Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပညာဒါနမိတ်ကပ်သင်တန်းတွေကို ဘယ်သူသင်မလဲ – BurmeseHearts

ပညာဒါနမိတ်ကပ်သင်တန်းတွေကို ဘယ်သူသင်မလဲ

0

ဒီဇင်ဘာ(၁၁)ရက်နေ့ ၊ တော်ဝင်ဂါးဒင်းဟိုတယ်တွင် ပို့ချမည့် ပညာဒါနမိတ်ကပ်သင်တန်းတွေကို ဘယ်သူသင်ကြားမှာလဲလို့ သိချင်မှာပဲနော်။

Burmese Hearts က ကြီးမှူးကျင်းပတဲ့ ပညာဒါနမိတ်ကပ်သင်တန်းတွေကို သင်ပေးမယ့်သူက ထင်ရှားအောင်မြင်နေသော မြန်မာနိုင်ငံရဲ့ အမျိုးသမီးတို့အလှအပရေးရာ Blogger ဖြိုး (သို့မဟုတ်) မဖြိုးပြည့်စုံထွန်း ဖြစ်ပါတယ်။ ဖြိုးဟာ Phyodaybyday ဆိုတဲ့ Page ကနေ အသားအရည်ထိန်းသိမ်းနည်း ၊ မိတ်ကပ်ကို ဘယ်ပွဲနဲ့ ဘယ်လိုနေရာမျိုးမှာ ဘယ်လိုလိမ်းခြယ်ရမယ်လို့ သင်ကြားပေးနေသူပါ။

အလှအပရေးရာနဲ့ပတ်သက်လို့ Product Review တွေကိုလည်း လုပ်ပေးနေသူမို့ သူမနဲ့တိုက်ရိုက် သင်ကြားခွင့်ရမယ်ဆို ကိုယ်မသိတာတွေအများကြီး သိလာနိုင်ပြီလေ။ ဒီဇင်ဘာ၁၁ရက်နေ့ကျရင် တော်ဝင်ဂါးဒင်းဟိုတယ်ခန်းမမှာ ဖြိုးက အမျိုးသမီးတွေ ထသွားထလာနဲ့ ရုံးသွားတဲ့အခါ နေ့စဉ်သုံးမိတ်ကပ်ကို ဘယ်လို လှလှပပလိမ်းခြယ်ရမယ်ဆိုတာရယ် ၊ Beauty Tips လေးတွေကို (Workshop)အနေနဲ့ သရုပ်ပြသင်ပေးမှာမို့ ကိုယ်တိုင်လည်းလုပ်ကြည့်ရင်း မသိတာလည်းမေးရင်း ပညာတွေတိုးလာနိုင်ပြီပေါ့။

သင်တန်းသားဦးရေ (၁၀)ဦးသာ ကန့်သတ်ထားတဲ့အတွက် အမှတ်(၁၇၃)ခ ၊ မြေညီထပ် ၃၈လမ်းအလယ်ဘလောက်က Neon Star မိုဘိုင်းဖုန်းဖြန့်ချီရေးမှာ ကြိုတင်လာရောက်စာရင်းပေးသွင်းနိုင်ပါတယ်။ နှစ်ချိန်သာသင်ပေးမှာမို့ တချိန်ကို ကျပ်ကိုးထောင်ပဲ ပေးရမှာဖြစ်ပါတယ်။

မိတ်ကပ်သင်တန်းအတွက် ငွေသွင်းပြီးရင်တော့ ဒီဇင်ဘာ၁၁ရက်နေ့ ၊ ကိုယ်တက်တဲ့ဘာသာအချိန်မတိုင်မီ တော်ဝင်ဂါးဒင်းဟိုတယ် ရှစ်လွှာကို လူသာအရောက်လာရုံပါ။ အလှအပနဲ့ မိတ်ကပ်ဝါသနာပါသူတွေ ဒီအခွင့်အရေးကို လက်မလွတ်နဲ့နော်။

ပုံရိပ်(Burmesehearts.com)

You might also like