Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မွေးကင်းစမှ တစ်လသားအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု – BurmeseHearts

မွေးကင်းစမှ တစ်လသားအရွယ် ကလေး၏ ဖွံ့ဖြိုးတိုးတက်မှု

0

ရက်သတ္တပတ် လေးပတ်သား ရလာတဲ့ကလေးဟာ အမေကို လိုက်ကြည့်တတ်လာပါပြီ။ တစ်လသားကလေးတွေဟာ မိဘနှစ်ဦးစလုံး သူ့အနားမှာ ရှိပေးခဲ့မယ်ဆို မိနဲ့ဖကို ကောင်းကောင်း သတိထားမိလာပါပြီ။

အမြင်အာရုံရော ၊ အကြားအာရုံရော မွေးကင်းစကထက် ပိုတိုးတက်ဖွံ့ဖြိုးလာခဲ့ပြီး ပတ်ဝန်းကျင်ကိုလည်း ပိုသတိထားမိလာမှာပါ။ အသိပိုရှိလာတဲ့တစ်လသားအရွယ်မှာ ခြေဆန့်လက်ဆန့်လာနိုင်ပြီး ခြေလှုပ် ၊ လက်လှုပ်လေး လုပ်နိုင်လာပြီပေါ့။ ကလေးဟာ မွေးကင်းစကလိုမဟုတ်ဘဲ သူ့ခံစားမှုတွေကို ကလေးမျက်နှာပေါ်မှာ သတိထားမိရင် မြင်လာနိုင်ပါပြီ။ တစ်လသားအရွယ်မို့ အများကြီး မပြတတ်သေးပေမယ့် ကလေးကို မကြာမကြာ စကားချိုချို ပြောဆိုပေးဖို့ လိုအပ်ပါတယ်။

ကိုယ်ကစကားပြောပေးတဲ့အခါ ကိုယ့်ကို စိုက်ကြည့်တတ်လာပြီး ဂူးဂူးဂဲဂဲ အသံလေး ပေးနိုင်ပါလိမ့်မယ်။ သူပြောတာနားမလည်ပေမယ့် သူပြောသလို စနောက်ရင်း လိုက်ပြောပေးပါ။ အဲဒါကို ကလေးတွေက သဘောကျပါတယ်။

ဒီတစ်လသားအရွယ်မှာ အရောင်စုံတဲ့ အရုပ်ကလေးတွေ ၊ အမေ့မျက်နှာနဲ့အသံဟာ ကလေးရဲ့ခံစားမှုတွေကို ပြောင်းလဲသိစေတဲ့ အရာတွေပေါ့။ သူတို့ဟာ မျက်နှာပေါ်မှာပဲဖြစ်ဖြစ် ၊ ခြေလှုပ် ၊ လက်လှုပ်ပြလို့ပဲဖြစ်ဖြစ် သူတို့ခံစားမှုကို ဖော်ပြလာမှာဖြစ်ပါတယ်။ ရုတ်တရက် အသံကျယ်ကျယ်ကြားမိတဲ့အခါ ကလေးဟာ သူ့စိတ်လှုပ်ရှားမှုကိုလည်း ပြသလာနိုင်ပါပြီ။
BurmeseHearts Blog

ကလေးရဲ့ မျက်နှာအနီးမှာ အရောင်စုံတဲ့ ကစားစရာပြတဲ့အခါ လက်ဆန့်လာမှာဖြစ်ပေမယ့် ကစားစရာဆီ ရောက်ရှိလို့ ဆုပ်ကိုင်မှု မပြုနိုင်သးပါဘူး။ ကလေးဟာ အခုမှ သူ့ခြေတွေ ၊ လက်တွေကို စသတိထားမိလာတာ ဖြစ်ပါတယ်။ ဒီအရွယ်မှာ ကလေးနဲ့ ကစားမယ်ဆိုရင် သူ့ခြေ ၊ လက်ကလေးတွေကို လက်ထောက်ဆုပ်ကိုင် ရေတွက်ပြပြီး ကစားနိုင်ပါတယ်။ ကျွန်မတုန်းကတော့ ကလေးနားမှာ လှဲချပြီး ကျွန်မခြေ ၊ လက်တွေ မြှောက်ထောင်ပြလို့ ခြေချောင်း ၊ လက်ချောင်းတွေ လှုပ်ရှားပြတယ်။ သူ့ခြေ ၊ လက်ကလေးတွေကိုလည်း ကစားရင်း လေ့ကျင့်ခန်းလုပ်သလို ဖြည်းဖြည်းလှုပ်ကိုင် ဆော့ပေးပါတယ်။

တစ်လသားအရွယ်မှာတော့ မွေးကင်းစကလိုမဟုတ်တော့ဘဲ ခေါင်းပိုထောင်လာနိုင်သလို ကျောကလည်း ပိုမတ်လာပါမယ်။ ဇက်မခိုင်သေးပေမယ့် လည်ကုတ်က ကြွက်သားတွေဟာ ပိုသန်မာလာခဲ့ပါပြီ။ ဒါပေမယ့် ဇက်ကိုထိန်းပြီး သယ်ယူချီမပေးဖို့ လိုပါသေးတယ်။ ကလေးကို ဘယ်လိုသယ်မချီယူမလဲဆိုတာကို ဇက်မခိုင်သေးတဲ့ကလေး ချီပိုးခြင်း မှာ ဖော်ပြပြီးဖြစ်ပါတယ်။

နေ့ပိုင်းမှာ နိုးချိန် ပိုများလာမယ့် တစ်လသားကလေးဟာ တီးလုံးငြိမ့်ငြိမ့်လိုမျိုးလေး ၊ ကလေးသီချင်းတွေကို နားထောင်တတ်ပါပြီ။ သာယာပျော့ပျောင်းတဲ့ တေးသွားတွေဟာ ကလေးစိတ်ကို နူးညံ့သာယာစေပါတယ်။ တေးသွားတွေကို နားထောင်ရင်း သူကြိုက်တဲ့သီချင်းဆို ခြေလှုပ် ၊ လက်လှုပ် မျက်နှာအမူအရာနဲ့ ပြနိုင်လာပြီး သူမကြိုက်တဲ့သီချင်းတွေဆိုရင်လည်း ပြနိုင်လာမှာပါ။

ငိုရင်းနို့တောင်းတတ်လာမှာဖြစ်သလို သေးစို ၊ ဝမ်းပါကိုလည်း ငိုပြီး အချက်ပေးမှာဖြစ်ပါတယ်။ မွေးကင်းစထက် နို့ကို အားပါပါနဲ့ ခပ်များများစို့လာနိုင်ပြီဖြစ်တဲ့ ဒီအရွယ်မှာ မွေးစက ကိုယ်အလေးချိန်ထက် (၆၀၀)ဂရမ် အနည်းဆုံး ပိုလာမှာဖြစ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like