Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
လက်မလွတ်သင့်ပွဲ တူယှဉ်နွှဲ – BurmeseHearts

လက်မလွတ်သင့်ပွဲ တူယှဉ်နွှဲ

0

မင်္ဂလာပါလို့ Burmesehearts.com မှ  နှုတ်ဆက်လိုက်ပါတယ်။ လာမယ့် ဒီဇင်ဘာ၁၁ရက်နေ့တွင် ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်(Ballroom)မှာ ကျင်းပမယ့် BURMESE HEARTS EDTECH CONFERENCE 2016 ပွဲအတွက် အခမဲ့ဝင်ခွင့်လက်မှတ်ကို သင် ရယူပြီးပြီလား။

ဒီပွဲဟာ သင့်ဘဝအချိုးအကွေ့ကို အောင်မြင်တိုးတက်သွားစေဖို့ စိတ်စွမ်းအားတွေ ၊ အတွေးအခေါ်တွေ ၊ အကြံဥာဏ်တွေ ပေးနိုင်တဲ့ပွဲဖြစ်နေမှာပါ။  ဦးကိုကိုထွေး ၊ အကယ်ဒမီဆွေဇင်ထိုက်၊ ဦးလင်းသိုက်ညွန့် ၊ ဒေါ်တင်မိုးလွင်နဲ့ Burmese Hearts ပူးတွဲတည်ထောင်ခဲ့သူ စာရေးဆရာမရတု တို့လို  အောင်မြင်ကြီး ပွားနေသူတွေကိုယ်တိုင် ဟောပြောမယ့် ပွဲတစ်ပွဲဖြစ်တာမို့ တကယ်ကို လက်မလွှတ်သင့်တဲ့ပွဲပါ။

ဒီဇင်ဘာ၁၁ရက်နေ့ မနက်(၉)နာရီကနေ (၁၀)နာရီအထိ ‘လူမှုဆက်ဆံရေးသော့ချက်’ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆရာမရတုက ဟောပြောပို့ချသွားမှာမို့ နေ့စဉ် တွေ့ဆုံဆက်ဆံနေတဲ့လူမှုဆက်ဆံရေးကို ဘယ်လိုအောင်မြင်တဲ့ လူမှုဆက်ရေးထူထောင်သွားမလဲဆိုတာကို ပွဲတက်ရောက်လာသူတို့ သိရှိသွားမှာပါ။

မနက်(၁၀)နာရီမှ နေ့လည်(၁၂)နာရီအထိ ‘လိုအပ်ချက်နှင့်ဆန္ဒများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အကယ်ဒမီဆွေဇင်ထိုက်က ဟောပြောပို့ချသွားမှာမို့ မိမိဖြစ်လိုတဲ့ဆန္ဒတွေရယ် မိမိ တကယ်လိုအပ်နေတဲ့ အရာတွေအပေါ် ဘယ်လို ထိန်းညှိပြီး ပျော်ရွှင်အောင်မြင်တဲ့ဘဝကို ထူထောင်သွားမလဲဆိုတာကို ပွဲတက်ရောက်လာသူတို့ သိရှိသွားမှာပါ။

မွန်းလွဲ(၁၂)နာရီခွဲကနေ (၂)နာရီခွဲမှာတော့ ဆရာလင်းသိုက်ညွန့်က ‘တစ်သက်တာ သင်ယူခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပို့ချသွားမှာမို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ကိုယ့်ဆီမှာ ရွေးချယ်ခွင့်များစွာရှိနေဖို့ ဘယ်လိုအရည်အချင်းတွေ ၊ ပညာတွေကို သင်ယူလေ့လာထားသင့်သလဲဆိုတာကို ပွဲတက်ရောက်လာသူတို့ သိရှိသွားမှာပါ။

မွန်းလွဲ(၂)နာရီခွဲကနေ (၃)နာရီခွဲအချိန်မှာ ဒေါ်တင်မိုးလွင်က ‘ကိုယ်ရည်ကိုယ်သွေးမြှင့်တင်ခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပို့ချပေးသွားမှာမို့ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးတွေကို ဘယ်လိုမြှင့်တင်ပြီး မိမိဘဝကို မြှင့်တင်သွားမလဲဆိုတာကို ပွဲတက်ရောက်လာသူတို့ သိရှိသွားမှာပါ။

မွန်းလွဲ(၃)နာရီခွဲကနေ (၄)နာရီခွဲအချိန်မှာ ဆရာ ဦးကိုကိုထွေးက ‘သင်ယူလေ့လာခြင်း၏တန်ဖိုး’ ဆိုတာကို ဟောပြောပို့ချပေးသွားမှာမို့ မိမိသင်ယူလေ့လာခဲ့တာတွေဟာ ဘဝမှာ ဘယ်လိုအသုံးဝင်တယ်ဆိုတာနဲ့ ဘယ်လိုအသုံးချသွားမလဲဆိုတာကိုပါ ပွဲတက်ရောက်လာသူတို့ သိရှိသွားမှာပါ။

ဒီပွဲမှာ Burmese Hearts ပရိသတ်တွေ သိမ်းထားချင်တယ်လို့ဆိုတဲ့ ဆရာမရတုရဲ့ ပို့စ်အချို့ကို ကဏ္ဍအလိုက်ခွဲထားပြီး အပျိုလူပျိုတွေအတွက်စာအုပ် ၊ အိမ်ထောင်သည်တွေအတွက်စာအုပ် ၊ မိဘတွေအတွက်စာအုပ် ၊ ကိုယ်ဝန်ဆောင်သည်တွေအတွက်စာအုပ် ၊ မီးဖွားပြီးစမိခင်နှင့် မွေးကင်းစကလေး ပြုစုစောင့်ရှောက်ပုံစာအုပ် စတဲ့ စာအုပ်ငါးမျိုးကို ဆရာမရတုတို့မိသားစုရဲ့ စိတ်ဝင်စားဖွယ် ရောင်စုံဓါတ်ပုံတွေနဲ့အတူ အသက်သာဆုံးနှုန်းထားဖြင့် အမှတ်တရ ရောင်းချပေးသွားမှာမို့  စိတ်ဝင်စားစရာ အရမ်းကောင်းတယ်နော့။

တနေ့တာဟောပြောပွဲအပြီး အိမ်ပြန်ပရိသတ်အတွက် အိမ်အပြန်လက်ဆောင် ကံစမ်းမဲတွေကိုလည်း ဝင်ခွင့်ကဒ်ပြားတွေနဲ့ မဲဖောက်ပေးသွားမှာမို့ ဘာလက်ဆောင်တွေ အိမ်အပြန်မှာ ရရှိသွားမလဲဆိုတာလည်း စိတ်လှုပ်ရှားစရာကောင်းပါတယ်။

ဒီတော့ ဒီဇင်ဘာ၁၁ရက်နေ့ မနက်(၉)နာရီကနေ ညနေ(၅)နာရီအထိ ကျင်းပမယ့် တော်ဝင်ဂါးဒင်းဟိုတယ်က BURMESE HEARTS EDTECH CONFERENCE 2016 ပွဲကို တက်ဖြစ်အောင်တက်ဖို့ ခုကတည်းက အခမဲ့လက်မှတ်တွေ ကြိုထုတ်ထားစို့လား။ အခမဲ့လက်မှတ်ထုတ်ယူဖို့အတွက် learn@burmesehearts.com ကို မိမိအမည် ၊ အီးမေးလ်လိပ်စာနဲ့ ဖုန်းနံပါတ်ပို့ပြီး လက်မှတ်ထုတ်ယူနိုင်ပါတယ်။

လက်မှတ်ထုတ်ယူပြီးသူတွေလည်း ပွဲလာတက်ဖို့မေ့မနေဘဲ သတ်မှတ်ချိန်ထက် စောလာပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီဇင်ဘာ(၁၁)ရက်နေ့ကျရင် တော်ဝင်ဂါးဒင်းဟိုတယ်က BURMESE HEARTS EDTECH CONFERENCE 2016 ပွဲမှာ ဆုံကြမယ်နော်။

 

GET FREE TICKETS
You might also like