Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှု – BurmeseHearts

ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှု

0

sweet baby

နောက်ပိုင်းပို့စ်တွေမှာ ကလေးငယ်တွေရဲ့  ဖွံ့ဖြိုးမှုအခြေအနေကို အဆင့်ဆင့် ရေးသားသွားမှာဖြစ်တဲ့အတွက် ကလေးငယ်တို့ရဲ့ ကိုယ်စိတ်ဖွံ့ဖြိုးမှု အမှန်ကို နားလည်ထားဖို့ အရေးကြီးတာမို့ ဒီပို့စ်ကို ရှေ့ပြေးအနေနဲ့ ရေးသား ဖော်ပြလိုက်ပါတယ်။

ယခုရေးသားမည့်ပို့စ်ဟာ ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး M.B.B.S., F.R.C.P.(E), D.C.H. မှတ်တမ်းလုပ်ပြီး ရေးသားဖော်ပြခဲ့တဲ့ ကလေးနှင့်အာဟာရစာအုပ်မှ ကလေးငယ်တို့၏ ကိုယ်စိတ်အမှန်ဖွံ့ဖြိုးမှုကို ဆရာကြီးရဲ့ အာဘော်အတိုင်း ကောက်နှုတ်ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

ကလေးတွေ ဘယ်အချိန်ကတည်းက စတင်ဖွံ့ဖြိုးလာခဲ့သလဲဆိုရင် မိခင်ဝမ်းထဲမှာ သန္ဓေတည်တဲ့အချိန်ကစပြီး တဆင့်ပြီးတဆင့် ဖွံ့ဖြိုးတိုးတက်လာတာဖြစ်ပါတယ်။ ကလေးတွေ ဖွံ့ဖြိုးကြီးထွားလာတာဟာ အစီအစဉ်အားဖြင့်တူပေမယ့် ကလေး တစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကတော့ မတူညီကြပါဘူး။

ဘာကြောင့် ကလေးဖွံ့ဖြိုးမှုတွေဟာ အစီအစဉ်အားဖြင့် တူသလဲဆိုရင် ကလေးတိုင်း ခေါင်းထောင်ပြီးမှ ထိုင်နိုင်လာကြတာဖြစ်ပါတယ်။ ခေါင်းမထောင်နိုင်သေးဘဲနဲ့ ကလေးဟာ မထိုင်နိုင်သေးပါဘူး။ တနည်းအားဖြင့် ဇက်မခိုင်သေးတဲ့ကလေးဟာ ခေါင်းထောင်တဲ့အဆင့်ကိုကျော်ပြီး ထိုင်နိုင်တဲ့အဆင့်ကို ခုန်မသွားပါဘူး။ ဒီအတိုင်းပဲ ထိုင်နိုင်ပြီးမှ လမ်းလျှောက်နိုင်မှာဖြစ်ပါတယ်။

ကလေး တစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးတိုးတက်မှုနှုန်း မတူဘူးဆိုတာကတော့ တချို့ကလေးတွေဟာ ဖွံ့ဖြိုးမှု အနည်းငယ်စောတာ ၊ အနည်းငယ်နောက်ကျတာတွေ ဖြစ်တတ်တယ်လို့ ဆိုလိုတာပါ။ ဥပမာ လေးလအရွယ်မှာ ကလေးဟာ ဇက်ခိုင်တယ်လို့ ယေဘူယျပြောပေမယ့် လေးလထက်စောပြီး ခေါင်းခိုင်လာတဲ့ကလေးရှိသလို လေးလထက် နောက်ကျပြီးမှ ခေါင်းခိုင်လာတဲ့ ကလေးလည်း ရှိနိုင်ပါတယ်။
BurmeseHearts Blog

တစ်လတည်း ၊ တစ်ရက်တည်း မွေးတဲ့ ကလေးချင်းအတူတူ ဖွံ့ဖြိုးမှုစောတာ ၊ နောက်ကျတာဟာ ကလေး တစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးမှုနှုန်း မတူညီကြလို့ဖြစ်ပါတယ်။

ကလေး တစ်ဦးနဲ့တစ်ဦး ဖွံ့ဖြိုးမှုနှုန်းတွေဟာ အောက်ပါအချက်တွေအပေါ် မူတည်ပြီးတော့ ကွဲပြားသွားကြတာဖြစ်ပါတယ်။

၁။ မိဘ မျိုးရိုးဗီဇ

၂။ ကလေးငယ်၏ ပင်ကိုစိတ် ဗီဇ

၃။ အာဟာရ

၎။ ပတ်ဝန်းကျင် အတွေ့အကြုံရရှိမှု

၅။ ရောဂါများ

ကလေးဟာ မိဘမျိုးရိုးဗီဇကြောင့် ဖွံ့ဖြိုးမှု မြန်တာ ၊ နောက်ကျတာ ဖြစ်နိုင်ပါတယ်။ မိမိရဲ့ ပထမကလေး ဖွံ့ဖြိုးမှုမြန်ရင် နောက်ကလေးတွေလည်း ဖွံ့ဖြိုးမှုနှုန်း မြန်နိုင်ပါတယ်။

တချို့ကလေးတွေကျတော့ ၎င်းတို့ရဲ့ ပင်ကိုစိတ်ဗီဇကြောင့် ဖွံ့ဖြိုးမှု နှေးတာ ၊ မြန်တာ ဖြစ်နိုင်ပါတယ်။ အဲဒီလိုကလေးတွေကတော့ လမ်းလျှောက်လိုစိတ် ၊ စကားပြောလိုစိတ်နည်းပြီး ပင်ကိုယ်စရိုက်ကြောင့် အထိုင် ၊ အထ ၊ အပြောအဆို နှေးတတ်ပါတယ်။

မိခင်ကိုယ်ဝန်ဆောင်ချိန်ကစလို့ ကလေးမွေးဖွားလာပြီး ကလေးရဲ့ဘဝတလျောက် အာဟာရဓါတ်ပြည့်ဝစွာ ရရှိမယ်ဆိုရင် ဖွံ့ဖြိုးမှု ပုံမှန်ဖြစ်နိုင်ပေမယ့် အာဟာရဓါတ်ချို့တဲ့ခဲ့မယ့်ဆိုရင်တော့ ကလေးရဲ့ဖွံ့ဖြိုးမှု နောက်ကျတတ်ပါတယ်။

တခါတရံမှာတော့ ကလေးဟာ ၎င်းရဲ့ပတ်ဝန်းကျင်ကြောင့် ဖွံ့ဖြိုးမှု နောက်ကျတာ ဖြစ်နိုင်ပါတယ်။ ကလေးတစ်ယောက် လမ်းလျှောက်ရမယ့်အချိန်မှာ လမ်းလျှောက်ခွင့်မပေးဘဲ လူကြီးမိဘနဲ့ အဘိုးအဘွားတွေက ချီထားမယ်ဆိုရင် ကလေးဟာ လမ်းလျှောက်တဲ့နေရာမှာ ဖွံ့ဖြိုးမှုနောက်ကျနိုင်ပြီး ကလေးစကားပြောရမယ့်အချိန်မှာ လူကြီးမိဘတွေက ကလေးကို မမြှူဘူး ၊ မပြောဘူးဆိုရင်လည်း စကားပြောတဲ့ဖွံ့ဖြိုးမှုဟာ ပုံမှန်ထက် နောက်ကျနိုင်ပါတယ်။

ကလေးဟာ အဆုတ်ရောဂါ ၊ အာဟာရချို့တဲ့ရောဂါ ၊ နှလုံးရောဂါ ၊ ဝမ်းတွင်းပါရောဂါနဲ့ ကူးစက်ရောဂါတွေကို ရက်ရှည်လများ ခံစားရရင် ကလေးရဲ့ဖွံ့ဖြိုးမှု နောက်ကျနိုင်သလို ကလေးမှာ နာတာရှည်ရောဂါရှိရင်လည်း ကလေးဟာ ဖွံ့ဖြိုးမှု နောက်ကျနိုင်ပါတယ်။

ဒီလို နောက်ကျနိုင်တာတွေဟာ နည်းနည်းနောက်ကျတာ စိုးရိမ်စရာမဟုတ်ပေမယ့် ပုံမှန်ဆို ခြောက်လအရွယ်မှာ ထိုင်ရမယ့်ကလေးဟာ ရှစ်လ ၊ ကိုးလ ရောက်တဲ့အထိ မထိုင်သေးဘူးဆိုရင်တော့ ပုံမှန်ထက် အတော်နောက်ကျနေပြီမို့ ကျွမ်းကျင်ရာ ကလေးဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးပြသသင့်ပါတယ်။

မိဘများသတိပြုရမှာက ကလေးရဲ့ ပုံမှန် ကိုယ်ကာယဖွံ့ဖြိုးတိုးတက်မှုဟာ စောပြီးဖွံ့ဖြိုးတာနဲ့ ကလေးရဲ့ အသိဥာဏ် ပိုထက်မြက်မှာမဟုတ်ဘဲ ကိုယ်ကာယဖွံ့ဖြိုးမှုနောက်ကျတဲ့ကလေးဟာ အသိဥာဏ်ထိုင်းမှိုင်းတာ မဟုတ်ပါဘူး။ ကိုယ်ကာယဖွံ့ဖြိုးမှု စောတာ ၊ နောက်ကျတာဟာ အသိဥာဏ် ထက်မြက်တာ ၊ ထိုင်းမှိုင်းတာနဲ့ မဆိုင်ပါဘူး။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like