Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၃) – BurmeseHearts

တစ်နှစ်အောက်ကလေးတွေဖြစ်တတ်သော နေထိုင်မကောင်းသည့် လက္ခဏာ အပိုင်း(၃)

0

နို့တိုက်နေတုန်း နို့အန်ခြင်း

မွေးကင်းစ ကလေးငယ်တွေဟာ နို့တိုက်ရင်း (နို့စို့ရင်း)က နို့အန်တတ်ကြပါတယ်။ ဒါဟာ စိတ်ပူစရာမရှိပါဘူး။ ကလေးတိုင်း ဖြစ်တတ်ပါတယ်။

နို့အန်တတ်တဲ့ ကလေးကို အိပ်လျက်ပုံစံနဲ့ နို့မတိုက်ဘဲ ကလေးကို မတ်မတ်ပုံစံအနေအထားပြောင်းလို့ နို့တိုက်ပါ။ တိုက်နေတုန်းမှာ မကြာခဏဆိုသလို လေထုတ်ပေးပါ။ နို့တိုက်ပြီးရင်လည်း လေပြန်ထုတ်ပေးပါ။ အများကြီးတခါတည်း နို့တိုက်တာထက် မကြာခဏဆိုသလို ခဏခဏ တိုက်ပေးပါ။ ပက်လက်အနေအထားနဲ့ နို့တွေအန်နေရင် ဖြည်းဖြည်း ညင်ညင်သာသာ ထူမပေးပြီး မတ်မတ်အနေအထားနဲ့ ကျောကို ညင်သာစွာ ပွတ်ပေးပါ။ ကလေးဦးခေါင်းကို အမော့ကြီး ၊ အငုံ့ကြီး မဖြစ်စေဘဲ နှာခေါင်းက ဝင်လေ ၊ ထွက်လေ ကောင်းကောင်းလုပ်နိုင်အောင် ၊ နို့အန်ရင်း နို့သီးမနေအောင် အနေအထား ခပ်မတ်မတ်လေးထားပေးပါ။ စိတ်အပူလွန်ပြီး ကလေးကို အလောတကြီး လှုပ်ခြင်း ၊ ခါခြင်း ၊ ဆတ်ခနဲ ကောက်ချီတာမျိုးတွေကို ရှောင်ပါ။ နို့အန်ရင်း နို့သီးနိုင်လို့ပါ။

အန်လာတာတွေက ရိုးရိုးမဟုတ်ဘဲ အနံ့အသက်ဆိုးဆိုးရွားရွားဖြစ်နေရင် ၊ ကလေးဟာ အန်ရင်း သီးနေတာမျိုးဖြစ်နေရင် ၊ အန်တုန်း ချောင်းတွေ ဆိုးလာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသရမှာပါ။

 

အပူကြောင့် အနီစက်များ ဖြစ်ပေါ်ခြင်း

အပူကြောင့် ကလေးကိုယ်ပေါ်မှာ အနီစက်တွေ အပြင် အစက်ကြည်ကြည်ကလေးတွေလည်း ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် နဖူး ၊ မျက်နှာ၊ လည်ပင်းကြား ၊ ရင်ဘတ်နဲ့ လက်မောင်းတွေမှာ ဖြစ်ပေါ်လာတတ်ပါတယ်။

ဒီလိုတွေ ပေါ်လာပြီဆိုရင် စိတ်ပူတကြီးနဲ့ ကလေးကို အထပ်အထပ်ပေးဝတ်တာမျိုး ရှောင်ရပါမယ်။ ပူတဲ့ရာသီမှာ ကလေးကို အသားအေးတဲ့ ချည်ထည်လိုမျိုး ၊ စွပ်ကျယ်လိုမျိုးတွေကို ပေါ့ပေါ့ပါးပါးလေး ဝတ်ဆင်ပေးပါ။

လေအေးစက်ရှိရင် လေအေးစက်ဖွင့်ထားပေးပြီး ပန်ကာရှိရင် ပန်ကာကို ဖွင့်ထားလို့ အဲဒီလို အေးတဲ့အခန်းထဲမှာ ကလေးကို ထားရပါမယ်။ ဒီအနီစက်တွေဟာ ဘာမှ မလုပ်ရပါဘဲ သူ့အလိုလို ပျောက်သွားမှာဖြစ်ပါတယ်။ ခြောက်လအထက် ကလေးတွေဆိုရင် ကလေးရေချိုးပေးပြီးတဲ့အခါ သနပ်ခါးရေကျဲလေး လူးပေးနိုင်သလို မအိပ်ခင်မှာလည်း သနပ်ခါးရေကျဲလေး လူးပေးတဲ့အခါ ကလေးကိုယ်က အနီစက်တွေဟာ မြန်မြန်သက်သာပျောက်ကင်းလာမှာ ဖြစ်ပါတယ်။
BurmeseHearts Blog

 

G6PD ချို့တဲ့ခြင်း

ကလေးဟာ G6PD လုံလုံလောက်လောက်မရှိဘဲ ချို့တဲ့လာတဲ့အခါမှာ သွေးနီဥတွေကို ခပ်မြန်မြန်နဲ့ ပမာဏများများ ပျက်ပြားစေပါတယ်။ ဒီလိုဖြစ်လာရင် ကလေးမှာ အသားဝါရောဂါ နဲ့ သွေးအားနည်းရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် တိုးတက်တဲ့တိုင်းပြည်တွေမှာ မွေးကင်းစကလေးတိုင်းကို G6PD ချို့တဲ့မှုရှိ မရှိ စစ်ဆေးကြပါတယ်။

G6PD ချို့တဲ့စွာ မွေးလာလို့ ကုသမှု ခံယူခဲ့ရတဲ့ မွေးကင်းစကလေးတွေရဲ့ မိဘတွေဟာ ကလေးရဲ့ အခြေအနေ ၊ ရေရှည်မှာ ဆောင်ရန် ၊ ရှောင်ရန် အချက်အလက်တွေကို ပိုမိုသိခွင့်ရနိုင်ဖို့ ကလေးကို ကုပေးတဲ့ ဆရာဝန်နဲ့ မေးမြန်းအကူအညီတောင်းပါ။

 

အသားဝါ

ကလေးရဲ့အသားအရေနဲ့ ဖြူနေတဲ့ ကလေးရဲ့မျက်သားဖြူဖြူလေးတွေ အဝါရောင်သမ်းနေပြီဆိုရင်ဖြင့် ကလေးဟာ အသားဝါဖြစ်နေနိုင်ပြီပေါ့။ ဒါဟာ သွေးထဲမှာ bilirubin ပမာဏ များနေလို့ ဖြစ်ရတာပါ။ မွေးပြီးစကနေ ပထမသုံးပတ်အတွင်းမှာ ကလေးငယ်တွေဟာ အသားဝါဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်နည်းစနစ်ကျကျ မှန်မှန်ကန်ကန် ဂရုစိုက် ၊ ပြုစုစောင့်ရှောက်မှုနဲ့ စစ်ဆေးစောင့်ကြည့်တာမျိုး မလုပ်ဘူးဆိုရင်တော့ ကလေးအသက်အန္တရာယ်ကိုတောင် ပေးနိုင်တဲ့အထိ ပြင်းထန်လာနိုင်ပါတယ်။

အသားဝါဖြစ်နေတဲ့ ကလေးကို ဆရာဝန်ဆီမှာ ပြသပြီး မှန်မှန် စစ်ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။ bilirubin ပမာဏ သိပ်မြင့်နေရင်တော့ ကလေးဟာ ဆေးရုံမှာ နေထိုင်လို့ ကြပ်မတ်ကုသမှုတွေ ပြုသင့်ရင် ပြုရမှာပါပဲ။ ပုံမှန်ကတော့ အသားဝါအတွက် အထူးစီစဉ်ထားတဲ့ အလင်းရောင်အားဖြင့်ကုသမှု (phototherapy) ကို ကလေးမျက်လုံးစည်းနှောင်ပြီး ကုသစေမှာပါ။ အပြာရောင်ရှိတဲ့ အလင်းရောင်အောက်မှာ ကလေးကိုထားပြီး ကုသတဲ့နည်းပေါ့။ အသားဝါဖြစ်နေတဲ့ ကလေးငယ်တွေဟာ ပုံမှန်အားဖြင့် အိပ်ချင်မူးတူးလေး ဖြစ်နေပြီး နို့စို့ဖို့တော့ နိုးထလာမှာပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like