Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ခံစားမှုချင်း ထပ်တူညီလာဖို့ ကိုယ်ချင်းစာ ၊ နွေးထွေးမှုပေးဖို့လိုတယ်လေ – BurmeseHearts

ခံစားမှုချင်း ထပ်တူညီလာဖို့ ကိုယ်ချင်းစာ ၊ နွေးထွေးမှုပေးဖို့လိုတယ်လေ

0

ဖေးမပါ ။ ဂုဏ်ပြုပါ ။ နွေးထွေးပါ။ ခံစားမှုချင်း ထပ်တူညီလာမှာပါ။
ဖေးမပါ ။ ဂုဏ်ပြုပါ ။ နွေးထွေးပါ။ ခံစားမှုချင်း ထပ်တူညီလာမှာပါ။

ချီးမြှောက်ခြင်းဟာ မင်္ဂလာလို့ မြန်မာတိုင်း သိကြပါတယ်။ နှုတ်ဖြင့်ချီးမြှောက်ခြင်း ၊ လက်ဖြင့်ချီးမြှောက်ခြင်း စသဖြင့် ချီးမြှောက်ခြင်း အမျိုးမျိုးရှိပါတယ်။ ကောင်းလိုက်တာ ၊ တော်လိုက်တာ လို့ပြောတာလည်း ချီးမြှောက်ခြင်းပါပဲ။ ဒါပေမယ့် အဲဒီချီးမြှောက်ခြင်းဆိုတာကို တစိမ်းသူတွေ (အထူးသဖြင့် အနေစိမ်းနေသေးသူတွေ)မှာ ပြောဆိုတတ်ကြပေမယ့် သိတတ်စပြုလာတဲ့ သားသမီးတွေ ၊ အရွယ်ရောက်လာတဲ့ သားသမီးတွေ ၊ အိမ်ထောင်ရက်သားကျသွားတဲ့ သားသမီးတွေကို ချီးမြှောက်ဖို့ကျတော့ ရောင့်တက်သွားလိမ့်မယ်ဆိုပြီး စိတ်ထဲမှာပဲ လူမသိ ၊ သူမသိ ချီးမြှောက်ကြတယ်။ နှုတ်က ထုတ်ဖော်ပြောလိုက်ရင် ကြိုးစားမှုလျော့သွားမလား စိုးရိမ်စိတ်က လွှမ်းမိုးလို့ နှုတ်ကထုတ်ဖော် မပြောချင်တာ့ဘူး။

ဒီလိုထုတ်ဖော်မပြောတာ မိဘနဲ့ သားသမီးအကြားတင်မဟုတ်ဘူး ။ ဇနီးမောင်နှံအချင်းချင်း ၊ ချစ်သူအချင်းချင်း ၊ တကယ့်အရင်းအချာလို ခင်မင်ရင်းနှီးလာသူတွေမှာလည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားဟာ သူစိမ်းစကား ဖြစ်လို့သွားတာ ဝမ်းနည်းစရာပါ။ တကယ်တော့ ဒီအယူအဆဟာ မှားယွင်းတဲ့အယူအဆဖြစ်ပါတယ်။

မိသားစုထဲမှာ ၊ ဇနီးမောင်နှံနှစ်ဦးအကြားမှာ ၊ မိတ်ဆွေသူငယ်ချင်းတွေကြားမှာ တော်တယ် ၊ ကောင်းတယ် ၊ ကျေးဇူးတင်ပါတယ်ဆိုတာကို ထပ်ဖန်တလဲလဲ ပြောပေးခြင်းအားဖြင့် သူတို့ကို အားပေးချီးမြှောက်ရာ ၊ သူတို့အလုပ်ကို ဂုဏ်ပြုပေးရာ ရောက်ပါတယ်။

မိဘကူတဲ့သားသမီးကို ကျေးဇူးပါသားရယ် / သမီးရယ်လို့ပြောကျင့် ၊ အချင်းချင်းကူညီပေးတဲ့ ဇနီးမောင်နှံအကြား / ချစ်သူတွေအကြားမှာ ကျေးဇူးပါလို့ ပြောကျင့် ၊ သူငယ်ချင်းအရင်းတွေကိုလည်း အကူအညီပေးတဲ့အခါတိုင်း ကျေးဇူးတင်တယ်လို့ ပြောဆိုဖော်ပြကျင့် ရှိထားသင့်ပါတယ်။

ဒါ့အပြင် တစ်ဦးအဆင်မပြေတာ ကြားသိရတဲ့အခါတိုင်းမှာလည်း စိတ်မကောင်းပါဘူး ။ ဝမ်းနည်းပါတယ်လို့ ကိုယ်ချင်းစာကြောင်း ဖော်ပြကျင့် ၊ ပြောကျင့်ကိုလည်း ရှိထားသင့်ပါတယ်။

ဒီစကားလေးတွေက ပြောလိုက်ရင် ပေါ့ပေါ့လေးလိုပဲ။ ဒါပေမယ့် ခံစားရသူအတွက် ခွန်အားတွေ အများကြီးပေးပါတယ်။
BurmeseHearts Blog

ကိုယ့်အောင်မြင်မှုကို ရောင့်တက်မှာစိုးလို့ဆိုပြီး မချီးကျူးးနိုင်တဲ့ လက်တွဲဖော် (သို့မဟုတ်) မိဘ ၊ ဝမ်းနည်းချိန်မှာလည်း ဘာသိဘာသာ နေတတ်တဲ့ လက်တွဲဖော် (သို့မဟုတ်) မိဘ ၊  အကူအညီပေးလို့မှ ကျေးဇူးတင်တယ်လို့ ပြန်မပြောဘဲ နောင်မကူညီမိရင် အပြစ်ရှာတတ်တဲ့ အိမ်ထောင်ဖက် (သို့မဟုတ်) မိဘ တွေရှိနေရင် ကိုယ်ဟာ ချီးမြှောက်သင့်သလောက် ချီးမြှောက်ခြင်း မခံရသူ ၊ ကိုယ်ချင်းစာပေးတဲ့သူမရှိဘူးလို့ ခံစားရသူ ဖြစ်မနေဘူးလား။

ကိုယ်အဆင်မပြေချိန်မှာ အိမ်ထောင်ဘက်ဖြစ်သူရဲ့ အားပေးစကား ၊ မိဘဖြစ်သူရဲ့အားပေးစကားတွေဟာ အခြားသူတွေရဲ့ အားပေးမှုတွေထက် အများကြီး အရာရောက်တယ်မဟုတ်လား။ ဒီအချိန်မှာ သူတို့တွေရဲ့ မသိကျိုးကျွံပြုပြီး လျစ်လျူရှုမှုတွေဟာလည်း ကိုယ့်ကို ဆထက်တပိုး ခံစားစေတယ်လေ။ ရောင့်တက်မှာစိုးလို့ဆိုပြီး ချီးမြှောက်စကားမဆို ၊ အားပေးစကားမဆိုဘဲ လျစ်လျူရှုပါများတဲ့အခါ အကျင့်ပါသွားပြီး တဖက်လူအားငယ် ဝမ်းနည်းချိန်မှာ အားပေးဖို့ဟာ ကိုယ့်တာဝန်မဟုတ်သလို ဖြစ်သွားတယ်။

တိုးတက်အောင်မြင်နေချိန်မှာလည်း ရောင့်တက်သွားမှာစိုးလို့ဆိုပြီး စိတ်ထဲမှာပဲထားတယ်။ တကယ်ဆို ဒီနှစ်ဦးအကြားက ဆက်ဆံရေးဟာ အားပေး ၊ ကိုယ်ချင်းစာမှုတွေကို ပြောဆိုပြသကြတဲ့ သူစိမ်းတွေထက် ပိုစိမ်းလို့လာတာမဟုတ်ဘူးလား။

ဘယ်သူမဆို ကိုယ်အောင်မြင်မှုရတဲ့အခါ ကိုယ့်ကို အမြဲ အားပေးချီးမြှောက်တတ်တဲ့ ကိုယ့်အနီးဆုံးလူ မိဘ (သို့မဟုတ်) လက်တွဲဖော်ကို အရင်ဆုံး အသိပေးလိုတာပါ။ ဒါပေမယ့် မလှုပ်တလှုပ် လျစ်လျူရှုပါများတဲ့အခါ ဝမ်းသာအားရ မပြောပြချင်တော့ဘူး။ တခါတလေ အသိတောင်မပေးချင်တော့ဘူး ဖြစ်လာတတ်တယ်။ ဒါဟာ ဒီနှစ်ဦးကြားကဆက်ဆံရေး အေးစက်လာတာကို ပြတာပါ။ နွေးထွေးမှုမရှိတဲ့ မိသားစုအတွင်းမှာ ပျော်ရွှင်မှုရှိနိုင်ပါ့မလား။ ကျရှုံးတဲ့အချိန်မှာ တိုးပြီးနှိပ်ကွပ်တတ်တဲ့ မိဘ နဲ့ လက်တွဲဖော်ဆိုရင် ကိုယ့်အောင်မြင်မှုကို မသိအောင် လျှို့ဝှက်ချင်လာတယ်။ ဒီအောင်မြင်မှုကနေ နောက်တချီ ကျရှုံးမှုကြုံလာရင် အသုံးမှမကျတာကိုးဆိုတဲ့စကား ထွက်လာမှာ မခံစားချင်လို့ပါ။ ဒီ့ထက်ဆိုးတဲ့မိဘဆိုရင် တုတ်တွေ ၊ လက်တွေနဲ့ ဗြောတင်ခံရနိုင်တယ်မဟုတ်လား။

ဒါဟာ သာသမီးနဲ့ မိဘအကြား ၊ သမီးရည်းစားအကြား ၊ အိမ်ထောင်ဖက်အကြား အေးစက်လာတဲ့ ဆက်ဆံရေးတွေပေါ့။ ဒါကြောင့် နွေးထွေးတဲ့ ဆက်ဆံရေးကို မိသားစုထဲမှာ အလိုရှိတယ် ၊ နွေးထွေးတဲ့ ဆက်ဆံရေးကနေ ပျော်ရွှ့င်တဲ့ မိသားစုလေးဖြစ်လာအောင် ဖန်တီးချင်တယ်ဆိုရင်ဖြင့် ပထမဦးစွာ မိသားစုအတွင်း ချီးမြှောက်ခြင်း ၊ ကိုယ်ချင်းစာပေးခြင်း ၊ ဖေးမခြင်း ၊ အသိအမှတ်ပြုပေးခြင်း ၊ ကျေးဇူးတင်စကား ပြောပေးခြင်းတွေကို စပြီး ကျင့်ယူလာရမှာဖြစ်ပါတယ်။

ပြောတော့လွယ်လွယ်လေးနော် ရေရှည်မှာ တကယ် လေ့ကျင့်ပြီး လုပ်ယူသွားဖို့သာ မေ့လျော့လို့ ခက်တာပါ။ ရောင့်တက်မှာစိုးလို့ဆိုတဲ့စိတ်ကို ဖျောက်ထားနိုင်ရင်ဖြင့် နွေးထွေးတဲ့ဆက်ဆံရေးစဖို့ တဝက်လောက် အောင်မြင်နိုင်ပြီလေ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like