Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
သန်လုံးကောင်ရောဂါအကြောင်း – BurmeseHearts

သန်လုံးကောင်ရောဂါအကြောင်း

0

သန်လုံးကောင်ရောဂါဟာ ရောဂါခံစားနေရတဲ့ ကလေးငယ်ကို အာဟာရချို့တဲ့စေပါတယ်။ ရောဂါခံစားနေရတဲ့ ကလေးငယ်ဟာ ပုံမှန်စားသောက်ရက်နဲ့ ဘာကြောင့် အာဟာရချို့တဲ့လာရသလဲဆို ကလေးရဲ့ ဗိုက်ထဲမှာရှိနေတဲ့ သန်ကောက်တွေက ကလေးစားသမျှ အစာအာဟာရတွေကို အချောင်စားနေတဲ့အတွက် ကလေးဟာ အာဟာရချို့တဲ့လာရတာပါ။

သန်လုံးကောင်ဆိုတာဟာ မြန်မာနိုင်ငံမှာဆိုရင် လူကြီး ၊ လူငယ် ၊ ကလေးတွေမှာ ရှိနေနိုင်ကြပါတယ်။ အထူးသဖြင့် ကလေးတွေမှာ ပိုသိသာတတ်တာပေါ့။  ချမ်းသာ ၊ ဆင်းရဲမရွေး လူတန်းစားမျိုးစုံရဲ့ ဗိုက်ထဲမှာ သန်ကောင်တွေ ရှိနေနိုင်ပါလျက် လူတိုင်းဟာ သန်လုံးကောင်တွေ ဗိုက်ထဲရှိနေလို့ အာဟာရချို့တဲ့နေမယ်လို့ မဆိုလိုနိုင်ပါဘူး။

ဘာဖြစ်လို့လဲဆိုရင် ဗိုက်ထဲမှာရှိနေတဲ့ သန်လုံးကောင်အရေအတွက်အပေါ် မူတည်ပြီးမှ အာဟာရချို့တဲ့မှုဟာ ဖြစ်ပေါ်လာတတ်တာပါ။ ဗိုက်ထဲမှာ သန်လုံးကောင် တကောင်တလေရှိနေရုံက လူကိုဒုက္ခမပေးပေမယ့် အကောင်တရာလောက် ရှိနေပြီဆိုရင်တော့ ဒုက္ခပေးလာတော့မှာပေါ့။

သန်လုံးကောင်ရောဂါတွေ ဘယ်လိုကူးစက်ဖြစ်ပေါ်လာတတ်ပါသလဲဆိုရင် သန်ကောင်ဥကနေ ကူးစက်ဖြစ်ပေါ်လာတာပါ။ သန်လုံးကောင်ဥဆိုတာ သန်လုံးကောင်ရောဂါရှိတဲ့ လူတွေရဲ့မစင်ထဲမှာ ပါလာတယ်။ အထူးသဖြင့် ယင်လုံအိမ်သာမရှိတဲ့ နေရာတွေမှာ ၊ အလွယ်အလေးစွန့်လေ့ရှိတဲ့ နေရာတွေမှာ ၊ လမ်းကြားတွေမှာ သန်လုံးကောင်ရောဂါရှိတဲ့သူ စွန့်ခဲ့တဲ့မစင်ကြောင့် သံလုံးကောင်ဥတွေဟာ ဒီနေရာတွေမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကတဆင့် တခြားသူဆီကူးပါတယ်။

တကယ်လို့များ သန်လုံးကောင်ရောဂါရှိတဲ့ လူတွေရဲ့မစင်ကို မဆင်မခြင်စွန့်ပစ်မှုတွေကြောင့် ဒီမစင်ဟာ ခြောက်သွားခဲ့တယ်ဆိုရင်လည်း ခြောက်ပြီးအမှုန့်ဖြစ်သွားရာကနေ လေထဲကတဆင့် သန်လုံးကောင်ဥတွေ တခြားနေရာကို ရောက်သွားခဲ့ပါတယ်။ ဆော့ကစားနေကြတဲ့ ကလေးငယ်တွေဟာ ဒီလိုဖုန်တွေနဲ့အတူ ရှိနေရာက လက်မဆေးဘဲ အစာစားမယ်ဆိုရင် ဖုန်တွေကပ်နေခဲ့နိုင်တဲ့ လက်ကတဆင့် သန်လုံးကောင်ဥတွေ ပါးစပ်ထဲဝင်သွားခဲ့ပြီး သန်လုံးကောင်ရောဂါ ကူးစက်ခံကြရတာပါ။

လက်သည်းမှန်မှန်မညှပ်တဲ့ ကလေးတွေဟာ လက်သည်းကြားမှာ ကပ်နေတဲ့ ဖုန်တွေချေးတွေကြောင့် ဒီလက်နဲ့အစာစားတော့ ဖုန်မှာကပ်နေတဲ့ သန်လုံးကောင်ဥတွေဟာ ပါးစပ်ထဲကနေတဆင့် ဝမ်းဗိုက်ထဲ ရောက်သွားခဲ့ပါတယ်။ ဒါကြောင့် ကလေးတွေကို လက်သည်းမှန်မှန်ညှပ်ပေးဖို့ ၊ အစာမစားခင် လက်စင်ကြယ်အောင်ဆေးကြောဖို့ လူကြီးတွေက အကျင့်လုပ်ပေးရမှာပါ။

နေရာမရွေးနားတတ်တဲ့ ယင်ကောင်တွေကြောင့် ဒီယင်ကောင်တွေရဲ့ခြေထောက်မှာ သန်လုံးကောင်ဥတွေ ကပ်ငြိပါလာခဲ့မယ်ဆိုရင် ဒီယင်ကောင်နားခဲ့တဲ့ အစာတွေမှာလည်း သန်လုံးကောင်ဥတွေ ကပ်ငြိနေနိုင်တဲ့အတွက် ဒီအစာ စားမိသူတွေဟာ ဒီအစားအစာမှာ ကပ်ပါလာခဲ့တဲ့ သန်လုံးကောင်ဥတွေ ပါးစပ်ထဲကတဆင့် ဝမ်းဗိုက်ထဲရောက်ရှိသွားပြီး သန်လုံးကောင်ရာဂါဖြစ်ပါတယ်။

BurmeseHearts Blog

လူတွေ တဆင့်ကနေတဆင့် ပွားလာသော မှားယွင်းတဲ့အယူအဆဟာ ကလေးတွေကို အသား ၊ ငါးတွေကျွေးရင် သန်ထတယ်ဆိုတဲ့ အယူအဆပါပဲ။ သန်လုံးကောင်ရောဂါဟာ သန်ဥကနေ ဖြစ်တာမို့လို့ အသား ၊ ငါး ကလေးတွေကိုကျွေးလို့ ကလေးသန်ထတယ်ဆိုတာ မှန်နိုင်ပါ့မလား။ မှားယွင်းတဲ့အယူအဆပါ။

ဒီအယူအဆအမှားကို လက်ကိုင်ထားပြီး ကလေးသန်ရောဂါရှိဆို ကလေးသန်ထမှာစိုးလို့ဆိုပြီး ကလေးကို အသား ၊ ငါးတွေကျွေးတာ ဖြတ်တောက်လိုက်တဲ့အတွက် ကလေးဟာ ပိုလို့ အာဟာရချို့တဲ့လာရပါတယ်။ သန်ရှိလို့ အာဟာရတွေ မပြည့်မဝ ယုတ်လျော့နေပါတယ်ဆိုမှ အာဟာရဓါတ်ပြည့်ဝတဲ့ အသား ၊ ငါးတွေ စားခွင့်မရှိတော့ဘူးဆိုရင် ကလေးဟာ ပိုလို့ အားပြတ်မလာပေဘူးလားနော်။

ဒီလိုမှားယွင်းတဲ့ အယူအဆလက်ကိုင်ထားသော လူကြီးတွေက သန်ထတဲ့ကလေးကို အာဟာရပြည့်ဝတဲ့အစာတွေကျွေးရင် ဗိုက်ထဲက သန်ကောင်တွေဟာ ပိုအားရှိပြီး ကြီးထွားလာမယ်လို့ ယုံကြည်တဲ့အတွက် သန်ကောင်တွေ အာဟာရပြတ်အောင်ဆိုပြီး သန်လုံးကောင်ရောဂါ ခံစားနေရတဲ့ကလေးကို အစာကောင်းကောင်းမကျွေးတာ ၊ အစာဖြတ်တာပါ။ ဒီတော့ ကလေးလည်းအာဟာရပြတ် ၊ သန်လုံးကောင်လည်း အာဟာရပြတ် ၊ သန်လုံးကောင်လည်းမကြီး ကလေးဟာလည်း မကြီးထွားတော့ပါ။ အမှန်က သန်ကောင်မကြီးထွားအောင် ကလေးကိုအစာရေစာ ဖြတ်ဖို့မလိုဘဲ သန်ကောင်မရှိအောင် သုတ်သင်ရှင်းလင်းရမှာပါ။ တနှစ်တကြိမ် သန်ချဆေး မှန်မှန် တိုက်ကျွေးပါရင် ကလေးဟာ သန်လုံးကောင်တွေရဲ့ ဆိုးဆိုးရွားရွား နှိပ်စက်တဲ့ဒဏ်တွေကို မခံရတော့ဘူးပေါ့။

ရတု (Burmesehearts.com)

ကိုးကား – ကလေးအထူးကုသမားတော်ကြီး ဦးတင်ဦး (ကလေးနှင့်အာဟာရ)

You might also like