Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
ရှေးရိုးစွဲယုံကြည်မှုတိုင်းဟာ အမှန်တရားတော့ မဟုတ်ပါ – BurmeseHearts

ရှေးရိုးစွဲယုံကြည်မှုတိုင်းဟာ အမှန်တရားတော့ မဟုတ်ပါ

0

pregnancy
ကိုယ်ဝန်ရင့်လာရင် ဗိုက်အလယ်မှာ အညိုရောင်ရင့်ရင့်လိုင်း ဒေါင်လိုက်ပေါ်လာပါတယ်။

ဘာသာ ၊ လူမျိုးစုတိုင်းမှာ ရှေးစွဲယုံကြည်မှု ကိုယ်စီရှိကြတယ်။ ဒီယုံကြည်မှုတိုင်းဟာ အမှန်တရားတော့ မဟုတ်ပါဘူး။ ဥပမာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊ နို့တိုက်မိခင်တွေ ချဉ်ငန်စပ်တွေ မစားရဘူးလို့ မြန်မာနိုင်ငံမှာ ၊ တချို့ လူမျိုးတွေမှာ အယုံအကြည်ရှိပါတယ်။

စားတော့ဘာဖြစ်လဲ ။ ကိုယ်ဝန်ဆောင်ဆိုလို့ရှိရင် ကလေးကိုထိမယ် ၊ ကလေးဆံပင်ပါလာမှာ မဟုတ်ဘူးတို့ ဘာတို့ အစုံပေါ့။ အဲဒါကို မယုံပါနဲ့။ ကျွန်မက အပျိုကတည်းက ချဉ်ငန်စပ်ဆိုသိပ်ကြိုက်တာ ၊ ကိုယ်ဝန်ဆောင်တော့လည်း ဒါပဲ အာသီသရှိတယ်။ ခင်ပွန်းကတားတယ်။ တားမရတော့ ဗိုက်အပ်ထားတဲ့ ဆရာဝန်ကြီးနဲ့ တိုင်ပြီးတားတယ်။ ဆရာဝန်ကြီးက ဆန္ဒရှိရင် စားပါစေ။ ရပါတယ်တဲ့။ ဆရာဝန်ကြီးရဲ့စကားကြားတော့ ခင်ပွန်းကို ဘယ့်နှယ်ရှိစလို့ မျက်စပစ်ပြပြီး ကိုယ်စားချင်ရင် စားတာပဲ။ ကိုယ်ဝန်ဆောင်တဲ့ကာလတလျောက်လုံး ရေတော့ များများနဲ့မှန်မှန်သောက်တယ်။ မွေးလာတဲ့ကလေးဆိုတာ ဆံပင်ထူပြီးသန်နေတာပဲ။

ကျွန်မသူငယ်ချင်းကျတော့ အပူ ၊ အစပ် လုံးဝမစားတဲ့ နိုင်ငံခြားသူ မွေးလာတဲ့ကလေးကျတော့ ဆံပင်ကျဲပါးနေခဲ့တယ်။ အစပ်စားလို့ ကလေးဆံပင်မပါကြေးဆို ကျွန်မကလေး ဘာလို့ ဆံပင်တအားကောင်းနေခဲ့သလဲ။ ကျွန်မသူငယ်ချင်းရဲ့ ကလေးကျတော့ ဘာကြောင့် ဆံပင်ကျဲပါးနေခဲ့သလဲ။ ဒီအယူအဆ မမှန်လို့ပါ။

ဒီအယူအဆ မမှန်မှန်းသိလာတော့ မွေးပြီးနောက်မှာလည်း ကျွန်မဟာ မိခင်နို့သီးသန့် ကလေးကိုတိုက်ကျွေးနေပေမယ့် အချဉ်အစပ် အစားမပျက်ဘူး။ နည်းနည်းကနေ စမ်းစားကြည့်တယ်။ ကလေးဘာမှမဖြစ်တော့ နည်းနည်းချင်းစီ တိုးစားတယ်။ ကျွန်မကိုယ်တွေ့ပါ။ ကလေးဟာ တခါမှ ဝမ်းသွားတာမျိုး မကြုံခဲ့ရဘူး။ ဝမ်းသွားတယ်ဆိုတာ အစားအစာ မသန့်လို့ နဲ့ မသန့်စင်တဲ့လက်ကြောင့် ၊ ဝမ်းသွားစေတဲ့ပိုးဝင်သွားလို့ ဖြစ်တာပါ။

နောက်ဆုံး မိခင်ဝမ်းသွားသည့်တိုင် ရေအိမ်ကထွက်လာတဲ့ မိခင်ရဲ့လက်ကို သေချာသန့်စင်မယ်ဆိုရင် ကလေးဟာ မိခင်ဝမ်းသွားတိုင်း မသွားပါဘူး။ အမေက မုန့်ဟင်းခါးစားလို့ ကလေးဝမ်းသွားတာတို့ ၊ အမေပဲဟင်းစားသောက်မိလို့  ကလေးဝမ်းပျက်တာတို့ ဆိုတာလည်း မဆိုင်ပါဘူး။ ဒီအပိုင်းနဲ့ ပတ်သက်လို့ ဆရာဝန်ကြီးတွေရဲ့ အကြံပြုရေးသားဖော်ပြချက်ကို နောက်ပိုင်း ဖော်ပြပေးပါ့မယ်။

နောက်ပြီးရှိသေးတယ်။ ကိုယ်ဝန်ဆောင်တုန်း ဓါတ်ပုံမရိုက်ကောင်းဘူးတို့ (ဒီခေတ်မှာတော့ ဒီအယူအဆ လျော့နည်းလာပါပြီ) ၊ ကလေးပစ္စည်း ကြိုမစုကောင်းဖူး ကလေးတိမ်းပါးတတ်တယ်တို့ ဘာတို့ အမျိုးမျိုးပေါ့။

ခင်ပွန်းတနယ်ရပ်ခြားရောက်နေတဲ့ဇနီး ၊ ခင်ပွန်းဆုံးပါးသွားတဲ့ဇနီး ၊ တကောင်ကြွက် မိခင်လောင်းတွေဟာ သူတို့မှ ကလေးအတွက် ကြိုမဝယ်ထားရင် ဆေးရုံကဆင်းဆင်းချင်း မွေးကင်းစကလေးပိုက်ပြီး သွားဝယ်ရမှာလား။ မဟုတ်တာနော်။ ဒါကိုလည်း ကျွန်မ မယုံကြည်ပါဘူး။

ကျွန်မဟာ ကလေးအတွက် လိုအပ်တာတွေ ကြိုစုဆောင်းပါတယ်။ သတိရတုန်း ၊ ကြုံတုန်းစုထားမှ မွေးပြီးမှဆို ကလေးတာဝန်တဖက် ၊ မွေးကင်းစကလေးတဖက်နဲ့ ဘယ်ဝယ်အားမလဲ။ လူကြုံက ဝယ်ပေးသည့်တိုင် အရောင် ၊ အရွယ်အစား ၊ အမျိုးအစား ၊ ဈေးနှုန်း ၊ အရေအတွက် အရာရာ ကိုယ့်စိတ်တိုင်းကျ ဖြစ်ဦးမှ မဟုတ်လား။

ကလေးမမွေးခင် ပစ္စည်းကြိုစုလို့ ကလေးတိမ်းပါးကြေးဆို ကျွန်မကလေး အသက်ရှင်နေမှာ မဟုတ်ဘူးလေ။ ဒီလိုယုံကြည်မှုမျိုးတွေကို အနောက်နိုင်ငံတွေမှာ မတွေ့ရဘူး။ စင်္ကာပူမှာတောင် မတွေ့ရဘူး။ ဗိုက်လေးငါးလကတည်းက ကလေးပစ္စည်းတွေ လိုက်ဝယ်စုနေကြတာ။ ဒီအယူအဆသာမှန်ကြေးဆိုရင် မျိုးပြုတ်ပြီပေါ့။ ဒါကြောင့် ဒီအယူအဆဟာလည်း မမှန်ပါဘူး။

နောက် ကိုယ်ဝန်ဆောင်သည်တွေ ညဥ့်နက်သန်းခေါင် လမ်းမထွက်ကောင်းဘူးတို့ ဘာတို့ … ဒါလည်းမမှန်ဘူး။ တခါတလေ ကျွန်မက အိပ်မရတော့ ညဥ့်နက်သန်းခေါင်မှ ဟိုဟာစားချင် ၊ ဒီဟာစားချင် ဖြစ်တတ်တယ်။ ဒီတော့ ခင်ပွန်းနဲ့ နှစ်ယောက်ထွက်စားတာပဲ။ ဘာမှမဖြစ်ပေါင်။

ဒါကြောင့်မို့လို့ ရှေးရိုးစွဲယုံကြည်မှုတိုင်းဟာ အမှန်တရားမဟုတ်ဘူးလို့ ကျွန်မက သက်သေထူလိုက်ပါတယ်။ ကိုယ်ဝန်ဆောင်နေတုန်း စားချင်တဲ့ ကျန်းမာစေတဲ့အရာမှန်သမျှ စားပါ။ ရေများများသောက်ပါ။ ကိုယ်လက်လှုပ်ရှား မှန်မှန်လုပ်ပေးပါ။ စိတ်ဖိစီးမှုလျှော့ချပါ။

ရတု (Burmesehearts.com)

You might also like