Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အိုအောင်မင်းအောင် ရိုးမြေကျ ပေါင်းဖက်နိုင်ကြဖို့ဆိုရာဝယ် – BurmeseHearts

အိုအောင်မင်းအောင် ရိုးမြေကျ ပေါင်းဖက်နိုင်ကြဖို့ဆိုရာဝယ်

0

အိုအောင်မင်းအောင် ရိုးမြေကျ မေတ္တာမပျက် ပေါင်းဖက်သွားဖို့ဆိုတာ ကြင်ဖော်စစ်နဲ့မှ ဖြစ်မှာပါ။
အိုအောင်မင်းအောင် ရိုးမြေကျ မေတ္တာမပျက် ပေါင်းဖက်သွားဖို့ဆိုတာ ကြင်ဖော်စစ်နဲ့မှ ဖြစ်မှာပါ။

အိမ်ထောင်ပြုလိုတဲ့သူတိုင်း ကိုယ်ဟာ ဘယ်လိုအိမ်ထောင်ဘက်မျိုးကို လိုချင်တယ်ဆိုတဲ့ စံတော့ရှိရမှာပေါ့။ နီးရာတွေထဲက အကောင်းဆုံးထင်ရာနဲ့ ရွှေလက်တွဲမယ်ဆိုရင် အနူတောမှာ လူချောနဲ့တွေ့နေတာဆို ဘယ်လိုလုပ်မလဲနော်။ ဘဝဆိုတာ တသမတ်တည်း သွားတာမျိုးမဟုတ်ဘူးလေ။ နိမ့်ချည် ၊ မြင့်ချည်ရှိတာမို့ ကိုယ်မြင့်တဲ့အခါ မြင့်တဲ့အသိုင်းအဝန်းထဲရောက်နိုင်သလို နိမ့်တဲ့အခါ နိမ့်တဲ့အသိုင်းအဝန်းမှာ ကျင်လည်နေရတာမျိုးပါ။

ကိုယ်ငယ်စဉ်မှာ အကောင်းဆုံးထင်သူနဲ့ လက်ဆက်ခဲ့ပေမယ့် ကိုယ်တကယ် အလုပ်အကိုင်အတည်တကျနဲ့ လူတောသူတော ကျယ်ကျယ်ပြန့်ပြန့်တိုးပြီး အသိုင်းအဝန်းကျယ်ပြန့်လာချိန်မှာ ကိုယ်လိုချင်တာနဲ့ ကိုယ်ရနေတာ ကိုက်ညီမှုမရှိတာမျိုး တွေ့လာနိုင်ပါတယ်။ တခါတလေ ကိုယ်နဲ့မယူခင်က ကောင်းချည်ကောင်းရဲ့နဲ  ယူပြီးမှ အချိုးပြောင်းလာတာတွေကိုလည်း တွေ့နိုင်ပါတယ်။ ကိုယ်သတိကြီးကြီးထားလို့ အကောင်းဆုံးရွေးချယ်ခဲ့ပါရက်နဲ့ ယူပြီးမှ အချိုးပြောင်းသွားခဲ့ရင် မမြင်ရတဲ့အနာဂါတ်မှာ ဖြစ်လာတဲ့အခြေအနေမို့ ကိုယ်မတတ်နိုင်တဲ့အခါ ကံကိုပဲ ပုံချရုံရှိတာပေါ့။

ကိုယ်လိုချင်တာချည်းပဲ တောင့်တနေလို့ ၊ စောင့်မျှော်နေလို့မရပါဘူး။ ကိုယ်လိုချင်တာကို ကိုယ်အရင်ပေးတတ်မှ ဖြစ်မှာပါ။ ဒီတော့ တဖက်လူက ကိုယ့်ရဲ့ ကောင်းမွန်တဲ့ အမူအကျင့်နဲ့ မေတ္တာတရားတွေကို ခံစားမိပြီး ကိုယ်နဲ့စိတ်တူကိုယ်တူရှိသူဆို နဂိုက ဒီလိုပြုမူကျင့် ၊ နေကျင့် မရှိသည့်တိုင် ကိုယ့်အမူအကျင့်အတိုင်း ပြောင်းလဲလာပါတယ်။ ဒီအခါ ကိုယ့်ဘက်ပါလာပြီပေါ့။ နဂိုကတည်းက ဒီလိုအမူအကျင့်မျိုးရှိတဲ့သူနဲ့ ဖူးစာဆုံခွင့်ရရင် ဘယ်လောက်ကောင်းလိုက်သလဲနော်။

ကိုယ်ဖြစ်စေချင်တဲ့ အမူအကျင့်ရှိသူနဲ့ မတွေ့ဆုံခဲ့သည်တိုင် ကိုယ်နဲ့ တွေ့ဆုံသူဟာ ကိုယ်လိုချင်တဲ့ပုံစံမျိုး ဖြစ်လာနိုင်မလားဆိုတာ သိရဖို့ သူ့ကို ကိုယ်လိုချင်တာတွေ အရင်ပေးပါ။ အပေးလွန်ရင်လည်း အယူမှာပဲ အသားကျသွားတဲ့သူဟာ ပြန်ပေးဖို့ တသက်တာ မေ့သွားတတ်တယ်။ ဒီလိုဆိုရင် ကိုယ်ဟာ နေရာမှားယူလိုက်တာပေါ့။ ဘဝမှာ လူမှန် ၊ နေရာမှန် နေတတ်ဖို့ ကိုယ့်အိမ်ထောင်ဖက်ကိုလည်း ဒီလိုနေထိုင်တတ်ဖို့ (မယူခင်ကတည်းကဖြစ်ဖြစ်) လေ့ကျင့်ပေးဖို့လိုပါတယ်။

အဆင့်အတန်းမြင့်မားသူတွေကိုမှ လိုချင်တဲ့သူတွေအဖို့ သူတို့ရဲ့မောက်မာမှုကိုတော့ ခံနိုင်ရည်ရှိအောင် လက်မထပ်ခင်ကတည်းက လေ့ကျင့်ထားဖို့လိုပါတယ်။ သူတို့ဟာ မွေးကတည်းက မြှောက်ပင့်ခံထားရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတယ်ဆိုရင် သူတို့ရဲ့ ကိုယ်ချင်းစာနာတတ်တဲ့စိတ်ထားဟာ ဟိုးအောက်မှာ ရှိနေနိုင်ပါတယ်။

ရွှ ရွှေချင်းထပ် မြတ်တယ်လို့ ဆိုကြပေမယ့် လူတွေမမြင်နိုင်တဲ့နောက်ကွယ်မှာ ဓါး ဓါးချင်း ၊ လှံ လှံချင်း ထပ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သူကလည်း သူ့အဆင့်နဲ့ကိုယ် ၊ ကိုယ်ကလည်း ကိုယ့်အဆင့်နဲ့ကိုယ်ရှိပြီးသား ၊ လက်ထပ်ပြီးပေမယ့် ဘာမှ အောက်ကျို့ခံနေစရာမလိုဘူးလို့ စိတ်ထားရှိသူတွေမှာ ဒီလိုမျိုး ဖြစ်နေတတ်တာပါ။ အမြင့်မှာနေခဲ့ရတာကို နှစ်ယောက်သားက ကျင့်သားရခဲ့ပြီကိုး။ ဒီလိုအိမ်ထောင်ဖက်တွေမှာ ကိုယ်ချင်းစာနာမှုတွေ ၊ ထောက်ထားမှုတွေ ၊ ကြင်နာမှုတွေ ၊ အိမ်ထောင်ရေး သာယာပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေတတ်ပါတယ်။

BurmeseHearts Blog

ကျွန်မကတော့ ချစ်သူအချင်းချင်း ၊ လင်မယားအချင်းချင်း ၊ သားအမိအချင်းချင်း ၊ မိသားစုအချင်းချင်း အပြန်အလှန်လေးစားမှုကို လိုလားသူမို့ ဒီလိုဆန္ဒရှိသူကိုပဲ ရေရှည်လက်တွဲဖို့ စဉ်းစားခဲ့တယ် ၊ သမီးရည်းစားအဖြစ်ရှိနေချိန်မှာ အပြန်အလှန်လေးစားမှုနဲ့ သဘောထားညှိနှိုင်းယူမှုဆိုတာတွေ လေ့ကျင့်ခဲ့တယ် ၊ အားလုံးအိုကေတယ်လို့ ခံစားရတော့မှ လက်ထပ်ပေါင်းသင်းခဲ့တယ်။

လက်ထပ်ပြီးတဲ့တိုင်အောင် ဒီအလေ့အကျင့်ပဲ နှစ်ဦးသား ဆက်လက်ကျင့်သုံးတယ်။ သားသမီးရလာတော့လည်း မိသားစုထဲမှာ အလေ့အကျင့် လက်ဆင့်ကမ်း ကျင့်သုံးတယ်။ လူကိုလူရယ်လို့ သဘောထားဆက်ဆံတာလောက် ခံစားရကောင်းတာမရှိဘူး။ အားနည်းတဲ့သူကို ကူညီရတာလောက် ပီတိဖြစ်စရာမရှိဘူး။ သာယာတဲ့မိသားစုဘဝလေးလောက် လောကီမှာ အေးငြိမ်းချမ်းသာတာ မရှိဘူး။ အိမ်တွင်း ပျော်ရွှင်သာယာမှုရှိနေရင် အိမ်အပြင်မှာ တကူးတက ပျော်ရွှင်မှု ထွက်ရှာစရာမလိုတော့ဘူးလေ။

မြင့်မားတဲ့နေရာကိုရောက်လိုရင် ကိုယ်တိုင်လည်း မြင့်မားအောင် ကြိုးစားရမယ်ဆိုတဲ့ခံယူချက် ကျွန်မမှာရှိတယ်။ ကိုယ်တိုင်က အရည်အချင်းရှိရှိ အဆင့်အတန်းမြင့်မားလာအောင် ကြိုးစားလိုစိတ်မရှိဘဲ အမြင့်က ရှိပြီးသားနေရာမှာ (သူများနေရာလည်းဖြစ်နိုင်တယ်) အဆင့်သင့်ကလေး ဝင်ထိုင်လိုက်မယ်ဆိုရင် ဒီနေရာနဲ့ထိုက်တန်တာတွေ ခံစားရင်း အိမ်ထောက်ဖက်နဲ့ သူ့အသိုင်းအဝန်းရဲ့ မောက်မာမှုတွေကိုလည်း ခံစားရမှာပါပဲ။ တခုလိုချင် တခုမက ပေးရတာမျိုးလည်း ရှိတတ်တယ်။ တခါတလေ ကိုယ်ရတာနဲ့မတန်အောင် ဘဝနဲ့ချီ ပေးလိုက်ရတာတွေလည်းရှိတယ်။ ခေါင်းသုံးဖို့တော့ လိုတာပေါ့နော်။

ကျွန်မကတော့ ကိုယ်တွေနှစ်ဦး ဒိုးတူဘောက်ဖက် မြင့်မားတဲ့နေရာရောက်လာဖို့ အတူကြိုးစားကြတာမျိုးကို အားပေးတယ်။ သာလည်းအတူတူ ၊ နာလည်းအတူတူ ၊ မျှဝေခြင်းဆိုတဲ့ခံစားမှုနဲ့ ချစ်ခြင်းမေတ္တာကို အရောင်တင်ပေးရတာ ပိုကြိုက်တယ်။ နှစ်ဦးသား ရဲဘော်ရဲဘက်စိတ်နဲ့ သံယောဇဉ်ပိုတိုးလာတယ်။ ငဲ့ညှာမှုဆိုတာကို ထူးသင်စရာမလိုတော့ဘူး။

မေတ္တာလိုချင် မေတ္တာပေးရမယ် ၊ ကြင်နာမှု ၊ ဂရုစိုက်မှု ၊ ငဲ့ညှာမှု ၊ လေးစားမှု ၊ ယုယမှု စတဲ့ ကိုယ်လိုချင်တာတွေကို ကိုယ်ကအရင်စပေးရင်း သူ့အပေါ် ကိုယ်ဘယ်လို မေတ္တာထားတယ် ၊ ဘယ်လိုအားကိုးတယ် ၊ အနာဂါတ်အတွက် နှစ်ဦးဘယ်လိုရည်ရွယ်ထားတယ် ၊ လောကဓံတွေလာရင်လည်း တစ်ဦးကိုတစ်ဦး အပြစ်တင်နေဖို့ထက် နှစ်ဦးအတူလက်တွဲပြီး ကြံ့ကြံ့ခံမယ်ဆို ဒီလိုအိမ်ထောင်ဘက်လောက် တန်ဖိုးရှိတဲ့သူ ထပ်တွေ့နိုင်ပါဦးမလားနော်။

ရတု (Burmesehearts.com)

You might also like