Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိသော ကလေးများ – BurmeseHearts

ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုမရှိသော ကလေးများ

0

ADHD

ဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးဆိုတာ ဒီအရွယ်မှာ ဒီလိုအမူအကျင့်တွေ ၊ အတွေးတွေ ၊ လုပ်ကိုင်ဆောင်ရွက်မှုတွေ ပြောင်းလဲတိုးတက်လာသင့်ပေမယ့် မတိုးတက်လာတာမို့ ဖွံ့ဖြိုးမှု နောက်ကျတယ်လို့ ဆိုတာဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးတွေကို တွေ့ရလေ့ရှိပေမယ့် နောက်ကျတယ်ဆိုတာ အချိန်အတိုင်းအတာတခု နောက်ကျနေတာလား ၊ ဖွံ့ဖြိုးမှု လုံးဝမရှိနိုင်တော့တဲ့ အန္တရာယ်မျိုး ကလေးမှာရှိနေသလားဆိုတာကို သိအောင် စစ်ဆေး စမ်းသပ်သင့်ပါတယ်။

ဒီလိုကလေးငယ်တွေဟာ အာရုံစူးစိုက်မှုနဲ့ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ အားနည်းချက်တွေရှိနေတာ ၊ ပုံမှန်ကလေးတွေလို ဖွံ့ဖြိုးတိုးတက်မှုနှုန်းမဟုတ်တာ ၊ ပုံမှန်ကလေးတွေလို အာရုံစိုက်လို့ လှုပ်ရှားလုပ်ဆောင်တာမျိုးတွေ မပြုနိုင်ကြပါဘူး။

ဒါဘာကြောင့်ဖြစ်တာတယ်ဆိုတာကို ရှုထောင့်အမျိုးမျိုးကနေ ဆွေးနွေးတင်ပြနေကြတယ်ဆိုပေမယ့် မေးခွန်းပေါင်းမြောက်များစွာကိုလည်း အဖြေရှာရန်လိုအပ်နေသေးတာမို့ ဘာကြောင့် ဒီလိုပုံမှန်ဖွံ့ဖြိုးတိုးတက်မှု မရှိတာလဲဆိုတာကို အတိအကျ လက်ညှိုးထိုးဖြေဆိုနိုင်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။

Autism လိုပုံမှန်ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ကလေးတွေဆိုတာဟာ တကမ္ဘာလုံးမှာရှိတဲ့ ကလေးတွေရာခိုင်နှုန်းစုစုပေါင်းရဲ့ ၅ရာခိုင်နှုန်းကနေ ၇ရာခိုင်နှုန်းအထိ ဖြစ်ပွားလေ့ရှိကြတယ်လို့ ကောက်ယူရရှိတဲ့ စစ်တမ်းတွေအရ သိရှိရပါတယ်။ ဒါဟာ ငယ်ရွယ်သူ (၁၁၀)ယောက်မှာ (၁)ယောက်နှုန်းဟာ Autism လို ပုံမှန်ကလေးတစ်ယောက်မဟုတ်တဲ့ ရောဂါလက္ခဏာမျိုးကြောင့် ကုသမှုခံယူနေရတာဖြစ်တယ်လို့ သိရှိရပါတယ်။

Autism ဆိုတာဘာလဲ။ Autism ဆိုတာ ကလေးဟာ ငယ်ငယ်ကတည်း ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာချို့တဲ့သောလက္ခဏာမျိုး ၊ အများနဲ့ပြောဆိုဆက်ဆံ လုပ်ကိုင်ဆောင်ရွက်ရာမှာ အခက်အခဲကြီးကြီးမားမားရှိနေတဲ့ လက္ခဏာမျိုး ၊ ဘာသာစကားလေ့လာပြောဆိုမှုမှာ အားနည်းတာမျိုး ၊ လုပ်ငန်းစဉ်အဆင့်တွေ မှတ်သားဆောင်ရွက်လုပ်ကိုင်ရာမှာလည်း အားနည်းချက်တွေရှိနေတာမျိုးပါ။

Autism လက္ခဏာရှိတဲ့ ကလေးအများစုဟာ ယောက်ျားလေးအများစုဖြစ်ပါတယ်။ မိသားစုထဲမှာ ရောဂါလက္ခဏာရှိဖူးတဲ့မျိုးရိုး ရှိနေခဲ့ဖူးပါတယ်။ မိဘတွေက အသက်ကြီးရင့်မှယူတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒါဟာ syndromes ဖြစ်နိုင်ချေလည်း ရှိနေပါတယ်။

ဘာကြောင့်ဘယ်လို ဒီလက္ခဏာမျိုးပါလာရသလဲ အကြောင်းပြဖို့ မရေရာလှသေးပေမယ့် Autism ရှိတဲ့ ကလေးရဲ့ လက္ခဏာကို မိဘတွေက စတင်သတိထားမိနိုင်ပါတယ်။ ဘယ်လိုက စ သတိထားမိနိုင်သလဲဆိုရင် ကလေးဟာ မျက်လုံးချင်းစကားပြောဆို အချက်ပေးတာမျိုးတွေမရှိတာ ၊ ကလေးကို သူ့နာမည်ခေါ်လို့ ဘာမှ အသိအမှတ်ပြု  တုန့်ပြန်မှုတွေ မပြုလုပ်တာမျိုးတွေပါ။ ASD ဆိုတာကတော့ စကားပြောနောက်ကျတာမျိုး ၊ ဖွံ့ဖြိုးတိုးတက်မှုနှုန်းတွေ နောက်ကျတာမျိုး ၊ ကိုယ့်အားကိုယ်ကိုးမှုမှာ နောက်ကျနေတာမျိုး ၊ အခက်အခဲဖြေရှင်းမှုဆိုင်ရာကိစ္စတွေနဲ့ သိမြင်တတ်စိတ်တွေ နောက်ကျနေတာမျိုးဖြစ်ပါတယ်။

မိဘအများစုက ကလေးတစ်နှစ်အရွယ်ရောက်တဲ့အထိ ကလေးမှာ ASD ရှိနေတယ်လို့ သတိမထားမိတတ်ကြပါဘူး။ ကျွမ်းကျင်သူတွေကတော့ ကလေးတနှစ်မပြည့်မီကတည်းက ကလေးမှာ ဒီလက္ခဏာရှိနေတယ်လို့ သိရှိနိုင်ကြပါတယ်။ တစ်နှစ်ကျော်လို့ ကလေးဟာ တတ်မြောက်သင့်တာတွေ ၊ လုပ်သင့်တာတွေ မလုပ်ဘူးဆိုတော့မှ မိဘတွေဟာ ကလေးရဲ့ ဖွံ့ဖြိုးမှုနောက်ကျခြင်းကို စတင်သတိထားမိတော့တာပါ။ ဒီလို ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ သံသယရှိတဲ့ ကလေးတွေကို ကျွမ်းကျင်သူနဲ့ ပြသစစ်ဆေးသင့်ပါတယ်။ ကျွမ်းကျင်သူတွေက ကလေးကို စမ်းသပ်စစ်ဆေးရင်း ကလေးမှာ ဒီလက္ခဏာရှိတယ် ၊ မရှိဘူး ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ADHD (Attention Deficit သို့မဟုတ် Hyperactivity Disorder) ဖြစ်နေတဲ့ကလေးတွေဟာ သာမာန်ဖွံ့ဖြိုးတိုးတက်မှုနှုန်းရှိတဲ့ ကလေးမဟုတ်ဘူးလို့ သတ်မှတ်ပါတယ်။ ဒါဘာကြောင့်ဖြစ်ရသလဲဆိုရင် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ထိခိုက်စေတဲ့ အချက်တွေ ကလေးမှာ ရှိနေလို့ဖြစ်ပါတယ်။ ဒီလို ADHD ရှိနေသူတွေရဲ့ မျိုးဆက်ဟာ ဒီမျိုးရိုးဗီဇ လက္ခဏာမျိုးပါလာဖို့ အလားအလာများနေတဲ့ အန္တရာယ်ရှိနေတယ်လို့လည်း သိရပါတယ်။ အကယ်၍ ကိုယ့်မှာ ဒီလိုလက္ခဏာရှိပြီး ကိုယ့်အိမ်ထောင်ဖက်မှာ ဒီလိုလက္ခဏာမျိုးမရှိရင် ကိုယ်တွေကမွေးလာမယ့် ကလေးတစ်ဦးစီတိုင်းဟာ ၂၅ရာခိုင်နှုန်း ဒီလက္ခဏာပါလာနိုင်ချေရှိတယ်လို့ သိရပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဆေးလိပ်သောက်သုံးတာပဲဖြစ်ဖြစ် (ဆေးလိပ်ငွေ့နံ့တွေအမြဲလိုရှူရှိုက်နေရတာမျိုးပဲဖြစ်ဖြစ်) ၊ သတ်မှတ်ထားတဲ့ မသောက်သုံးသင့်သော ပိုးသတ်ဆေးပြင်းပြင်းတွေ သောက်သုံးမိခဲ့တာမျိုးဖြစ်ဖြစ် ၊ အရက် ၊ ဆေးခြောက် ၊ ဘိန်းဖြူ စတဲ့ ကိုယ်ဝန်ဆောင်မသုံးအပ်တာတွေ သုံးမိခဲ့တာမျိုးဖြစ်ဖြစ် ၊ အရွယ်မတိုင်မီကိုယ်ဝန်ဆောင်တာမျိုး ၊ လမစေ့ပဲကလေးမွေးဖွားတာမျိုး ၊ သားအိမ်အတွင်းဖွံ့ဖြိုးမှုမှာကတည်းက ကလေးဟာအကန့်အသတ်နဲ့ ဖွံ့ဖြိုးလာခဲ့တာမျိုး ၊ ဦးနှောက်ထဲပိုးကူးစက်ခံလိုက်ရတာမျိုး ၊ မွေးကတည်းက ဇီဝဖြစ်စဉ်မှာ အမှားအယွင်းတွေ ပါလာခဲ့တာမျိုးတွေကြောင့် ADHD ဖြစ်လာခဲ့တာလို့ သိရပါတယ်။

မူကြိုနေရမယ့် ကလေးအရွယ်မှာ ကလေးဟာ ကျောင်းမှာပဲဖြစ်ဖြစ် ၊ အိမ်မှာပဲဖြစ်ဖြစ် ထိန်းမနိုင်သိမ်းမရ အရမ်းအတက်ကြွလွန် စရိုက်မျိုး ရှိနေတာ ၊ စိတ်လိုက်မာန်ပါလုပ်တတ်တာမျိုး ၊ အာရုံစူးစိုက်မှု ကြာကြာမပြုနိုင်တာမျိုး ဖြစ်နေရင် ပုံမှန်မဟုတ်ပါဘူး။ မူကြိုအရွယ်ကလေးငယ်တွေ ADHD ရှိနေတယ်ဆိုတဲ့ လက္ခဏာတွေထဲမှာ ကားထဲခါးပတ် ပတ်ပေးထားလို့မရဘဲ ကားတံခါးကိုဖွင့်မယ်လို့ပဲ ခြိမ်းခြောက်လုပ်ကိုင်ဆောင်ရွက်နေတာမျိုး ၊ ပြတင်းပေါက်ကနေ ခုန်ထွက်တာမျိုး ၊ ပြုတ်ကျသွားတတ်တာမျိုးတွေ ၊ အဆိပ်ရှိတဲ့ ဓါတုပစ္စည်းတွေကိုလည်းစားသောက်ပစ်တတ်တာမျိုးတွေ ပါနေပါတယ်။

ဒီလိုကလေးငယ်တွေ ဘေးကင်းလုံခြုံမှုအတွက် သူတို့ကိုအနီးကပ်ကြည့်ရှုဂရုစိုက်ပါမှဖြစ်မှာပါ။ ဒီလိုကလေးတွေဟာ ငယ်စဉ်က လမ်းလျှောက်တတ်ခါစလေးနဲ့ လျှောက်ပြေးနေတတ်တာမျိုး ၊ သူတို့စိတ်ကျေနပ်အောင်လုပ်ဖို့ ခက်ခဲတာမျိုး ၊ သူတို့ကိုသိပ်ဖို့ အခက်အခဲရှိနေတာမျိုးတွေလည်း ဖြစ်ခဲ့ပါတယ်။ ADHD ရှိနေတဲ့ ကလေးတွေကို ကလေးအထူးကုနဲ့ ကြပ်မတ်ပြသပြီး တဆင့်ပြီးတဆင့် ကုယူသွားရမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

You might also like