Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၄) – BurmeseHearts

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၄)

0

မွေးရာပါ ခြေထောက်ပုံပျက်နေခြင်း

ကလေးဟာ မိခင်ရဲ့သားအိမ်ထဲမှာ ဘယ်လိုနေထိုင်ခဲ့ရသလဲအပေါ်မူတည်ပြီး ကလေးရဲ့ခြေထောက်ဟာ မွေးရာပါ ပုံပျက်နေတာမျိုးကိုလည်း ကြုံရနိုင်ပါတယ်။ ဒါကို မွေးကင်းစကလေးတွေ ကိုယ်အင်္ဂါစစ်ဆေးတဲ့အခါ သိနိုင်ပါတယ်။ မွေးရာပါ ခြေထောက်ပုံပျက်နေခြင်းဟာ ကလေးအတွက် နာကျင်မှုကို မဖြစ်ပေါ်စေပေမယ့် ခြေထောက်ပုံမပြင်ပေးနိုင်ခဲ့ရင် နောင်ကလေးလမ်းလျှောက်တဲ့အခါ အနှောင့်အယှက်ဖြစ်လာမှာပါ။

မွေးရာပါ ခြေထောက်ပုံပျက်နေရင် ဆရာဝန်နဲ့ဆွေးနွေး တိုင်ပင်ပါ။ အိမ်မှာပုံမှန် လေ့ကျင့်ခန်းလုပ်ပေးရင်း သူ့ဟာသူ ကောင်းသွားမယ်ဆိုရင်တမျိုးပေါ့။ တချို့ကလေးတွေကျတော့ အထူးစီမံထားတဲ့ဖိနပ်လိုမျိုး ၊ ခွဲစိတ်ကုသမှု လိုတာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။

 

ဦးထိပ်က အဖတ်ဖတ်များ

မွေးကင်းစ ကလေးရဲ့ဦးထိပ်မှာ ကျိချွဲချွဲ ၊ ကြွပ်ဆတ်ဆတ် ၊ ငါးကြေးခွံလို အဝါရောင်ဆန်ဆန် တခါတရံ အညိုရောင်ဘက်သမ်းသမ်း အဖတ်ဖတ်တွေ ရှိနေတတ်ပါတယ်။ ပုံမှန်အားဖြင့် လအနည်းငယ်ကြာရင် သူ့ဟာသူ ပျောက်သွားမှာ ဖြစ်ပါတယ်။

ဒီလိုအခြေအနေမှာ ကလေးကို ခြောက်သွေ့တာ ခေါင်းလျှော်ရည်မျိုးနဲ့ ခေါင်းမလျှော်ပေးပါနဲ့ ။ ပုံမှန်ကလေးခေါင်းလျှော်ရည်ကို အသုံးပြုလို့ ဖြည့်ဖြည်း ညင်ညင်သာသာ လျှော်ပေးပါ။ သံလွင်ဆီကို နာရီအနည်းငယ်ခြားပြီး ကလေးဦးခေါင်းကို နည်းနည်းစီ လိမ်းပေးနိုင်ပါတယ်။ သံလွင်ဆီဟာ အဲဒီအဖတ်တွေကို ခပ်မြန်မြန်လေး ကွာကျစေပြီး ကလေးဖြီးတဲ့ မွေးနုဘီးဘရပ်ရှ်လေးနဲ့ ဖြီးပေးတဲ့အခါ ပိုလွယ်လွယ်ကူကူနဲ့ ခပ်မြန်မြန်လေး ထွက်သွားနိုင်ပါတယ်။

တကယ်လို့များ ကွာကျလွင့်ပျောက်သွားရမယ့်  အဲဒီအဖတ်ဖတ်တွေဟာ ပိုများလာတယ်လို့ စိတ်ထဲမှာထင်နေရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသတိုင်ပင်တဲ့အခါမှာ သူက ဒီလိုကလေးငယ်တွေ သီးသန့်သုံးရတဲ့ ဆေးခေါင်းလျှော်ရည် သို့မဟုတ် Lotion ကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။
BurmeseHearts Blog
နှင်းခူနာ

ပန်းရောင်သန်းသန်းအနီရောင်ဖျော့ဖျော့ အဖတ်ဖတ်တွေကနေ အနီရောင်ကြမ်းကြမ်းအဖြစ်သို့ အသားအရေ ပြောင်းလဲလာတာကို နှင်းခူနာလို့ခေါ်ပါတယ်။ ဒါဟာ နို့ဗူးကို ပြောင်တိုက်တဲ့ အခါမျိုးတွေမှာ ၊ ကလေးအဝတ်လျှော်တဲ့ ဆပ်ပြာမှုန့်ကနေတဆင့် ၊ ခပ်ပြင်းပြင်း ဆပ်ပြာတွေကနေတဆင့် ဖြစ်ပေါ်လာတာပါ။ ဒါကြောင့်လည်း လူကြီးတိုက်တဲ့ ခပ်ပြင်းပြင်း ဆပ်ပြာတွေနဲ့ ကလေးကို မတိုက်ဖို့ ရှေ့က ပို့စ်တွေမှာ ဆိုခဲ့တာပါ။ စေတနာပိုပြီး ကလေးအဝတ်တွေကို ဆပ်ပြာမှုန်ခပ်များများထည့် ၊ ပြောင်စင်အောင် မလျှော်ရာကနေ အခုလို ကလေးခံစားရတာပါ။ တခါတလေးမှာ ကလေးနဲ့ သူ့ကိုဆင်တဲ့ အဝတ်အထည်အသား ဓါတ်မတည့်ရာက ၊ ဆိုးဆေးတွေပါနေတဲ့အထည်ကို ကလေးဝတ်ပေးရာက ဖြစ်နိုင်သလို ရာသီဥတု အရမ်းပူပြင်းလွန်းတဲ့အခါမှာလည်း ဖြစ်ပေါ်တတ်ပါတယ်။

ကလေးမှာ နှင်းခူနာဖြစ်လာရင် မွေးတုန်းကအကောင်းသားနဲ့ ဘာအကြောင်းကြောင့် နှင်းခူနာဖြစ်လာရသလဲဆိုတာကို မိမိအိမ်မှာ အရင်ဆုံး အဖြေရှာရမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်စေတဲ့အရာကို ရှောင်ရမှာဖြစ်ပြီး နှင်းခူနာဖြစ်နေတဲ့ကလေးကို အရမ်းပူလွန်း ၊ အရမ်းအေးလွန်းတဲ့ အပူချိန်နဲ့ ရာသီဥတုကို အတတ်နိုင်ဆုံး ရှောင်ရမှာဖြစ်ပါတယ်။ ကလေးရဲ့ နှင်းခူနာအခြေအနေ မကောင်းလာရင်ဖြင့် ဆရာဝန်နဲ့ပြသပြီး အဖြေရှာရမှာပါ။

 

မှိုကြောင့်ဖြစ်တဲ့ရောဂါ

ကလေးခါးတောင်းကျိုက် (Diaper) သုံးတဲ့ကလေးတွေမှာ Diaper အသုံးပြုတဲ့ အနီးဝန်းကျင်မှာ မိတ်လိုလို ၊ အင်ပြင်လိုလို အနီရောင်အဖု အပိမ့်ကလေးတွေ တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာ စိုစွတ်ပြီး ပူနွေးလာတဲ့ အခြေအနေမျိုးမှာ ဖြစ်ပေါ်လာတတ်တဲ့ သေးငယ်တဲ့ (မျက်စိနဲ့မမြင်နိုင်တဲ့) အရောင်လေးတွေကြောင့်ပါ။

ကလေးကို Diaper လဲပေးတိုင်း Diaper rash ကို နည်းနည်းပွတ်လိမ်းပေးနိုင်ပါတယ်။ Diaper rash အရမ်းများနေတဲ့အခါ Diaper သုံးတာ ခဏရပ်ထားလိုက်ပြီး ချည်လို ၊ စွပ်ကျယ်လိုအသား ဘောင်းဘီအခံလေးနဲ့ လွှတ်ထားပေးပါ။ ဆီးစို ၊ ဝမ်းစိုရင် ရေနဲ့ ကောင်းကောင်း စင်အောင်ဆေးပေးပြီး ခြောက်ခြောက်သွေ့သွေ့ဖြစ်အောင်ထားပါ။ သနပ်ခါးရေကျဲလေး လိမ်းပေးပြီး ခြောက်အောင် ဂရုစိုက်ပြီးမှ အောက်ခံ ဘာင်းဘီဝတ်ပေးပါ။ အတတ်နိုင်ဆုံး ကလေးအောက်ပိုင်းကို သက်သက်သာသာ ချောင်ချောင်ချိချိ ဖြစ်နေပါစေ။ ရက်ပိုင်းအတွင်း သက်သာလာပါလိမ့်မယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like