Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၃) – BurmeseHearts

ကိုယ်ဝန်ဆောင်သည် ၊ မီးနေသည် ၊ နို့တိုက်မိခင် နှင့် ကလေးများအတွက် အစာအာဟာရ အပိုင်း(၃)

0

အယူအဆမမှန်တဲ့ ရှေးထုံးတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။
အယူအဆမမှန်တဲ့ ရှေးထုံးတွေကို ပယ်ပါ။ မိမိနှင့်ကလေးအတွက် အာဟာရ မျှတစွာစားပါ။
ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကိုယ်ဝန်ဆောင်သည်များ ၊ မီးနေသည်များ ၊ နို့တိုက်ကလေးမိခင်များ သိကောင်းစရာ အစာအာဟာရ ဗဟုသုတ အဖြာဖြာကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
မြန်မာမိသားစုတွေက ရှေးရိုးယုံကြည်မှုအစွဲတွေနဲ့ အစားအသောက် ရှောင်ကြတဲ့ဓလေ့ရှိပါတယ်။ ကလေးကိုယ်ဝန်ဆာင်မှသည် ကလေးနို့တိုက်ကျွေးတဲ့မိခင်တွေဟာ ဟိုလူက ဒီဟာမစားနဲ့ ၊ ဒီလူက ဟိုဟာမတည့်ဘူးဆိုတဲ့စကားတွေအပေါ် နားယောင်ပြီး ဒီဟားလည်းရှောင် ၊ ဟိုဟာလည်းရှောင် လုပ်ရာက ကိုယ်ဝန်ဆောင်သည်မိခင်များ ၊ ကလေးမိခင်များဟာ အာဟာရဓါတ်ချို့တဲ့မှု ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးနို့တိုက်မိခင်တွေကိုယ်တိုင်က အစားရှောင်ရင်း အာဟာရဓါတ်ချို့တဲ့လာတော့ ဒီမိခင်ရဲ့ အာဟာရဓါတ်ကိုမှ မှီတွယ်အားထားနေရတဲ့ ကလေးတွေဟာ သန်စွမ်း ကျန်းမာလာနိုင်ပါတော့မလား။ သူတို့တွေဟာလည်း အာဟာရဓါတ် ချို့တဲ့လာပါတယ်။
BurmeseHearts Blog

ကလေးနို့တိုက်ချိန်မှာ ဘာတွေရှောင်ရမလဲလို့ ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦးအား မေးလာသောအခါ ဆရာကြီးက စားလို့ရတာမှန်သမျှ အကုန်စားပါဟု ဖြေဆိုခဲ့ပါတယ်။ နို့တိုက်မိခင်ဟာ ဘာအစားကိုမှ ရှောင်စရာမလိုဘူးလို့လည်း ဆရာကြီးက ထပ်လောင်းပြောခဲ့ပါတယ်။

မီးနေသည်တွေကို ဘာကြောင့် ထမင်းဆီဆမ်း ၊ ဟင်းခါး ၊ ငါးခြောက်ဖုတ်ပဲ ကျွေးကြတဲ့ဓလေ့လဲဆိုတာကို လေ့လာရအောင် ။ ဟင်းခါးပူပူ ငန်ငန်လေးကို မီးနေသည်သောက်တဲ့အခါ အပူကြောင့် ချွေးထွက်ပြီး အငန်ကြောင့် ရေဆာတယ်။ ဒီတော့ ရေသောက်တယ်။ ရေသောက်တော့ နို့ထွက်တယ်။ မီးနေသည်အငန်အစားများပြီး သွေးတက်တာတွေဘာတွေ မသိဘူး။ ကလေးအတွက် နို့ထွက်ဖို့ အရေးကြီးနေတယ်။ ငါးခြောက်ဖုတ်ကို ဘာဖြစ်လို့ကျွေးသလဲဆိုရင် ငန်လို့ဖြစ်ပါတယ်။ အငန်တွေချည်းပဲကျွေးတာဟာ မီးနေသည် ရေငတ် ၊ ရေဆာလို့ ရေများများ သောက်အောင် ဖြစ်ပါတယ်။

မီးနေစာတွေက အာဟာရဓါတ်ပြည့်ပြည့်ဝဝမပေးတဲ့အခါ နို့တော့ထွက်ပါရဲ့ မိခင်စားတဲ့အစာထဲမှာ အာဟာရဓါတ် ပြည့်ပြည့်ဝဝမပါတော့ အာဟာရမပြည့်ဝတဲ့မိခင်က ထွက်လာတဲ့ဒီနို့ရည်ထဲမှာရော ကလေးအတွက် အာဟာရဓါတ် ပြည့်ပြည့်ဝဝ ပါပါ့မလား။ အာဟာရမပြည့်ဝတဲ့မိခင်က ကလေးကိုပါ အာဟာရဓါတ် မျှပေးနေရတော့ မိခင်မှာ အာဟာရဓါတ် ချို့တဲ့မလာနိုင်ဘူးလား။ အာဟာရချို့တဲ့နေတဲ့ မိခင်ဆီက အာဟာရချို့တဲ့နေတဲ့ နို့ကို အားထားသောက်ရတဲ့ ကလေးမှာရော အာဟာရဓါတ်ချို့တဲ့မနေဘူးလား။ မိခင်ဟာ အာဟာရဓါတ်ပြည့်ဝစွာ စားပါမှ ကလေးဟာလဲ အာဟာရပြည့်ဝတဲ့ နို့ရည်ကို စို့ခွင့်ရမှာပါ။

နို့တိုက်မိခင်ဟာ အာဟာရပြည့်ဝစွာ စားသုံးရမယ့်အပြင် ရေများများ သောက်ရပါမယ်။ ရေချည်းပဲမသောက်ချင်ရင် အချိုရည်များများလည်းသောက် နိုင်ပါတယ်။ ဒီလိုဆိုရင်ဖြင့် မီးနေသည် ဘာရှောင်လို့ ဘာစားရမလဲ ၊ နို့တိုက်မိခင်တွေ ဘာရှောင်လို့ ဘာစားရမလဲဆိုတာ ရှင်းလောက်ပါပြီ။

ကလေးတစ်ယောက်အတွက် အားရှိဖို့ဆိုပါရင် (၁) ကယ်လိုရီဟုခေါ်သော အင်အားဓါတ် ၊ (၂)ပရိုတိန်းဟုခေါ်သော အသားဓါတ် ၊ (၃) အဆီ (၄) ဗီတာမင်နှင့် သတ္တုဓါတ်များ လိုအပ်ပါတယ်။ မြန်မာကလေးငယ်တို့အတွင် အင်အားဓါတ်ကို ထမင်း ၊ ကောက်ညှင်း ၊ ဆန်ကြမ်းတို့နဲ့ ပြုလုပ်ထားတဲ့ မုန့်တွေကနေ ရရှိပါတယ်။ အသားဓါတ်ကို အသား ၊ ကြက်ဥ ၊ ဘဲဥ ၊ ပဲအမျိုးမျိုး ကနေရရှိပြီး ဗီတာမင်နဲ့ သတ္တုဓါတ်ကို ဟင်းသီးဟင်းရွက်တွေကနေ ရရှိပါတယ်။ ကလေးကို အားဆေးကျွေးရုံနဲ့ အားပြည့်လာမှာမဟုတ်ဘဲ သူလိုအပ်တဲ့ အာဟာရတွေကို မျှမျှတတ ကျွေးပေးရမှာ ဖြစ်ပါတယ်။

ကလေးဖျားလာလို့ အမြဲတိုက်နေကျဆေးကို အဖျားကျဆေးနဲ့ တွဲတိုက်သင့် ၊ မတိုက်သင့်ဆိုရင် ဆက်တိုက်ပါလို့ ဆရာကြီးက ဆိုထားပါတယ်။ ဥပမာ ကလေးက တီဘီဖြစ်နေလို့ တီဘီကုဆေးမှီဝဲနေရတယ်။ ဒီအချိန်မှာ အကြောင်းတခုခုကြောင့် ကလေးဖျားတယ်။ အဖျားကျဖို့ အခြားဆေးတွေ တိုက်နေရချိန်မှာလည်း စားနေကျတီဘီကုသဆေးကို ဆက်ကျွေးပါလို့ ဆရာကြီးက ဆိုထားပါတယ်။ တက်တတ်တဲ့ကလေးအတွက် ပုံမှန်သောက်ဖို့ ပေးထားတဲ့ဆေးကို ကလေးဖျားနေတဲ့အခါမှာလည်း အဖျားအတွက် တိုက်ရမယ့်ဆေးတွေနဲ့အတူ ဆက်တိုက်နိုင်ပါတယ်လို့ ဆရာကြီးက ဆိုထားပါတယ်။

ဒီလိုမှမဟုတ်ရင် အဖျားဝင်လာလို့ ကလေးရဲ့ ကိုယ်ခံအား လျော့ပါးလာတာကို အခွင့်ကောင်းယူပြီး ယခင်ရောဂါဟောင်းက ထကြွလာနိုင်ပါတယ်။ ဖြတ်ထားလိုက်မယ်ဆို ပိုထလာမယ်လို့ ဆရာကြီးက ဆိုပါတယ်။ ဒီအခါမှာ ပိုပြီးထလာတဲ့ မူလရောဂါအပြင် နောက်ဝင်လာတဲ့ အဖျားကိုလည်း နှိမ်နင်းရခက်တဲ့ အခြေအနေ ရောက်ရှိလာနိုင်တယ်လို့ ဆရာကြီးက သတိပေးထားပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

You might also like