်ပမာဏများ၍ အကြိမ်ရေ များများသွားတတ်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်ကာလ ပထမ သုံး လေးလအတွင်းတွင် ကြီးထွားလာသော သားအိမ်က ဆီးအိမ်ကို သွားဖိမိခြင်းကြောင့် ထိုသို့ဖြစ် မကြာခဏဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ရင်သားကြီးထွားလာခြင်း

ကိုယ်ဝန်ဆောင်နေစဉ် ရက်သ္တပတ် တစ်ပတ် ၊ နှစ်ပတ်မှ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ရင်သားများသည် ဟိုမုန်းပြောင်းလဲမှုကြောင့် လွယ်ထားသော ရင်သွေးအတွက် ပြောင်းလဲလာကြောင်း သိရသည်။ ထိုသို့ပြောင်းလဲမှုများမှာ ရင်သား ယောင်လာခြင်း ၊ နာကျင်ခြင်း ၊ ပိုမို လေးလာသည်ဟု ခံစားရခြင်း ၊ ပြည့်တင်းလာသည်ဟု ခံစားရခြင်း ၊ အတို့အထိ မခံနိုင်ခြင်း ၊ နို့သီးခေါင်းပတ်ဝန်းကျင် နဂိုမူလအရောင်မှ ညိုမည်းလာခြင်း တို့ဖြစ်သည်။

အခြားလက္ခဏာများအနေဖြင့် နုံးခွေ ၊ ငိုက်မျဉ်းခြင်း ၊ ပုံမှန်နှင့်မတူသည့် ထူးခြားသော ခံစားမှုများရှိခြင်းတို့လည်း ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

မိမိကိုယ်ကို ကိုယ်ဝန်ရှိ ၊ မရှိ သံသယရှိပြီး အထက်ပါ လက္ခဏာများမှ နှစ်မျိုး သို့မဟုတ် သုံးမျိုးလုံးလည်း ဖြစ်နေပါက ကိုယ်ဝန်ရှိ ၊ မရှိကို ဆီးစစ် ကိရိယာဖြင့် မိမိဘာသာ စမ်းသပ်စစ်ဆေးကြည့်နိုင်သည်။

Pregnancy_test_result

မိမိဝယ်သော ဆီးစစ်ကိရိယာတွင်ပါသည့် အသုံးပြုနည်းအတိုင်း မနက်အစောပိုင်း ပထမဆုံးအကြိမ်သွားသည့် ဆီးဖြင့် စမ်းသပ်စစ်ဆေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် hCG (human chorionic gonadotropin) ဟုခေါ်သည့် ကိုယ်ဝန်ရှိစဉ် ဖြစ်ပေါ်နေသော ဟိုမုန်းများသည် မနက်ပိုင်းဆီးသွားချိန်တွင် ပမာဏအများဆုံး ဆီးထဲ၌ ပါဝင်နေသောကြောင့်ဖြစ်သည်။

မနက်အစောပိုင်း ကိုယ်ဝန်စစ်ဆေးမှု မလုပ်နိုင်ကြသူများအနေဖြင့် ရေကိုမိမိသောက်နေကျထက် လျှော့သောက်ပြီး အနည်းဆုံးလေးနာရီ ဆီးမသွားဘဲ ထိုနောက်ပိုင်း ပထမဆုံးအကြိမ်သွားသည့်ဆီးအား ဆီးစစ်ကိရိယာဖြင့် စမ်းသပ်နိုင်ကြောင်းလည်း သိရသည်။

ပုံမှန်အားဖြင့် မိမိရာသီပေါ်မည့်ရက်ထက် ရက်သတ္တပတ် လေးပတ်မှ ငါးပတ်အထိ ရာသီမပေါ်သေးပါလျှင် မနက်ဆီးဖြင့် စမ်းသပ်စစ်ဆေးနိုင်ပြီး ထိုလေးပတ်မှ ငါးပတ်အချိန်တွင် ပဋိသန္ဓေတည်နေပါက ကိုယ်ဝန်တည် ဟိုမုန်းများသည် ဆီးထဲတွင် ပါဝင်လာသောကြောင့် ဆီးစစ်ကိရိယာဖြင့် ကိုယ်ဝန်ရှိ ၊ မရှိ အလွယ်တကူ စစ်ဆေးသိရှိနိုင်ပေသည်။

ဆီးစစ်သည့် ရလဒ်အား အလွယ်တကူ နားလည်သိရှိအောင် ပြောရမူ ဆီးစစ်ကိရိယာအသုံးပြုနည်းအတိုင်း မှန်မှန်ကန်ကန် ဆီးစစ်ပြီး မိနစ်အနည်းငယ်အတွင်း ဆီးစစ်ကိရိယာ၌ လိုင်းတစ်လိုင်းတည်းပေါ်ပါက မိမိတစ်ကိုယ်တည်း (ကိုယ်ဝန်မရှိ)ဟု သတ်မှတ်နိုင်ပြီး လိုင်းနှစ်လိုင်းပေါ်ပါက မိမိကိုယ်တွင် မိမိတစ်ဦးတည်းမဟုတ် ရင်သွေးလေးလွယ်ထားရသည် (ကိုယ်ဝန်ရှိနေပြီ)ဟု အလွယ်တကူ သတ်မှတ်နိုင်သည်။

ကိုးကား – ဒေါက်တာမောင်မောင်ညို(သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ)

ရတု(burmesehearts.com)

You might also like