Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မွေးကင်းစ ကလေးများ၏ စက္ခုအလင်း – BurmeseHearts

မွေးကင်းစ ကလေးများ၏ စက္ခုအလင်း

0

မွေးကင်းစကလေးတွေဟာ ခပ်ဝါးဝါးသာ မြင်နိုင်ကြတာပါ။
မွေးကင်းစကလေးတွေဟာ ခပ်ဝါးဝါးသာ မြင်နိုင်ကြတာပါ။

မွေးကင်းစကလေးဟာ မိခင်ကို ပြူးတူးကြောင်တောင်ကြီး ကြည့်နေတယ်ဆိုရင် မအံ့သြပါနဲ့။ သူတို့ရဲ့ စက္ခုအလင်းဟာ ပုံမှာပြထားသလို ခပ်ဝါးဝါးသာ မြင်နိုင်ကြတာ ဖြစ်တဲ့အတွက် ပိုမြင်နိုင်မလားလို့ ပြူးကြည့်ကြခြင်းသာ ဖြစ်ပါတယ်။ သူတို့ရဲ့အမြင်အာရုံဟာ တစ်နှစ်အတွင်း တိုးတက် ဖွံ့ဖြိုးလာပါတယ်။ တစ်နှစ်ဝန်းကျင်မှာတော့ ကျွန်ုပ်တို့ မြင်နိုင်သမျှနီးပါးကို သူတို့လည်း မြင်နိုင်ပြီပေါ့။

မွေးကင်းစကလေးတွေဟာ ကောင်းကောင်း မမြင်နိုင်သေးပေမယ့် မြင်ရသလောက်နဲ့ သူတို့ရောက်လာတဲ့ ပြင်ပလောက က အရာတွေကို သင်ယူပါတော့တယ်။ ဒါကြောင့်မို့ မျက်လုံးကောင်းကောင်း မမြင်နိုင်တဲ့ကလေးတွေ ၊ အမြင်အာရုံ ချို့ယွင်းနေတဲ့ မွေးကင်းစကလေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ နောက်ကျနေနိုင်ပါတယ်။ အမြင်အာရုံမကောင်းတဲ့ ကလေးသူငယ်တွေရဲ့ အခြေအနေကို မိဘတွေနဲ့ တတ်ကျွမ်းသူတွေက စောစော စမ်းစစ်သိနိုင်ပြီး အလင်းအာရုံကို တိုးတက်ဖွံ့ဖြိုးအောင် (လုပ်လို့ရရင်) စောစောလုပ်ပေးနိုင်တဲ့အခါ ကလေးရဲ့ ဖွံ့ဖြိုးမှုနောက်ကျမှာကို သိပ်မပူရတော့ဘူးပေါ့။
BurmeseHearts Blog

ကလေးမြင်မမြင်ကို မွေးကင်းစမှာ အလင်းရောင်နဲ့ ခွဲခြားသိနိုင်ပါတယ်။ မွေးကင်းစကလေးဟာ ကောင်းကောင်း မမြင်နိုင်သေးပေမယ့် အလင်းရောင် ၊ ပုံစံတွေ ၊ လှုပ်ရှားမှုတွေကိုတော့ ကောင်းကောင်း သတိထားမိပါတယ်။ ဒါကြောင့်မို့လို့ ကလေးရဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှု အထောက်အကူဖြစ်ဖို့ကို မိဘတွေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပံ့ပိုးမှုပေးနိုင်ပါတယ်။ ချူကလေးတွေ ၊ အရောင်ရင့်ရင့် တောက်တောက် ပစ္စည်းလေးတွေနဲ့ မြှူကစားရင်း ဆန်းစစ်နိုင်ကြပါတယ်။

ကလေးဟာ အမြင်အာရုံကောင်းရင် ပြတင်းပေါက် ၊ တံခါးပေါက်က အလင်းရောင်လာတာကို ကောင်းကောင်း သတိထားမိပါတယ်။ ဒီတော့ ပြတင်းပေါက်နားမှာ ကလေးနဲ့ရှိနေတဲ့အခါ ကလေးရဲ့ အမြင်အာရုံ ပြောင်းလဲမှု ရှိ ၊ မရှိ ဆိုတာကို ကလေးအုပ်ထိန်းသူက သတိထားပေးနိုင်ပါတယ်။

(၆)လအထိမှာမှ ကလေးရဲ့ အမြင်အာရုံဟာ တိုးတက်ဖွံ့ဖြိုးမှု မရှိဘူးဆိုရင် တတ်ကျွမ်းတဲ့ ကလေးအထူးကုဆရာဝန်နဲ့ အဖြေရှာသင့်ပါတယ်။ မိမိပေါ့ဆရင် ကလေးရဲ့ တသက်တာ ဘဝရှုံးရမှာပါ။

ဘယ်လိုပဲ အမြင်ဝေဝါးနဲ့ မွေးကင်းစဖြစ်ပစေ မိခင်ရဲ့ အသံနဲ့ တခြားသူအသံကို ခွဲခြားသိတတ်ပြီး မိခင်အသံကြားနေရတဲ့အခါ ကလေးဟာ လုံခြုံစိတ်ချမှုကို ခံစားရပြီး သူထိတ်လန့် ဝမ်းနည်းလို့ မိခင်ကိုလိုအပ်နေချိန်မှာ မိခင်အသံမကြားရရင် ကြီးစွာသော စိတ်ဖိစီးမှုကို ခံရတဲ့အတွက် ဝမ်းနည်းပက်လက် ငိုကြွေးတတ်ပါတယ်။ ဒါကြောင့် ကလေးငိုတဲ့အချိန်မှာ မိခင်က ချော့မော့ အသံပြုပေးပြီး သီချင်းညည်းတာလိုမျိုးဟာ ကလေးရဲ့ စိတ်ဖိစီးမှုကို လျော့ကျ သက်သာစေပါတယ်။

မွေးကင်းစကလေးဟာ ပါးစပ်နားရောက်လာတဲ့ အရာတွေကို မိခင်နို့မှတ်ပြိး လှမ်းဟပ်ငုံစို့တတ်ပေမယ့် မိခင်နို့နဲ့ တခြားနို့ရည်တွေကို ကောင်းကောင်းခွဲခြားတတ်ပါတယ်။

ရတု (Burmesehearts.com)

BurmeseHearts Courses

 

 

You might also like