Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
အရာရာဟာ ပြောင်းလဲနေတယ် – BurmeseHearts

အရာရာဟာ ပြောင်းလဲနေတယ်

0

အရာရာဟာပြောင်းလဲနေတယ်ဆိုတာတော့ သံသယဖြစ်ဖွယ်မလိုပါဘူး။ ကျွန်တော်တို့စတင်ထူထောင်ထားတဲ့ Burmese Hearts က ဒီလိုပြောင်းလဲမှုတွေကို အမီလိုက်နိုင်အောင် ကြိုးစားနေတဲ့ ဥပမာတစ်ခုလိုပါပဲ။ အလုပ်ထွက်ပြီး ချေးငွေ (သို့မဟုတ်) စုဆောင်းငွေတွေနဲ့ ရင်းနှီးမတည်ပြီး ကုမ္ပဏီသစ်တည်ထောင်ဖို့ ကျွန်တော်တို့လိုလူတွေက မရည်ရွယ်တော့ဘဲ ကိုယ်နိုးထနေတဲ့ အချိန်တွေထဲက အချိန်ပိုရအောင်လုပ်ယူပြီး အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြပါတယ်။ မိသားစုဝင်ငွေအတွက် သူများအလုပ်မှာ ဝင်ရောက်လုပ်ကိုင်နေပေမယ့် မိမိအနားယူရမယ့်အချိန်တွေမှာ မိမိအိမ်မက်ကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော်နိုင်ပါတယ်။ မိမိအလုပ်က ဝင်ငွေအရမ်းကောင်းနေတယ်ဆိုရင် မိမိအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မိမိရဲ့ငွေနဲ့ အခြားသူရဲ့အချိန်ကို ဝယ်ယူပြီး မိမိအစားလုပ်စေကာ မိမိအိမ်မက်အား မိမိဦးဆောင်မှုဖြင့် အကောင်အထည်ဖော်ယူနိုင်ပါသေးတယ်။

Burmese Hearts တည်ထောင်သူတစ်ဦးဖြစ်တဲ့ ကျွန်တော်ကတော့ မနက်၈နာရီကနေ (တခါတရံ) ည၁၀နာရီအထိ သူများကုမ္ပဏီမှာ အလုပ်လုပ်နေရသူတစ်ဦးပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အိမ်မက်ကို ရတဲ့အချိန်မှာ ရသလောက် အကောင်အထည်ဖော်ရင်း အိပ်ရေးမဝတဝ မျက်ဝန်းနီနီတွေနဲ့ နိုးထခဲ့ရတဲ့ရက်တွေဟာ (၅)နှစ်တာအတွင်း မနည်းမနောပါပဲ။

သေချာတာတစ်ခုကတော့ အချိန်ပြည့်ဝန်ထမ်းအလုပ်ကို တသက်တာမီပြီး မိသားစုဝင်ငွေရှာသွားတာမျိုး ကျွန်တော်မဖြစ်လိုပါဘူး။ အထက်အရာရှိတွေရဲ့ လက်အောက်မှာ အလုပ်လုပ်နေရတဲ့ ကျွန်တော့်ရဲ့လုပ်ငန်းခွင်မှာ ကျွန်တော်တကယ် ပျော်မွေ့ပါတယ်။ ဒါပေမယ့် ည(၁၀)နာရီကနေ မနက်(၁)နာရီအထိကိုတော့ ကျွန်တော့်အိမ်မက် အကောင်အထည်ဖော်ဖို့ ကျွန်တော်ကြိုးစားနေသူပါ။

ရုံးပိတ်ရက်လို့ ယူဆထားတဲ့ စနေ ၊ တနင်္ဂနွေနေ့တွေမှာတော့ အိပ်ချိန်(၈)နာရီလောက်ကလွဲပြီး ရေချိုးရင်းကပဲ ဘာလုပ်ရဦးမယ်လို့ တွေးတော ၊ အလုပ်လုပ်ရင်းစားသောက်လို့ ရုံးပိတ်ရက်များတွင် ကျွန်တော့်အိမ်မက်များကို အကောင်အထည် ဖော်နေသူပါ။ ကျွန်တော့်ဦးနှောက်က အားလပ်ရက်တွေမှာ အများသူငါတွေလို အနားယူဖို့ထက် ကျွန်တော့်ရဲ့ အိမ်မက်ကို ဘယ်လိုအသက်သွင်း အကောင်အထည်ဖော်ရမလဲလို့ ကြံစည်လုပ်ဆောင်နေမိပါတယ်။

Burmese Hearts မှနေ အွန်လိုင်းသင်ခန်းစာများ သင်ယူနိုင်တဲ့ အွန်လိုင်းသင်ခန်းစာများ တည်မီရာ နေရာတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ ခမ်းနားတဲ့ အဆောက်အဦတစ်ခုဖြစ်ဖို့ သဲပွင့်ပေါင်းများစွာ လိုအပ်ပါတယ်။ ကျွန်တော်ဟာလည်း ကျွန်တော့်အိမ်မက်များ အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေတဲ့ သဲတစ်ပွင့်ပါပဲ။

Burmese Hearts တည်ထောင်သူ နောက်တစ်ဦးဟာလည်း အားလပ်နေသူတစ်ယောက်တော့ မဟုတ်ပါဘူး။ အချိန်ပြည့် လုပ်စရာအလုပ်တွေ ပြည့်နေတဲ့သူတစ်ဦးပါ။ ကျွန်တော်တို့တွေဟာ မိတ်ဆွေတွေနဲ့တွေ့ဆုံပြီး ပျော်ပျော်ပါးပါး အနားယူကြဖို့နဲ့ အိပ်ချိန်အပြည့်အဝယူဖို့ကို မေ့ထားပြီး အိမ်မက်အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေကြသူပါ။

ဒါပေမယ့် ကိုယ့်ဇနီး ၊ သားသမီးတွေနဲ့ အတူအစာစား ၊ ဈေးအတူဝယ်ရင်း မိသားစုကိုလည်း အချိန်ဖဲ့ပေးလို့ မိသားစုတွင်း ပျော်ရွှင်သောဆက်ဆံရေးကိုလည်း တည်ဆောက်နေကြပါတယ်။ ကိုယ်ပိုင်အချိန်မှာတော့ မိမိအိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြသူပါ။ အနားမယူခဲ့ရတဲ့အချိန်တွေကို နောင်တရဖို့ထက် ငါတို့ဘာတွေ အကျိုးရှိရှိ လုပ်ကိုင်ခဲ့တယ်ဆိုတာကို ပီတိဖြစ်ပြီး ပိုအကျိုးရှိအောင် ဘာတွေလုပ်ကိုင်ရဦးမယ်ဆိုတာတွေကို အစီအစဉ်ဆွဲရင်း ဘဝမှာကျေနပ်နေကြသူပါ။

Burmese Hearts တည်ထောင်သူတွေမှာ တူညီတဲ့အိမ်မက်တစ်ခုရှိတယ်။ အဲဒီအိမ်မက်ကတော့ လူတွေရဲ့ စဉ်းစားတွေးခေါ်သုံးသပ်တတ်တဲ့ အသိဥာဏ်နဲ့ အသက်မွေးမှု အတတ်ပညာတွေ ၊ ဗဟုသုတတွေကို တစ်ဦးနဲ့တစ်ဦး ဝေမျှရင်း ၊ သင်ယူရင်း ပိုမိုအကျိုးရှိ အောင်မြင်သော လူ့ဘောင်အား တည်ဆောက်သွားကြဖို့ဖြစ်ပါတယ်။

You might also like