Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ဇနီးကိုယ်ဝန်ဆောင်ချိန် ဆန္ဒမပြည့်သဖြင့် ဖောက်ပြန်သော ခင်ပွန်းများ နည်းစေဖို့ – BurmeseHearts

ဇနီးကိုယ်ဝန်ဆောင်ချိန် ဆန္ဒမပြည့်သဖြင့် ဖောက်ပြန်သော ခင်ပွန်းများ နည်းစေဖို့

0

နားလည်မှုကို အခြေခံသော ပျော်ရွှင်မှုသာတာရှည်ခံမည်။
နားလည်မှုကို အခြေခံသော အိမ်ထောင်ရေးပျော်ရွှင်မှုသာ တာရှည်ခံမည်။

ဤပို့စ်မှာ ဒေါက်တာမောင်မောင်ညို M.B.B.S (Ygn) Ph.D(Lond) M.A(Mich) FOMERAD(USA) ရေးသားပြုစုခဲ့တဲ့ သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ စာအုပ်မှ ကိုယ်ဝန်ဆောင်ကာလ၌ လိင်ဆက်ဆံမှု ခေါင်းစဉ်ဖြင့် ရေးသားထားသည်အား ကောက်နှုတ်ဖော်ပြလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဆေးပညာပါရဂူဘွဲ့ ရရှိခဲ့သော ဆရာကြီး ဒေါက်တာမောင်မောင်ညိုက ဇနီးကိုယ်ဝန်ဆောင်ချိန်တွင် ခင်ပွန်းနှင့် အတူနေထိုင်နိုင်မှု ရှိမရှိအား ရှင်းလင်းစွာ တိတိကျကျ ဖော်ပြထားသဖြင့် လူကြီးမိဘ ပြောစကား ၊ မိမိထင်မှတ်ယုံကြည်နေသော ယုံကြည်မှုတို့အား ဤပို့စ်ဖြင့် သံသယရှင်းစေခြင်းအလို့ငှါ ဖော်ပြခြင်းဖြစ်ပြီး တနည်းအားဖြင့် ဇနီးကိုယ်ဝန်ဆောင်ချိန် စိတ်ဆန္ဒမပြည့်လို့ ဖောက်ပြန်သော ခင်ပွန်းများ နည်းစေဖို့ ရည်ရွယ်ဖော်ပြခြင်း ဖြစ်သည်။

ကိုယ်ဝန်ဆောင်ကာလ၌ လိင်ဆက်ဆံမှု

အိမ်ထောင်သည်များက ကိုယ်ဝန်ဆောင်ကာလတွင် ဇနီးနဲ့အတူနေဆက်ဆံမှု ပြုနိုင် မပြုနိုင် သိလိုကြပါတယ်။ ပြုနိုင်က မည်သို့ ပြုနိုင်ကြောင်းလည်း သိလိုကြပါတယ်။ ဒါဟာ ဇနီးကိုယ်ဝန်လွယ် အိမ်ထောင်ရှင်တိုင်း ကြုံတွေ့ရသည့် ဒွိဟဖြစ်ပြီး နားလည်အောင် သက်သေသာဓကတို့ဖြင့် ဖြေရှင်းပြောပြနိုင်သူနည်းပြီး မလုပ်သင့်သောကိစ္စ ၊ လုပ်သူက အမှား ၊ တဏှာကြီးသူ ၊ ကိုယ်ဝန်ဖျက်သူဟု ယုံမှတ်မှားပြီး အိမ်ထောင်ရေးမှာ ပဋိပက္ခဖြစ်ကြတာပါ။ ဒီပဋိပက္ခကို ကျေလည်အောင် မဖြေရှင်းနိုင်ဘူးဆိုရင် ဇနီးကိုယ်ဝန်ဆောင်နေတဲ့ ဆယ်လတာကာလ နှင့် မီးဖွားပြီး အနည်းဆုံးတစ်လခွဲကို မအောင့်အီးနိုင်ကြတော့တဲ့ ခင်ပွန်းများဟာ အပြင်မှာ အပျော်ရှာကြပါတော့တယ်။

ဒီလိုအဖြစ်တွေ နည်းအောင်ဆိုရင် ကိုယ်ဝန်ဆောင် ဇီဝကမ္မသဘောတရားကို သိထားပါမှ နောက်ဆက်တွဲ လုပ်သင့် ၊ မလုပ်သင့်ဆိုတာကို လက်ခံယုံကြည်လာနိုင်မှာပါ။

BurmeseHearts Blog

ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ခြင်းသည် မမျိုးဥနှင့် သုတ်ကောင်တို့ မျိုးစပ်၍ အောင်မြင်လာသော သန္ဓေသားကို ထိုအမျိုးသမီး၏ သားအိမ်အတွင်း၌ (၉)လကျော် (၁၀)လ ၊ အတိအကျဆိုရသော ရက်ပေါင်း (၂၈၀) တိတိ လွယ်ထားရသော ကိစ္စဖြစ်ပါတယ်။ ထိုသို့ လွယ်ထားရတဲ့ ကာလတလျောက်မှာ မမျိုးဥ ထပ်ကြွေခြင်း မရှိတော့၍ နောက်ထပ် သန္ဓေသားရနိုင်ခြင်း ၊ ရာသီလာခြင်း မရှိတော့ပါ။

သန္ဓေကြီးထွားလာသလောက် သားအိမ်လည်းကြီးထွားလာပြီး အမျိုးသမီးအင်္ဂါများမှာ သန္ဓေသားနှင့်မိခင် နှစ်ဦးစလုံးအတွက် အလုပ်ပိုတွေ လုပ်ပေးရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းဟာ ယခင်ကကဲ့သို့ မောမောပန်းပန်း ၊ ပင်ပင်ပန်းပန်း မလုပ်နိုင်တော့ပါ။ ဒါ့အပြင် အာဟာရပြည့်ဝစွာစားရန်လိုအပ်ပြီး အာဟာရချို့တဲ့မှုမရှိအောင် ဂရုစိုက်ရပါတယ်။

အာဟာရပြည့်ပြည့်ဝဝ မစားတဲ့မိခင်လောင်းကြောင့် သူမမှာ အာဟာရချို့တဲ့ရောဂါ ၊ သွေးအားနည်းရောဂါများအပြင် ၎င်းရဲ့ကိုယ်တွင်းမှာ သွေးနဲ့ရေပမာဏ ပိုများလာပါတယ်။ ရေများလွန်းရင် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်တခုလုံး ဖောရောင်လာပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ပထမ သုံး ၊ လေးလ

ကိုယ်ဝန်ဆောင်မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်ကာ ပထမ သုံး ၊ လေးလအတွင်းမှာ ရေဝင်လာလို့ လိင်အင်္ဂါတွေ တောင့်တင်းလာပြီး ထိုဘက်၌ စိတ်တွေယခင်ကထက်ပိုတက်လာသည်ဟု ပညာရှင်များဆိုကြပါတယ်။ တင်းလာပေမယ့် နူးညံ့လာတဲ့ ထိုအင်္ဂါကတော့ နှစ်ယောက်စပ်ယှက်တဲ့အခါ ယခင်ကထက် ဇနီးမောင်နှံနှစ်ဦးစလုံးကို စိတ်ကျေနပ်မှု ရစေတယ်လို့လည်း တွေ့ရှိရပါတယ်။

ကိုယ်ဝန်ဆောင်ကာလ ငါးလ နှင့် ခြောက်လဝန်းကျင်

ကလေးလှုပ်တာကို စသိနိုင်ပြီဖြစ်တဲ့ ကိုယ်ဝန်ဆောင်ကာလ ငါးလဝန်းကျင်ရောက်လာရင်ဖြင့် မိခင်လောင်းတွေဟာ မိခင်စိတ်ဝင်လာလို့ လိင်ဘက်မှာ စိတ်ဝင်စားမှု လျော့နည်းသွားပါတော့တယ်။ ခင်ပွန်းဖြစ်သူ စိတ်ကျေနပ်အောင်လို့ အတူနေပေးရသည့်တိုင် သန္ဓေသားကို ထိခိုက်မလားဆိုတဲ့ စိုးရိမ်းစိတ်က ရှိနေပြီး ဗိုက်ကလည်းထွက်လာတဲ့အတွက် ထိုဘက်မှာ စိတ်မပါတော့ပါဘူး။

ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ဝန်းကျင်

ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ဝန်းကျင်မှာတော့ မိခင်ကိုယ်တွင်းမှာ ယခင်ကထက်ရေများလာပါတယ်။ လိင်အင်္ဂါတွေဟာ ပိုတင်းလာပေမယ့် အရမ်းနူးညံ့တဲ့အတွက် ဆက်ဆံတဲ့အခါ မိခင်လောင်းကို နာကျင်တဲ့ခံစားမှု ပေးပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ဆိုတဲ့ကာလမှာ သားအိမ်ခေါင်းနဲ့ ယောနိအင်္ဂါတွေက သန္ဓေသားအတွက် မွေးလမ်းကြောင်းဖြစ်နေပါတယ်။ ဒီအချိန်ဖခင်ရဲ့ အင်္ဂါအပါအဝင် ဘယ်ပစ္စည်းကိုပဲထည့်ထည့် မသန့်ရှင်းရင် ရောဂါပိုးထည့်သလို ဖြစ်သွားပါတော့တယ်။ ဒီတော့ မိခင်ဟာ မီးတွင်းထဲမှာ ဖျားနာတတ်ပါတယ်။

ဒါ့အပြင် ရေမြွှာဟာ သားအိမ်ခေါင်းထိပ်မှာ ပြူထွက်နေတဲ့အတွက် ဆက်ဆံရင်းအခန့်မသင့်လို့ ရေမြွှာပေါက်သွားတဲ့အခါ အချိန်မကျမီ ကလေးမွေးလာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ကာလ ခုနှစ်လ နှင့် ရှစ်လကျော်ကာလမှာ ဆက်ဆံတဲ့အခါ ဇနီးမောင်နှံနှစ်ဦးစလုံးကို ကျေနပ်မှုမပေးနိုင်ရုံအပြင် အခန့်မသင့်ရင် ဒုက္ခပေးနိုင်လို့ တတ်နိုင်သမျှ ရှောင်နိုင်ရင် အကောင်းဆုံး ဖြစ်ပါတယ်။

အကြိမ်အရေအတွက်

ကိုယ်ဝန်ဆောင်ကာလအတွင်း လိင်ဆက်ဆံမှုမှာ ကိုယ်ဝန်အနုအရင့်နဲ့ မိခင်လောင်းရဲ့ ဆန္ဒကိုလိုက်နာပါလို့ ဆရာကြီး ဒေါက်တာမောင်မောင်ညိုက သတိပေးထားပါတယ်။ ပညာရှင်တွေက ကိုယ်ဝန်ပထမ(၅)လအထိ တစ်ပတ်လျှင် တစ်ကြိမ် ၊ ကိုယ်ဝန်(၈)လအထိ တစ်လလျှင် သုံးကြိမ် ၊ (၉)လအထိ တစ်လလျှင် နှစ်ကြိမ် အများဆုံး ဆက်ဆံနိုင်ပြီး ကိုယ်ဝန်ဆယ်လအတွင်း ရောက်လရင်တော့ လုံးဝမဆက်ဆံသင့်ပါလို့ သတိပေးထားပါတယ်။

အထူးသဖြင့် စောစီးစွာ မိန်းမကိုယ်မှ သွေးဆင်းခြင်း ၊ စောစီးစွာ ကလေးမွေးဖွားခြင်း ၊ အချင်းအောက်ကျနေခြင်း မဖြစ်စေရန် ကိုယ်ဝန်လရင့်လာလျှင် ရင့်လာသလို မိမိ၏ကိုယ်ဝန်ကို ထိခိုက်မှုမရှိစေသော ပုံစံမျိုးဖြင့် ဇနီးမောင်နှံနှစ်ဦး ဆက်ဆံသင့်ပါတယ်။

သတိထားရမည်များ

အမျိုးသားအင်္ဂါ ယောနိအတွင်း နက်ရှိုင်းစွာ ဝင်နိုင်မည့် ပုံစံဖြင့်မပြုရ။

မိခင်လောင်းက အဓိကလှုပ်ရှားပေးရမည့် ပုံစံမျိုးမဖြစ်ရ။

မိခင်လောင်း၏အင်္ဂါကို အလွန်အကျွံ ပွတ်တိုက်လှုံ့ဆော်ခြင်း ၊ စိတ်ကျေနပ်မှုရအောင် ခင်ပွန်းသော်လည်းကောင်း မိမိကိုယ်တိုင်သော်လည်းကောင်း မပြုရ။ ပြုပါက သားအိမ်ရှုံ့၍ သားလျောနိုင်သည်။

ယောနိအတွင်း လက်မထိုးရတဲ့အပြင် ဆက်ဆံမှုမပြုမီ အမျိုးသားအင်္ဂါကို သန့်ရှင်းအောင် သေချာဆေးကြောပါ။

စိတ်လာသော ခင်ပွန်းကို ယောနိအတွင်း မထိုးသွင်းစေဘဲ ဖြေဖျောက်ပေးနိုင်မည့် နည်းလမ်းများကို ဇနီးက ပြုလုပ်ပေးပါမှ ကိုယ်ဝန်ဆောင်သည်အထိ ထူထောင်လာခဲ့သော အိမ်ထောင်ရေးဟာ ဆက်လက် မြဲမြံသာယာနိုင်မည်ကိုလည်း သတိချပ်သင့်သည်။

ရှောင်ကြဉ်ရန်မှာ ခင်ပွန်းကို တဏှာကြီးသူ ၊ စိတ်မထိန်းနိုင်သူဟု စွပ်စွဲခြင်းဖြစ်ပြီး အတူလဲမနေရ ၊ အပြစ်တင်လဲ ခံရသည့် ခင်ပွန်း၏ခံစားမှုကို စာနာ နားလည်ရမည်ဖြစ်သည်။

ခင်ပွန်းကလည်း ကိုယ်ဝန်သည်ဇနီးက မိမိဆန္ဒကို မလိုက်လျောနိုင်သည်မှာ မိမိကို မချစ်တော့လို့မဟုတ်ဘဲ မိမိတို့ရင်သွေးလေးပျက်စီးသွားမှာ စိုးစိတ်နှင့်ဆိုတာကို နားလည်သဘောပေါက်၍ မိမိ၏စိတ်ဆန္ဒကို အပျော်ရှာဖောက်ပြန်ခြင်းမပြုဘဲ မိမိဘာသာ စိတ်လျှော့ချနိုင်အောင် ကြိုးစားပါမှ သစ္စာရှိသော ၊ နားလည်တတ်သော ခင်ပွန်းကောင်းဖြစ်မည်။

ဗဟုသုတအတွက် စေတနာရှေ့ထားဖော်ပြခြင်းဖြစ်၍ ပို့စ်အောက်တွင် ရေးသားသည့် ညစ်ညမ်းသော Comment များအား ဖျက်ပစ်မည်ဖြစ်ကာ လိုအပ်ပါက Block လုပ်သွားမည်ဖြစ်သည်။ နားလည်မှုပေးခြင်းဖြင့် အားပေးပါ။

ရတု (Burmesehearts.com)

BurmeseHearts Courses

You might also like