Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
စေတီနှင့်ရုပ်ပွားတော် ကိုးကွယ်မှု ကွာခြားပုံ – BurmeseHearts

စေတီနှင့်ရုပ်ပွားတော် ကိုးကွယ်မှု ကွာခြားပုံ

0

ကျွန်မဟာ ငယ်စဉ်က မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက်ပါ။ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်ဆိုတာ မျိုးရိုးအလိုက် အစဉ်အဆက် ဗုဒ္ဓဘာသာကိုးကွယ်ခဲ့တာမို့ မွေးလာပြီးကတည်းက ကိုယ်လည်း အလိုလို ဗုဒ္ဓဘာသာဝင်အဖြစ် သွတ်သွင်းခံရပြီး ဗုဒ္ဓဘာသာဝင်ဖြစ်လာကြသူတွေကို ဆိုလိုပါတယ်။

စကားကောင်းကောင်းပြောတတ်စအရွယ်မှာ အမေက သြကာသ သင်ပေးတယ်။ အမေသင်ပေးတဲ့ သြကာသကို လက်အုပ်ကလေးချီလို့ လိုက်ဆိုရင် လူကြီးတွေက လက်ခုပ်တီးကြ ၊ ချီးမွမ်းကြ ၊ မုန့်ကျွေးကြဆိုတော့ အဲလိုဆိုရတာကို ကြိုက်လာတယ်။ သရဏဂုံနဲ့ သြကာသကို စကားမပီတတ်သေးတဲ့အရွယ်မှာ နှုတ်တိုက်ရွတ်ဆိုတတ်လာတယ်။

“ဗုဒ္ဓံပူဇေမိ ဗုဒ္ဓံမြတ်စွာဘုရားကို ပူဇေမိ ပူဇော်ပါ၏ဘုရား” စသဖြင့် သြကာသနဲ့ ကန်တော့ခွင့်တောင်းခံရာကနေ မူလတန်းကျောင်းမှာ နေ့စဉ်ရွတ်ရတာတွေကို နှုတ်တိုက်ရလာခဲ့ပေမယ့် ဘာကြောင့် ကန်တော့သင့်တယ် ဆိုတာကို သဘောပေါက်နားလည်အောင် ရှင်းပြတဲ့သူ ကျွန်မမှာ မရှိခဲ့ပါဘူး။ သူများရွတ်ရင် ကိုယ်ရွတ် ၊ သူများဦးချ ကိုယ်ဦးချနဲ့ အထက်တန်း ရောက်လာခဲ့တာပေါ့။

ကျွန်မတို့မိသားစုဟာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဆိုပေမယ့် ဘာသာတရား အလွန်ကိုင်းရှိုင်းကြတယ်လို့ ဆိုလို့ရပါတယ်။ ဘုရားစင်မှာ ဆွမ်း ၊ ရေချမ်း ၊ ပန်း ၊ ဆီမီး ၊ အမွေးနံ့သာမပြတ် ၊ မနက်ည ပူဇော်ရွတ်ဖတ်သူတွေ မပြတ်တဲ့အပြင် ဝါဝင် ၊ ဝါထွက်မှာ ဆွမ်းကပ်တာမျိုး ၊ သုံးလတကြိမ်လောက် အလှူလုပ် ၊ ဘုန်းကြီးပင့်ပြီး တနားနာတာမျိုးတွေအပြင် နေ့စဉ်လည်း ဆွမ်းခံပုဂ္ဂိုလ်တွေကို အရုဏ်ဆွမ်း မမှီရင် နေ့ဆွမ်း ၊ ဆွမ်းဆန်မပြတ် လှူဒါန်းကြတဲ့ မိသားစုတွေပါ။ ဆန်ခံကြွတဲ့ ဆရာကြီး ၊ ဆရာလေးတွေကိုလည်း ကြွတဲ့အပါးတိုင်း တပါးပဲဖြစ်ဖြစ် ၊ အတန်းလိုက်ပဲဖြစ်ဖြစ် ပုံမှန်လောင်းလှူလေ့ရှိတယ်။ ဒီအလေ့အကျင့်ကိုလည်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တာပါ။

BurmeseHearts Blog

ကျွန်မ (၄) ၊ (၅)နှစ်လောက်က ဖြစ်မယ်ထင်တယ်။ ကျွန်မ မှတ်မှတ်မိမိ ပထမဆုံး မေးဖြစ်တဲ့မေးခွန်းကို အိမ်က အရွယ်ရောက် အစ်ကို ၊ အစ်မတွေက မဖြေနိုင်ခဲ့ဘဲ ငရဲလားမယ် ၊ မိဘနဲ့ လူကြီးတွေသွားမေးရင် အရိုက်ခံရမယ်လို့ ခြောက်ခဲ့တဲ့အတွက် ကျွန်မသိချင်တဲ့ မေးခွန်းရဲ့အဖြေ သိနိုင်ခွင့် ကျွန်မစွန့်လွှတ်ခဲ့ပါတယ်။ တအိမ်လုံးက ဘုရားသွားမယ်ဆိုရင် အနီးဝန်းကျင်ကဖြစ်ဖြစ် ၊ အဝေးကဖြစ်ဖြစ် စေတီတဆူဆူဆီ ရောက်အောင်သွားကြပြီး ဘုရားကန်တော့ရအောင်ဆိုရင် အိမ်မှာဆို ဘုရားခန်းထဲကန်တော့တယ် ၊ စေတီရောက်နေရင် စေတီကြီးကန်တော့တယ်။ ဒီတော့ ဘုရားခေါ်တာချင်းအတူတူ ဒီချွန်ချွန်ကြီးနဲ့ အိမ်ကဘုရား ဘာကွာသလဲ ၊ ဒီချွန်ချွန်ကြီးတွေကို ဘာလို့ ဘုရားလို့ ခေါ်သလဲ စသဖြင့် ကလေးပီပီ မေးဖြစ်ခဲ့တာပါ။ မမေးနဲ့လို့ တားတဲ့ကြားထဲက ထပ်မေးခဲ့သေးတယ်။ အဖြူချွန်ချွန်နဲ့ ရွှေရောင်ချွန်ချွန် ဘာကွာသလဲပေါ့။

မိရိုးဖလာဗုဒ္ဓဘာသာဝင်တွေအဖြစ် ဘုရား ၊ တရား အလွန်ယုံကြည်သက်ဝင်ပြီး အလှူအတန်း လက်နဲ့မပြတ် ၊ ရွတ်ဆိုမှုတွေမပြတ် ရှိနေကြတဲ့ ကျွန်မတို့ မိသားစုဝင်တွေထဲမှာ အခါကြီးရက်ကြီး ဥပုသ်စောင့်တဲ့သူမရှိပါဘူး။ ဥပုသ်သီလစောင့်တည်ဖို့ထက် လှူဖို့ တန်းဖို့ကို ပိုပြီး သဒ္ဒါတရား ထက်သန်နေကြတာပါ။ ဒီတော့ ကျွန်မသိလိုရာတွေကို ပြန်ဖြေပေးနိုင်မယ့် ဗဟုသုတ အစ်ကို ၊ အစ်မတွေမှာ မရှိသလို ကျွန်မကလည်း အရိုက်ခံရမှာကြောက်တော့ သိချင်စိတ် ရင်ထဲမြိုသိပ်ပြီး လူကြီးတွေကို သိလိုရာ မမေးဖြစ်ခဲ့တော့ဘူး။ ကျောင်းစာတွေနဲ့ နပန်းလုံးခဲ့တော့ ဘွဲ့ရပြီးလောက်မှ အပြင်စာတွေဖတ်ပြီး ဘယ်လိုကွားခြားတယ်လို့ ကိုယ့်ဘာသာရှာဖတ်ပြီး နားလည်လာခဲ့တာပါ။

ဘုရားရဲ့ ဓါတ်တော် ၊ ဆံတော်တွေ ဠာပနာထားပြီး တည်ထားရင် စေတီတော် (ဘုရားစေတီ)လို့ ခေါ်ပြီး ဗုဒ္ဓကိုယ်စား အပူဇော်ခံကန်တော့တဲ့ရုပ်တု ၊ ဘုရားရုပ်လုံးတော်ကိုတော့ ဗုဒ္ဓကိုယ်စား ဆက်ကပ် ပူဇော်ကန်တော့တယ်လို့ နားလည်ခဲ့တာပါ။

သြကာသ (Burmesehearts.com)

You might also like