Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်နှစ်အောက် ကလေးငယ်များတွင် ဖြစ်တတ်သော ဘယ်ရီ ဘယ်ရီ ရောဂါအကြောင်း – BurmeseHearts

တစ်နှစ်အောက် ကလေးငယ်များတွင် ဖြစ်တတ်သော ဘယ်ရီ ဘယ်ရီ ရောဂါအကြောင်း

0

တစ်နှစ်အောက် ကလေးငယ်များတွင် ဖြစ်တတ်သော ဘယ်ရီ ဘယ်ရီ ရောဂါသည် ကလေးငယ်ကို ဆေးဝါးကုသမှု တစုံတရာမပြုပါက လေး ၊ ငါးနာရီအတွင်းမှာ အသက်ဆုံးရှုံးစေနိုင်သော ရောဂါဖြစ်သည်ဟု သိရသည်။ ဘယ်ရီ ဘယ်ရီ ဆိုတာ ဗီတာမင်ဘီဝမ်းဓါတ်ချို့တဲ့လို့ တစ်နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ရောဂါပါ။ ကလေးငယ်ဟာ ဘယ်ရီ ဘယ်ရီဖြစ်နေရင် အသက်ရှူမြန်ပြီး မရှုမလှ ခံစားရပါတယ်။ မောဟိုက်နေတတ်ပါတယ်။ ကလေးငိုတာတောင် အသံကျယ်ကျယ်ထွက်မငိုနိုင်ဘဲ တ အင် အင် နဲ့ ချည့်နဲ့နဲ့လေးသာ ငိုနိုင်တာပါ။ ထိုရောဂါလက္ခဏာဟာ နမိုးနီးယား(ခေါ်) အဆုတ်ရောင် ရောဂါဟုလည်း ထင်မှတ်မှားစရာဖြစ်နေတတ်ပါတယ်။

နှလုံးရောဂါ လက္ခဏာအတိုးလိုဖြစ်နေတဲ့ ဒီကလေးငယ်ကို ဘယ်ရီ ဘယ်ရီ ရောဂါဟုတ် မဟုတ် သိချင်ရင် ဆရာဝန်တွေက ကလေးရဲ့ အသည်းကို တိုင်းထွာထားပြီး ဘားပလက်၅၀အား တစ်စီစီကို အသားဆေးအဖြစ် ကလေးကို ထိုးပေးလိုက်ရင် အခုပဲ သေဆုံးတော့မလို အသည်းအသန်ဖြစ်နေတဲ့ကလေးဟာ တစ်နာရီအတွင်း သိသိသာသာ ပြန်ကောင်းလာမှာဖြစ်ပါတယ်။ ဘားပလက်ထိုးပေးပြီး (၂)နာရီအတွင်းမှာတော့ အသည်းကြီးနေရာကနေ ပြန်လျော့သွားမှာဖြစ်တဲ့အတွက် ဒီကလေးဟာ ဘယ်ရီ ဘယ်ရီ ရောဂါဖြစ်နေခဲ့တာလို့ အတိအကျ ပြောနိုင်ပါပြီ။ နောက်တနေ့မှာတော့ ကလေးဟာ လုံးဝကို ပြန်ကောင်းသွားမှာဖြစ်ပါတယ်။ ဒါဟာ ဘယ်ရီ ဘယ်ရီလို့ခေါ်တဲ့ ဗီတာမင်ဘီဝမ်းဓါတ်ချို့တဲ့လို့ တစ်နှစ်အောက် ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ရောဂါပါ။

BurmeseHearts Blog

မြန်မာကလေးတွေအတွက် ဗီတာမင်ဘီဝမ်းဓါတ်ကို ဆန်ကနေ အဓိကရရှိပြီး အသီးအရွက် ၊ အသား ၊ ငါး ၊ ကြက်ဥတို့မှာလည်း ဗီတာမင်ဘီဝမ်းဓါတ် ပါဝင်ပါတယ်။ ဒါပေမယ့် အောက်သိုးနေတဲ့ဆန်တွေ နဲ့ အလွန်အမင်း ဖြူအောင် ဖွပ်ထားတဲ့ဆန်တွေမှာတော့ ဗီတာမင်ဘီဝမ်းဓါတ် မပါရှိတော့ပါဘူး။ တကယ်လို့ နို့တိုက်မိခင်ဟာ အစားရှောင်ပြီး ထမင်းဆီဆမ်းနဲ့ ငါးခြောက်ဖုတ် ၊ ဟင်းခါးရည်ပဲ သောက်မယ်ဆိုရင်တော့ နို့တိုက်မိခင်ရဲ့ နို့ထဲမှာ အာဟာရဓါတ်ပြည့်ဝစွာ မပါဝင်တဲ့အတွက် နို့ကိုပဲ မှီခိုအားထားနေရတဲ့ နို့စို့ကလေးဟာ အာဟာရဓါတ် ချို့တဲ့လာတာဖြစ်ပါတယ်။

နို့တိုက်မိခင်က အသား ၊ ငါး ၊ အသီးအရွက် ၊ ကြက်ဥတွေ အစုံစားမယ်ဆို ကလေးဟာ ဘယ်ရီ ဘယ်ရီရောဂါ မဖြစ်နိုင်ပါဘူး။ တောရွာတွေမှာ စားလေ့ရှိကြတဲ့ မောင်းထောင်းဆန်တို့ ၊ ဆန်လုံးညိုတို့စားရင်လည်း ဘယ်ရီဘယ်ရီ မဖြစ်နိုင်ပါဘူး။ တစ်နှစ်အောက် ကလေးငယ် ဘယ်ရီ ဘယ်ရီ ရောဂါမဖြစ်ဖို့ မိခင်ဟာ ဆန်ကို အထပ်ထပ် မဖွပ်ဆေးသင့်ပါဘူး။ အောက်သိုးနေတဲ့ဆန်တွေကိုလည်း မစားသင့်ဘူး။ လျှော့ကြိတ်ဆန်တွေကို စားသင့်ပါတယ်။

ဘယ်ရီ ဘယ်ရီဓါတ် ချို့တဲ့မှုဖြစ်ပေါ်နေတဲ့ ကလေးရဲ့မိခင်ဟာ ပိန်ချုံးနေတာမျိုး မဟုတ်ပါဘူး။ ရောဂါဖြစ်နေတဲ့ ကလေးကိုယ်တိုင်ကလည်း ဝဝပြည့်ပြည့်လေး ဖြစ်နေနိုင်ပါတယ်။ ကလေးမှာ ဘယ်ရီ ဘယ်ရီရောဂါဖြစ်နေရင် ရောဂါဖြစ်နေတဲ့ကလေးကိုလည်း ကုရမှာဖြစ်သလို အမေကိုလည်း အနည်းဆုံး ခုနှစ်ရက်လောက် အားဆေးသောက်ဖို့ ပေးရမှာဖြစ်ပါတယ်။ ဘယ်ရီ ဘယ်ရီ ရောဂါဖြစ်နေတဲ့ကလေးကို နို့ဖြတ်ပစ်စရာမလိုဘဲ ဆက်တိုက်ရမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

ကိုးကား – ကလေးသမားတော်ကြီး ဦးတင်ဦး (ကလေးဆေးရုံကြီး) ကလေးနှင့်အာဟာရ

You might also like