Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the publisher domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/burmesehearts/public_html/wp-includes/functions.php on line 6121
မီးဖွားပြီးစမိခင်သည် အကူအညီလိုသောသူဖြစ်သည် – BurmeseHearts

မီးဖွားပြီးစမိခင်သည် အကူအညီလိုသောသူဖြစ်သည်

0

မိသားစုရဲ့ ဆည်းလည်းလေး အိမ်ရောက်ရှိလို့လာ
မိသားစုရဲ့ ဆည်းလည်းလေး အိမ်ရောက်ရှိလို့လာ

ဆေးရုံကဆင်းလို့ အိမ်ပြန်ရောက်လာတဲ့ ကလေးမီးဖွားပြီးစမိခင်ဟာ မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေများရဲ့ အကူအညီများစွာ လိုအပ်ပါတယ်။ သားဦးမီးဖွားလာသည့် မိခင်တွေအဖို့ မိမိကောင်းစွာ ထူထူထောင်ထောင်ဖြစ်လာဖိုနဲ့ ဒီအတောအတွင်း ကလေး နဲ့ မိမိရဲ့ ဝေယျာဝစတွေအတွက် မိသားစုရဲ့ အထောက်အပံ့များစွာ လိုအပ်သည်။

မွေးကင်းစကလေးငယ်အတွက် မိခင်ရဲ့  သဘာဝနို့ချိုက အကောင်းဆုံးဖြစ်ရာ မွေးကင်းစကလေးအတွက် မိခင်နို့ထက် ပို၍ကောင်းမွန်သော အစာအာဟာရ မရှိပါ။

မိခင်တစ်ဦးရဲ့ စိတ်ရှည်သည်းခံနိုင်မှု ၊ သားသမီးအပေါ် ထားရှိသော ချစ်ခြင်းမေတ္တာ ၊ မိမိဆန္ဒထက် သားသမီးအတွက် ဖြည့်ဆည်းပေးနိုင်မှု စတာတွေဟာ ကလေးမွေးကင်းစအချိန်မှာ ပေါ်လာပါတော့တယ်။ ဒါ့အပြင် ဖခင်တစ်ဦး၏ ချစ်ခြင်းမေတ္တာဆိုတာကိုလည်း ဇနီးကို နားလည် ၊ အားပေးကူညီမှု ၊ အိမ်မှုကိစ္စနှင့် သန့်ရှင်းရေးကိစ္စကူနိုင်မှု (ကူညီနိုင်သူအား ခေါ်ပေးထားနိုင်မှု) ၊ ကလေးငိုလို့ အိပ်ရေးပျက်ရတဲ့ညတွေကို သည်းခံနိုင်မှုမှာလည်း ပေါ်လွင်လာပါတော့တယ်။

ကလေးရဲ့သေးငယ် နုနယ်သေးတဲ့ အစာအိမ်ကလေးက လူကြီးတွေလို အစာများများ သိုလှောင်ပြီး အစာမချက်ပေးနိုင်သေးတော့ မွေးကင်းစကလေးကို နှစ်နာရီမှ သုံးနာရီခြား (ပုံမှန်အားဖြင့် နှစ်နာရီခြားတစ်ခါ) ဆိုသလို မိခင်က နို့ချိုတိုက်ကျွေးရတာပါ။

နှစ်နာရီပြည့်လို့ နို့တိုက်ရမယ့်အချိန်မှာ ကလေးအိပ်ပျော်နေတဲ့တိုင်အောင် နှိုးပြီးတိုက်ရမယ်လို့ ကျွန်မကို ဆေးရုံက ညွှန်ကြားခဲ့ဖူးပါတယ်။ ကလေးရဲ့အစာအိမ်ဟာ နုနယ်သေးတော့ အစာမရှိဘဲ အထဲမှာ အစာချေဖျက်စနစ်က အလုပ်လုပ်နေရင် ကလေးရဲ့ နုနယ်တဲ့အစာအိမ်ကို ထိခိုက်မှာစိုးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လူအိပ်နေပေမယ့် ကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေက သူ့ဟာသူ မနားတမ်း အနှေးနဲ့အမြန်ဆိုသလို အလုပ်လုပ်နေကြတာ မဟုတ်လား။ ကလေးရဲ့ အစာအိမ်က ကလေးအိပ်နေလို့ အလုပ်မလုပ်ဘဲ ငြိမ်နေတာမဟုတ်ဘူးလေ။

နေ့လည်ပိုင်းမှာ သိပ်ကရိကထ မများပေမယ့် ညပိုင်းဆို နို့တိုက်တဲ့မိခင်လည်း အိပ်ရေးပျက် ၊ မနက်အလုပ်သွားမယ့် ကလေးဖခင်လည်း အိပ်ရေးပျက် ၊ ကလေးငိုသံကြားတဲ့ အိမ်ရှိလူကုန်လည်း အိပ်ရေးပျက်ကြမှာပါ။။ ဗိုက်ဆာလို့ငိုပြီးအချက်ပြတဲ့ ကလေးကိုတော့ အပြစ်တင်လို့မရဘူးလေ။ နှစ်နာရီခြားတစ်ခါ သံပတ်ပေးပြီး ပုံမှန်နို့တိုက်နိုင်ဖို့ သတိထားရပါမယ်။

နေ့လည်ပိုင်းမှာ ကလေးက နို့ဝလို့အိပ်သွားရင် ကလေးကို မိခင်နဲ့ ခွဲသိပ်သည့် မိခင်များအဖို့ အခြားတစ်ယောက်က ကလေးသိပ်ဖို့ယူသွားလျှင် မိမိပြန်မှေးအိပ်ဖို့ အချိန်ရပါတယ်။ ညဘက်ဆိုရင် နို့တိုက်ပြီး ကလေးအိပ်မောကျသည်အထိ ကိုယ်တိုင် ချီသိပ်ပြီးမှ မိခင်ကအိပ်ရပါလျှင် ကလေးချသိပ်ပြီးလို့မှ ကိုယ်အိပ်ဖို့အားယူချိန် ၊ မှေးမှေးလေးပျော်ချိန်မှာ နောက်တစ်ကြိမ် နို့တိုက်ရမယ့်အချိန် ရောက်လို့နေပါပြီ။ ဒါကြောင့်မို့လို့ မွေးကင်းစကလေးတွေရဲ့ မိခင်တွေအဖို့ ညစဉ်အိပ်ရေးပျက်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း နို့တိုက်မိခင်ဖြစ်တဲ့အတွက် အဲဒီကရိကထတွေ ခံခဲ့ပါတယ်။

တစ်ယောက်တည်း ကိုယ်ခွဲမရှိတဲ့ မွေးကင်းစကလေး မိခင်များအဖို့ နေ့ဖက်မှာလည်း ကလေးဗာဟီရလုပ် ၊ ညဘက်မှာလည်း ကလေးနို့တိုက် ချော့သိပ်လုပ်ရင်း မိခင်ဟာ ကောင်းစွာအနားယူ အိပ်စက်ဖို့အချိန်ရှားလာပါတော့တယ်။ ဒါကြောင့် မီးဖွားပြီးစ မိခင်တွေဟာ မိသားစု သို့မဟုတ် အိမ်အကူများရဲ့ အကူအညီလိုနေပါတယ်။

ကလေးနို့တိုက်ပုံ အမျိုးမျိုးရှိသည့်အနက် မိမိအား နေ့ရောညပါ ကူနိုင်မည့်သူ ရှားသူများအတွက် အိပ်ရာပေါ်တွင် ဘေးတစောင်းလှဲရင်း ကလေးနို့တိုက်သည့်ပုံစံသည် အကောင်းဆုံးဖြစ်သည်။ ထိုအခါ နို့ဝသည့်ကလေးလဲအိပ် ကိုယ်လည်းအိပ် လုပ်၍ရသဖြင့် ညစဉ်ရက်ဆက် အိပ်ရေးပျက်သည့်ဒဏ်တော့ မခံရတော့ပေ။ သို့ပေမယ့် ကလေးဟာ မိခင်နှင့်အိပ်သည့်အကျင့် စွဲသွားနိုင်ကာ အိပ်ယာခွဲအိပ်သည့်အခါ မိခင်ရော ကလေးပါ အနည်းငယ်တော့ ခက်လိမ့်မည်။

မီးဖွားပြီးစမိခင်တစ်ဦး ကောင်းမွန်စွာအနားယူရန် နေ့ပိုင်းတွင် ရနိုင်သမျှအချိန်ယူ၍ အနားယူပါ။ ကလေးမှေးအိပ်ချိန် ကိုယ်ပါမှေးအိပ်နိုင်ဖို့ ကြိုးစားပါ။

ရတု (Burmesehearts.com)

BurmeseApp on Google Play

You might also like

Leave A Reply

Your email address will not be published.

This site uses Akismet to reduce spam. Learn how your comment data is processed.