Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
စီးတဲ့ရေ ဆည်တဲ့ကန်သင်း – BurmeseHearts

စီးတဲ့ရေ ဆည်တဲ့ကန်သင်း

0

ငွေစုကျင့်မရှိလျှင် အနာဂါတ်မရှိပါ။
ငွေစုကျင့်မရှိလျှင် အနာဂါတ်မရှိပါ။

အိမ်ထောင်တစ်ခုမှာ ဇနီးမောင်နှံနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာအပြင် အိမ်ထောင်တစ်ခု ပျော်ပျော်ရွှင်ရွှင် ခိုင်မြဲတည်တံ့ဖို့ အထောက်အပံ့တစ်ခုဖြစ်တဲ့ ငွေရှိဖို့ကလည်း အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အိမ်ထောင်တစ်ခု ထူထောင်မယ့် (လက်ထပ်လိုတဲ့) သမီးရည်းစားစုံတွဲတွေဟာ ငွေစုတဲ့အကျင့်ကို အိမ်ထောင်မပြုခင်ကတည်းက စလို့လေ့ကျင့်ယူရမှာဖြစ်ပါတယ်။

ဖြစ်နိုင်ရင် မိမိတို့စုဆောင်းထားတဲ့ငွေနဲ့ လက်ထပ်မယ် ၊ အိမ်ငှါးမယ် (သို့မဟုတ်) အိမ်ဝယ်မယ် ၊ အိမ်ထောင်ပစ္စည်း လိုအပ်တာတွေဝယ်မယ်ဆိုရင် အသိုင်းအဝန်းရဲ့ ပယောဂ (ထောက်ပံ့မှု) ကင်းကင်းနဲ့ မိမိတို့ရဲ့ အိမ်ထောင်တစ်ခုကို စနိုင်ပြီပေါ့။ မိဘတွေရဲ့ အထောက်အပံ့ကိုယူပြီး အိမ်ထောင်ပြုတဲ့သူတွေဟာ တချိန်မှာ အဲဒီလိုထောက်ပံ့ခဲ့တဲ့ မိဘတွေရဲ့ အိမ်ထောင်ရေး ဝင်ရောက်စွက်ဖက်မှုတွေကို ခံကြရနိုင်ပါတယ်။

မိမိတို့နှစ်ဦး စုဆောင်ငွေနဲ့သာ အိမ်ထောင်တစ်ခု သီးသန့်နေထိုင်ဖို့ စနိုင်ခဲ့တယ်ဆိုရင် ဒီစွက်ဖက်မှုတွေ အထိုက်အလျောက် ဟန့်တားနိုင်မှာဖြစ်ပါတယ်။ တချိန် ဝင်စွက်ဖက်လာတဲ့အခါမှာလည်း အိမ်ထောင့်အစကတည်းက နှစ်ဖက်မိဘအကူအညီ မယူခဲ့တာမို့ နှစ်ဖက်မိဘ မောင်ဖွားတွေရဲ့ ဝင်ရောက်စွက်ဖက်မှုကိုလည်း လိုအပ်ရင် လိုအပ်သလို ခပ်တန့်တန့်လေး တားနိုင်မှာ ဖြစ်ပါတယ်။ အမှီပြုပြီး စခဲ့တဲ့အိမ်ထောင်ရေးမှာ ကိုယ်မှီခဲ့တဲ့သူတွေရဲ့မျက်နှာကို ထောက်ထားနေရတာမို့ စွက်ဖက်မှု အတိုင်းအတာလွန်လာလည်း ပြောရခက်တယ်လေ။

အိမ်ထောင်တစ်ခုတည်ထောင်တော့မယ်ဆိုရင် မင်္ဂလာစရိတ် ၊ အိမ်ထောင်ခွဲနေသူတွေအတွက် အိမ်ငှါးခ ၊ အိမ်ထောင်ပရိဘောဂစိရိတ်တွေအပြင် အနည်းဆုံး နှစ်လစာ အိမ်ထောင်အသုံးစရိတ်လောက် ဖူဖူလုံလုံရှိပါမှ ယင်းအိမ်ထောင်အစခရီးမှာ ပျော်ရွှင်နိုင်မှာပါ။ ငှါးထားတဲ့အိမ်ပေါ်မှာ စားစရာမရှိရင် ဘယ်လိုလုပ်မလဲနော်။
BurmeseHearts Blog
အိမ်ထောင်တစ်ခုရဲ့ နှစ်ဦးဝင်ငွေကို ခင်ပွန်းဖြစ်ဖြစ် ၊ မိန်းမဖြစ်ဖြစ် တစ်ဦးတည်းဦးဆောင် ထိန်းချုပ်ကြီးကြပ်တဲ့အကျင့်ကို အိမ်ထောင့်အစကတည်းက ရှောင်ရမှာဖြစ်ပါတယ်။ ဘဏ်မှာစုရင် နှစ်ယောက်ဘဏ်စာရင်း (Joint Account) ဖွင့်ထားပြီး နှစ်ယောက်ဝင်ငွေမှန်သမျှကို ထိုဘဏ်စာရင်းမှာ ထည့်ထားသင့်ပါတယ်။ ဘဝတစ်ခုစာ အတူဝေမျှနေထိုင်ချင်လို့ အိမ်ထောင်တစ်ခု ထူထောင်ခဲ့တာမဟုတ်လား။

“စီးတဲ့ရေ ဆည်တဲ့ကန်သင်း” မှာ ဇနီးက အခရာကျလို့နေပါတယ်။ အိမ်ထောင်တစ်ခုရဲ့ အသုံးစရိတ်ငွေဟာ မီးဖိုချောင်စရိတ်မှာတင် အတော်ကုန်ကျလှတာမို့ ဇနီးဖြစ်သူက ငွေကို စိစိစစ်စစ် သုံးတတ်ဖို့ ၊ မလိုတာမှာမသုံးဘဲ လိုအပ်မှ သုံးတတ်ဖို့ဆိုတာတွေကို အိမ်ထောင့်အစမှာကတည်းက အကျင့်လုပ်ယူထားရမှာဖြစ်ပါတယ်။

ဝင်ငွေ ၊ ထွက်ငွေ မှန်သမျှကို မီးချောင်စရိတ် ၊ ဗာဟီရစရိတ် ၊ အဝတ်အထည်နဲ့ အခွန် ၊ ကျန်းမာရေးစရိတ် စသဖြင့် သီးသန့်စီခွဲပြီး စာရင်းလုပ်ထားနိုင်ရင် ဒီလတော့ ဘယ်နေရာမှာ အသုံးများသွားပြီဆိုပြီး နောင်လအတွက် အသုံးအစွဲ ပြန်စိစစ်သုံးစွဲနိုင်ပါတယ်။

ဒီလိုစာရင်းဇယားနဲ့ နှစ်ယောက်အသုံးစရိတ် ၊ အိမ်ထောင်တစ်ခုလည်ပတ်တဲ့စရိတ်တွေကို အနည်းဆုံး တစ်နှစ်လောက်အထိ စာရင်းအင်းလုပ်သွားနိုင်တဲ့အခါ နှစ်ယောက်လုံး အတိုင်းအထွာနဲ့ သုံးတဲ့အကျင့်ကို ရသွားပါတယ်။ ဒီတော့ လေသွားတဲ့ငွေတွေ နည်းလာပါတယ်။

ပုံမှန်အားဖြင့် ချစ်လို့ယူထားကြတဲ့ ဇနီးမောင်နှံအိမ်ထောင်ပြုစမှာ ဇနီးကလည်း ခင်ပွန်းစေရင် လိုက်နာချင်သလို ခင်ပွန်းကလည်း ချစ်ဇနီးပြောရင် နာခံချင်ကြတယ် မဟုတ်လား။ တကယ်ဆို ကိုယ့်အိမ်ထောင်မှာ စုဆောင်းငွေ ပိုခိုင်မာလာဖို့အတွက်ပဲလေ။ စုဆောင်းငွေခိုင်မာလာတဲ့အခါမှာ ကျန်းမာရေးချို့ယွင်းတာ ၊ ရင်သွေးယူတာ ၊ အရေးပေါ်သုံးရမယ့်ငွေတွေအတွက် ချေးငှါးရ ၊ လိုက်ရှာဖွေရတဲ့ဒုက္ခ ငြိမ်းသွားတာပေါ့။

ရတု (Burmesehearts.com)

 
BurmeseHearts Courses

You might also like