Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မိဘအမျိုးအစားများ နှင့် ၎င်းတို့ကလေးငယ်တွေအတွက် ဖြစ်လာနိုင်ချေရှိသော အနာဂါတ် အပိုင်း(၁) – BurmeseHearts

မိဘအမျိုးအစားများ နှင့် ၎င်းတို့ကလေးငယ်တွေအတွက် ဖြစ်လာနိုင်ချေရှိသော အနာဂါတ် အပိုင်း(၁)

0

မိဘချင်းတူပေမယ့် တအိမ်ထောင်စုတည်းက မိနဲ့ဖအမျိုးအစားဟာ ကွဲပြားသွားနိုင်ပါတယ်။ ကိုယ်ဟာ ဘယ်လို မိဘမျိုးလဲ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်အောင် မိဘအမျိုးအစားတွေကို ခွဲခြားဖော်ပြပေးလိုက်ပါတယ်။

ဘယ်အချိန်မှာ တားရမယ် ၊ ဘာတွေကို တားရမယ်လို့ နားမလည်ရင်

၁။ ပျော့ပျောင်းလွန်းတဲ့မိဘ

ဒီလို နံပါတ်(၁)အမျိုးအစားမိဘတွေဟာ နူးညံ့တယ် ၊ လွယ်လွယ်ကူကူ ဆက်ဆံလို့ရတယ် ၊ ချိုသာတယ်။ သူတို့ဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို “ဟုတ်တာပေါ့ သားရယ် / သမီးရယ်” လို့ ကလေးတွေကို အများအားဖြင့် ပြောဆိုလေ့ရှိကြပါတယ်။

သူတို့တွေဟာ စည်းကမ်းဆိုတာကို ကလေးဆန္ဒသဘောအတိုင်း ထားလေ့ရှိကြပါတယ်။ ဥပမာ ကလေးကို သူအိပ်ယာထဲ ဝင်ချင်မှ အိပ်ယာဝင်စေတာမျိုးလိုမျိုး ၊ ညစာလွတ် ကလေးအကြိုက် သွားရည်စာ ကျွေးတတ်တာမျိုးတွေကို ကြည်ဖြူ သဘောတူလေ့ ရှိပါတယ်။

သူတို့တွေဟာ ကလေး စိတ်ကျေနပ်ပျော်ရွှင်ရင်ပြီးရောဆိုတဲ့ သဘောကို ဆောင်ထားပြီး ကလေးလုပ်ချင်တာကို လုပ်ခွင့်ပေးဖို့ အာသီသရှိသူတွေပါ။ သူတို့ဟာ ကလေးတွေကို မိဘလို ဆက်ဆံဖို့ထက် သူငယ်ချင်းလို ပေါင်းသင်းလေ့ရှိကြသူတွေပါ။

စည်းကမ်းဆိုတာ အနည်းငယ်သာ ပြောဆိုသွန်သင်တတ်တဲ့ ဒီလိုမိဘမျိုးတွေကို ဂရုမစိုက် ၊ မျက်နှာလွှဲတတ်တဲ့ မိဘတွေအဖြစ် အများက သတ်မှတ် ပြောဆိုလေ့လည်း ရှိကြပါတယ်။

ဒီလိုမိဘတွေဟာ လူမှုရေး ၊ စီးပွားရေးတွေကို အချိန်ပေးနေသူတွေအဖြစ်လည်း တွေ့ရလေ့ရှိကြပါတယ်။ မိဘတွေ သွန်သင်ဆုံးမပြောဆိုတာနဲ့ နာယူကြီးပြင်းကြရမယ့်အစား အခြေအနေအရပ်ရပ်ကို သူ့တို့ဘာသာ သုံးသပ်သင်ယူပြီး ကြီးပြင်းခဲ့ရတယ်ဆိုတာ ဒီလိုမိဘရဲ့ သားငယ် ၊ သမီးငယ်လေးတွေပါ။

ဒီလိုမိဘနဲ့ သားသမီးတွေအကြားက ဆက်ဆံရေးဟာ ရေရှည်မှာ ပျက်စီးခြင်းဘက်ကိုရောက်ဖို့ ပိုများနေတယ်လို့လည်း သိရပါတယ်။

 

ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။
ဒီအရွယ်မှာ ခံစားမှုတွေ ပျက်စီးသွားခဲ့ရင်လည်း တသက်တာ ပြန်ပြု ပြင်သွားဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးပေါ့။

၂။ တင်းမာလွန်းတဲ့မိဘ

ဒီလို နံပါတ်(၂)အမျိုးအစားမိဘတွေဟာ ညှိနှိုင်းယူလို့မရတဲ့ တင်းကျပ်သူတွေဖြစ်ပါတယ်။ အများကလည်း သူတို့ကို အလွန်ကြောက်ရတယ်ဆိုတဲ့ အနေအထားမှာလည်း ရှိနေကြပါတယ်။

စိတ်နောက်ကိုယ်ပါ ကိုယ်ထိလက်ရောက် လုပ်ကိုင်တတ်ပြီး ကြမ်းကြမ်းတမ်းတမ်း ပြုမူပြောဆို လုပ်ကိုင်တတ်တဲ့ ဒီလိုမိဘအမျိုးအစားတွေဟာ ပြိုင်ဘက်တွေအပါအဝင် မည်သူကိုမဆို အစွယ်တငေါငေါ ကျယ်လောင်စွာ မာန်ဖီဟိန်းဟောက်တတ်ပြီး အလုံးစုံ ထိန်းချုပ်တတ်သူတွေပါ။ ဘယ်လောက်ပဲ အပြစ်မဖြစ်တဲ့ တောင်းဆိုချက်ကလေး ဖြစ်နေပါစေ “မရဘူး။ လုပ်ခွင့်မရှိဘူး” လို့ ပြန်လည်တုန့်ပြန်ပြောဆိုလေ့ ရှိသူတွေပါ။

BurmeseHearts Blog

ဒီလိုမိဘအမျိုးအစားတွေဟာ သားစဉ်မြေးဆက် ထိန်းကျောင်းအုပ်ချုပ်လာခဲ့တဲ့ နည်းအသွယ်သွယ်ဖြစ်သော သူတယောက်တည်းကသာ ဆုံးဖြတ်လုပ်ကိုင်ကျင့်ဖြစ်နေရင်း တမိသားစုလုံးကို ထိန်းချုပ်ထားတတ်တဲ့အတွက် ကျန်တဲ့အိမ်ထောင်ဖက်ဟာ အိမ်ထောင်ထဲမှာ သူ့အဆုံးအဖြတ်ကိုသာ နာခံရလေ့ရှိသူပါ။

ဒီလိုမိဘမျိုးတွေဟာ တင်းမာတဲ့ သဘောထားတွေကို သူတစ်ယောက်တည်း ဖြစ်ပေါ်ခံစားရတဲ့ သူ့ကိုယ်ပိုင်စိတ်သဘောထား တစ်ခုတည်းနဲ့ ခံစားပြီး တင်းမာတဲ့သဘောထားတွေ ဖြစ်ပေါ်လေ့ရှိတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ရဲ့ သဘောထားအခြေအနေတွေကြောင့်လည်း တင်းမာတဲ့သဘောထားတွေ ဖြစ်ပေါ်ခံစားတတ်သူပါ။

လက်နက်ကိုင်တပ်တွေ သေနတ်အားကိုးနဲ့ ဖိနှိပ်စော်ကားတာမျိုးဟာ ကာလတိုတခုအထိ ၎င်းတို့ထိန်းချုပ်လုပ်ကိုင်မှု အောင်မြင်နိုင်ပေမယ့် ရေရှည်မှာ ဆုံးရှုံးပျက်စီးမှုတွေသာ ကျန်ခဲ့တဲ့ ထုံးစံအတိုင်း တင်းမာတဲ့ဆက်ဆံရေး အရှိန်မြင့်တက်လာတော့ သားသမီးတွေရဲ့ ပုန်ကန်မှုဟာ တဟုန်ထိုး မြင့်တက်လာတော့တာပေါ့။

 

မိဘဘက်က မှန်တယ်ထင်ပေမယ့် တခါတလေ မှားနေတာမျိုးလည်း ဖြစ်နိုင်တာမို့ ကလေးရဲ့အမြင်ကို နားထောင်ပေးဖို့ ၊ သူ့ကို ပြောဆိုခွင့်ပေးဖို့လည်း လိုပါတယ်။

၃။ ညှိနှိုင်းလို့ရတဲ့မိဘ

ဒီလို နံပါတ်(၃)အမျိုးအစားမိဘတွေဟာ သားသမီးတွေကို ဘေးကင်းလုံခြုံရေး ၊ ကျန်းမာရေး စတာတွေမှာ ရှင်းလင်းတဲ့စည်းကမ်းတွေ ထုတ်ထားတတ်ပြီး ဖောက်ဖျက်ရင် ကျိုးကြောင်းဆီလျော်စွာ ဆုံးမသွန်သင်လေ့ရှိတတ်သူတွေပါ။

ဒီလိုမိဘမျိုးတွေဟာ ယေဘူယျမှာတော့ နွေးထွေးပြီး ချစ်ခြင်းမေတ္တာ ထုံလွှမ်းတဲ့ ပတ်ဝန်းကျင်အခြေအနေမျိုး သားသမီးတွေကို ဖန်တီးပေးလေ့ရှိသူတွေပါ။ သူတို့တွေဟာ ကလေးတွေကို ၎င်းတို့ဘာသာ ကစားရင်း စူးစမ်းရှာဖွေခွင့် ပေးသူတွေပါ။

ဒီလိုမိဘအမျိုးအစားတွေဟာ ရေမြုပ်ခေါင်းအုံးတွေလို သားသမီးတွေကို ဘယ်လိုအခြေအနေမှာ ဘယ်လိုအနေအထားနဲ့ ပြောဆိုဆုံးမသွန်သင်ရမယ်ဆိုတာ ကောင်းကောင်း သိသူတွေပေါ့။ သူတို့တွေဟာ သားသမီးကို အထောက်အပံ့ပေးဖို့ စိတ်ရောကိုယ်ပါ ကျန်းမာသန်စွမ်းသူတွေ ဖြစ်ကြသလို သားသမီးကို နှစ်သိမ့်အားပေးဖို့ ပျော့ပြောင်းနူးညံ့သူတွေပါ။

ဒီလိုမိဘတွေဟာ ကလေးနဲ့ အတူလုပ်ကိုင်ပြောဆိုကျင့် လုပ်တတ်သူတွေပါ။ သူတို့တွေဟာ ကလေးငယ်တွေကို ပြုစုပျိုးထောင်ဖို့ ဘာတွေလိုအပ်တယ်လို့ ကောင်းကောင်း သိနားလည်သူတွေလည်း ဖြစ်ပါတယ်။

ဒီလိုမိဘအမျိုးအစားတွေဟာ သူတို့သားသမီးကို ကာကွယ်မှုပေးတတ်သလို လူ့ဘောင်ရဲ့ ပေါင်းသင်းဆက်ဆံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကိုလည်း သားသမီးတွေ သိနားလည်အောင် သင်ပေးတတ်သူတွေ ဖြစ်ပါတယ်။ ဒီလိုသင်ပေးတယ်ဆိုပေမယ့် အလုံးစုံရှင်းလင်းပြောဆိုလို့ သင်ပေးတာမျိုးမဟုတ်ဘဲ သားသမီးတွေကိုယ်တိုင် ရှာဖွေသင်ယူခွင့်ကိုလည်း လမ်းဖွင့်ပေးတတ်သူတွေ ဖြစ်ပါတယ်။ ကိုယ်တွေ့ သိမြင်တွေ့ရှိလာတဲ့ သင်ခန်းစာတွေကို ကြုံဆုံရမှ ရင့်ကျက်တဲ့ သင်ယူမှုမျိုး ရရှိတယ်ဆိုတာ ဒီလိုမိဘတွေက ကောင်းကောင်း နားလည်တယ်လေ။

သူတို့တွေဟာ သားသမီးကို မလုပ်ရဘူးလို့ ပြောဆိုဖို့ ဝန်မလေးသူတွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုပြောဆိုတဲ့နေရာမှာ တခွန်း ၊ တသံ ၊ တမိန့်လို ပြောဆိုတာမျိုးမဟုတ်ဘဲ ဒီလိုပြုမူပြောဆိုလုပ်ကိုင်ရင် ဘယ်လိုအန္တရာယ်ရှိနေလို့ ၊ ဘယ်လိုအကြောင်းကြောင့် လက်မခံနိုင်လို့ ဆိုတာတွေ သားသမီးကို သင်ပြပြောဆိုလေ့ရှိကြသူတွေပါ။

ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာကြတဲ့ ကလေးတွေထဲမှာ ဒီလိုမိဘအမျိုးအစားတွေရဲ့ သားသမီးတွေဟာ အနာဂါတ်မှာ အောင်မြင်တဲ့သူတွေဖြစ်ဖို့ အချိုးအစား အများဆုံးဖြစ်နေပါတယ်။ 

ရတု (Burmesehearts.com)


BurmeseHearts Courses
BurmeseApp

 

BurmeseApp on Google Play

Ref : You Raising Your child (MICHAEL F. ROIZEN, M.D.   , MEHMET C. OZ, M.D)

You might also like